NEWS

ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမား တောင်းဆိုမှု အောင်မြင်စွာ ပြီးဆုံး

CoverLogo
763 Views
 
Adidas တံဆိပ် ဖိနပ်တွေ ချုပ်လုပ်နေတဲ့ ချန်းရိ Tsang Yih စက်ရုံလုပ်သားတွေ တောင်းဆိုထားတဲ့ အချက်တွေ အားလုံးနီးပါး လိုက်လျော အလုပ်သမားတွေရဲ့ တောင်ဆိုမှု အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးခဲ့ပြီလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ဒေးကြေးကို ၅၂၀၀ ကနေ ၆၀၀တိုးပေးပြီး ၅၈၀၀ ။ ထောက်ပံကြေးတိုးပေးတာ ၃၈၀၀ ပါ။ အစိုးရ ထောက်ပံကြေး ၂၀၀၀ ၊ ဆန်ဖိုးဆီဖိုးက ၄၀၀ ကို အရင်တိုင်းပေးမှာ ဆိုတော့ ဒေးကြေး စုစုပေါင်း ၁၂၀၀၀ ရသွားတာပေါ့။ ဒီမနက်တောင်းထားတဲ့ အချက်ငါးချက်ထဲက တောင်းဆိုမှု လုပ်တဲ့ ၇ ရက်ထဲက ၄ ရက်ကိုတော့ ဒေးကြး မရဘူး။ ဒါလေးပါပဲ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မေလ ၁၄ ရက်မှာ လုပ်ခ ဒေးကြေး တိုးမြှင့်ပေးဖို့ ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံအလုပ်သမားတွေက အလုပ်ရုံအတွင်း စတင် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တောင်းဆိုမှု ပြုလုပ်ချိန်အတွင်း စက်ရုံဘက်က ဒေးကြေး ကျပ် ၉၀၀ တိုးပေးမယ်ဆိုပြီး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ အဲဒီ သဘောတူညီချက်ကို အလုပ်သမားတွေဘက်က လက်မခံနိုင်တာကြောင့် တောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပါတယ်။
 
တောင်းဆိုမှုမှာ အလုပ်သမား ၆၀၀၀ ကျော်ပါဝင် ရက်ပေါင်း ၇ ရက်ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။ “ညီမတို့ အလုပ်သမားတွေ ဝမ်းသာနေ ကြ တယ်။ မနက် ၇ နာရီခွဲဆို အလုပ်ဝင်ကြတော့မှာ ။” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
ချန်းရိ(Tsang Yih) ဖိနပ်စက်ရုံမှာ အလုပ်သမား ၆၂၀၀ ကျော်လုပ်ကိုင်နေပြီး စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန်အပိုင်း ၂ မှာဖွင့်လှစ်ထားပါတယ်။
 
Adidas ဖိနပ်ချုပ်တဲ့ သာဓုကန်စက်မှုဇုန်က Myanmar Pon Chen စက်ရုံအလုပ်သမားတွေကလည်း ဒေးကြေးကျပ် ၁၃၀၀၀ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပြီး ညှိနှိုင်းမှုပြုလုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026