NEWS

ချေးငွေနောက်ကျမှု့ ကုမ္ပဏီကိုယ်စားသွားရောက်ညှိနှိုင်းပေးတဲ့ ဝန်ထမ်းအသတ်ခံရ

CoverLogo
27K Views

ချေးငွေနောက်ကျနေတဲ့ Customer ကိုကုမ္ပဏီကိုယ်စားသွားရောက်ညှိနှိုင်းပေးတဲ့စတာပနာအသေးစားချေးငွေလုပ်ငန်းမှ Loan Officer တဦးအသတ်ခံလိုက်ရတယ်လို့သိရပါတယ်။

စတာပနာကုမ္ပဏီရုံးခွဲတခုဖြစ်တဲ့ သထုံမြို့နယ်ရုံးခွဲအတွက်ဘီးလင်းမြို့နယ်က ခဲမောက်ရွာမှာငွေချေးထားတဲ့အမျိုးသမီးပေးသွင်းရမယ့်ရက်ထက်နောက်ကျနေတဲ့အတွက် ကုမ္ပဏီကိုယ်စားသွားရောက်ညှိနှိုင်းပေးစဥ် အဆိုပါအမျိုးသမီးရဲ့ယောကျာ်းဖြစ်သူကသတ်ဖြတ်ပစ်ခဲ့တာလို့ကိုအောင်သီဟရဲ့မိတ်ဆွေတွေကပြောပါတယ်။

"ကျူးလွန်သူရဲ့အမျိုးသမီးကကိုအောင်သီဟရဲ့မိဘတွေကိုဖုန်းဆက်တယ်သူ့ယောကျာ်းကလုပ်ပြီးအိမ်အောက်နားမှာပဲမြှုပ်ထားတယ်ပေါ့ ၁၂ရက်နေ့ည၈ခွဲလောက်မှာ သူ့မိဘတွေဆီကိုဆက်ပြီးပြောတာအလောင်းပြန်ရတာ ၁၃ရက်နေ့မှရတာ ဇက်ကိုခုတ်ထားတာသူစီးတဲ့ဆိုင်ကယ်လဲသတ်လိုက်တဲ့အမျိုးသားစီးပြီးပြေးသွားတယ်လို့သိရတယ်သူ့မိန်းမကလဲတနေရာမှာခွဲပြေးနေတာပေါ့"လို့ကိုအောင်သီဟအသတ်ခံရတဲ့အခြေအနေကိုသူ့ရဲ့လုပ်ဖော်
ကိုင်ဖက်ဟောင်းတဦးဖြစ်တဲ့ကိုဇွဲကပြောပါတယ်။

လူသတ်မှု့ကျူးလွန်တယ်လို့ယူဆရသူရဲ့အမျိုးသမီးဖုန်းနဲ့ဆက်သွယ်ပြောကြားမှု့အရကိုအောင်သီဟနေအိမ်သို့ရောက်လာစဥ်သူမကဖျားနာနေတဲ့အတွက်သူမ၏အမျိုးသားနဲ့သာစကားပြောရန်ပြောဆိုခဲ့ပြီးနောက်မှာသူမ၏အမျိုးသားကကိုအောင်သီဟကိုဆိုင်ကယ်ဘယ်လောက်တန်လဲမေးမြန်းကြောင်း၊ထိုသို့မေးမြန်းပြီးသိပ်မကြာခင်ဓါးဖြင့်ခုတ်တဲ့အသံများကြားရကြောင်း၊ သူမယောကျာ်းအိမ်ပေါ်တက်လာပြီးလက်လွန်သွားပြီလို့ပြောဆိုကြောင်း၊ထို့နောက်ကိုအောင်သီဟရဲ့အလောင်းကိုခြံဝန်းထဲမှာပဲဖုံးဖိပြီးထားခဲ့ကာ သူမ၏အမျိုးသားဖြစ်သူမှာ ကိုအောင်သီဟစီးနင်းလာတဲ့ ဆိုင်ကယ်ကိုစီးနင်းပြီးထွက်ခွာသွားကြောင်း၊ သူမကိုလဲဘယ်သူ့မှမပြောဆိုဖို့ခြိမ်းခြောက်ထားတဲ့အတွက်သူမယောကျာ်းထွက်ခွာသွားမှသာဘေးလွတ်ရာထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။

ကိုအောင်သီဟသေဆုံးမှု့ကိုကုမ္ပဏီဖက်ကသာမန်သေဆုံးမှု့တခုလိုသာဝန်ထမ်းတွေကိုအသိပေးခဲ့ပြီးတော့ကိုအောင်သီဟဖြစ်စဥ်ကိုလူမှု့ကွန်ယက်စာမျက်နှာတွေမှာမဖြန့်ဝေဖို့မဖော်ပြဖို့လည်းဖိအားပေးထားတယ်လို့သိရပါတယ်။

"ဒီနေ့မနက်မှလူသိတအားများသွားလို့အထူးဝမ်းနည်း ကြေကွဲခြင်းဆိုပြီးတင်ထားတယ် ဒီနေ့တော့သူတို့ကုမ္ပဏီဖက်က ကိုအောင်သီဟတို့မိသားစုတွေဆီသွားမယ်လို့ပြောတယ် ကျတော်တို့ကတော့ဒီကိစ္စမှာကုမ္ပဏီဖက်ကတာဝန်ယူမှု့တာဝန်ခံမှု့ကိုစောင့်ကြည့်နေတယ်"လို့ကိုဇွဲကဆက်ပြောပါတယ်။


စတာပနာကုမ္ပဏီဖက်ကဝန်ထမ်းတွေအပေါ်အရင်ကထဲကလုပ်ငန်းနဲ့ပတ်သတ်ပြီးဖိအားပေးတာတွေရှိနေပြီးတော့ ယခုဖြစ်စဥ်ဟာလဲချေးငွေကျရေးနဲ့ကုမ္ပဏီပုံရိပ်မထိခိုက်ရေးကိုသာကြည့်တဲ့ကုမ္ပဏီကြောင့်ဖြစ်ရတာလို့ကုမ္ပဏီရဲ့ဝန်ထမ်းဟောင်းတဦးကသုံးသပ်ပြောဆိုပါတယ်။

"ကျတော့်သူငယ်ချင်းကအေးအေးလေး ခုသတ်လိုက်တဲ့သူနဲ့ကလဲဘာရန်ညှိုးရန်စမှမရှိဘူး ခုဖြစ်သွားတဲ့ရွာကလဲ အစွန်အဖျားနေရာကုမ္ပဏီရဲ့ဖိအားကြောင့်သာအခုလိုသွားရင်းဖြစ်သွားတာ"လို့ကိုဇွဲကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ကိုဗစ်ကာလကြားထဲမှာ Aeon တို့လိုအသေးစားချေးငွေလုပ်ငန်းတွေရပ်တန့်ခဲ့ပေမယ့် စတာပနာတို့လိုအသေးစားငွေချေးလုပ်ငန်းတွေကတော့ငွေချပေးတာတွေဝန်ထမ်းတွေနဲ့ငွေကြေးကောက်ခံတာတွေပြုလုပ်နေဆဲပါ။

"ကျမတို့ဆိုဒီလိုကာလကြီးတောင်မှချောင်ကြိုချောင်းကြားလိုက်ကောက်နေရတာဘယ်တော့အသတ်ခံရမလဲမသိဘူး ကုမ္ပဏီဖက်ကလဲကွေအကြေကောက်ဖို့မတရားဖိအားပေးတယ် ပြည်သူတွေကလဲဒီကာလမှငွေလေးတသောင်းနှစ်သောင်းတောင်မလွယ်ဘူး ကျမတို့အောက်ခြေဝန်ထမ်းတွေပဲကြားထဲကစိတ်ရောလူပါပင်ပန်းရတယ်"လို့ရန်ကုန်မြို့ရှိအသေးစားချေးငွေလုပ်ငန်းတခုမှာလုပ်ကိုင်နေတဲ့မရူပါက MLN ကိုပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းကလဲမိတ္ထီလာမှာချေးငွေလုပ်ငန်းမှအမျိုးသမီးတဦးချေးငွေကောက်ခံပြီးပြန်လာစဥ်လူသတ်လုယက်ခံရမှု့ဖြစ်ပွားခဲ့ပြီး ပဲခူးမြို့ရှိအသေးစားချေး ငွေလုပ်ငန်းမှအမျိုးသားနှစ်ဦးလည်းဘုရားကြီးနားမှာချေးငွေထွက်ကောက်စဥ် စစ်တပ်ရဲ့ပစ်ခတ်မှု့ကြောင့်သေးဆုံးခဲ့ကြပါသေးတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026