NEWS

ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား၁၅ဦးခန့် ဒဏ်ရာရ

CoverLogo
233 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် သီရိရာချာမြို့နယ်အတွင်း စက်ရုံကြိုပို့ယာဉ်တစ်စီး တိမ်းမှောက် မှု ကြောင့် ကားပေါ်ပါလာတဲ့ လုပ်သားတွေထဲမှ မြန်မာလုပ်သား၁၅ဦး ခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
 
ဒီကနေ့ မနက် ၈နာရီခန့်မှာ အလုပ်သမားတွေကို တင်ဆောင်လာတဲ့ အမိုးတပ်ဆင်ထားတဲ့ ပစ်ကပ်ကားတစ်စီးဟာအရှိန်လွန်ပြီး လမ်းမပေါ်မှာ ဘေးတိုက်လဲလျက် တိမ်းမှောက် မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
 
၎င်းကားပေါ်တွင် မြန်မာအလုပ်သမား၂၀ဦးခန့် တင်ဆောင်လာပြီး အခြားယာဉ်တစ်စီးကို ရှောင်တိမ်းရာကနေ လမ်းဘေး သို့ ကျော်တတ် ကာ တိမ်းမှောက်ခဲ့ ပြီး မြန်မာအလုပ်သမား ၁၅ဦး ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာ ရသူ အများစုမှာ ဦးခေါင်း၊ လက်မောင်းနဲ့ ခြေထောက် တွေ မှာ ထိခိုက်ဒဏ်ရာ တွေ ရခဲ့တာကြောင့် ကယ်ဆယ်ရေး အဖွဲ့ တွေ က ရှေးဦးပြုစုခြင်းနဲ့ ဆောင်ရွက် ပြီးနောက် အနီးရှိSomdet Sriracha ဆေးရုံနဲ့ Laem Chabang ဆေးရုံတွေဆီ အရေးပေါ် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
လတ်တလောမှာတော့ ရဲတပ်ဖွဲ့က အမှုမှန်ပေါ်ပေါက်ဖို့နဲ့ တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် ဆက်လက်စစ်ဆေးနေတယ်လို့သတင်းမှာ ဖော်ပြပါတယ်။
 
Ref-Khaosod Thai

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026