NEWS

ချင်းမိုင်တွင် အလုပ်ပါမစ်မရှိသည့်အတွက် မြန်မာဆိုင်ရှင်နှင့်အလုပ်သမားများ အဖမ်းခံရ

CoverLogo
526 Views
 
ထိုင်းနိုင်ငံ ချင်းမိုင် မြို့ ရှိ မြန်မာစားသောက်ဆိုင် ပိုင်ရှင်နဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၅ဦးတို့ကို အလုပ် ပါမစ်မရှိတဲ့ အတွက် ဖမ်းဆီးခဲ့တယ်လို့ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
 
ချင်းမိုင်မြို့နယ် အတွင်း နိုင်ငံခြားသား များ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိပြီးနောက် မေလ ၂ရက်နေ့ က စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
စစ်ဆေးမှုအရ မြန်မာနိုင်ငံသား အလုပ်ရှင်တစ်ဦးနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား၅ ဦး တို့မှာ နိုင်ငံခြားသားများ အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်တဲ့ အတွက် အခုလို ဖမ်းဆီးခဲ့တာလို့ သတင်းထုတ်ပြန်ထားပါတယ်။
အဖမ်းခံရတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သား၅ဦးထဲ မှ ၂ဦးမှာလည်း စားသောက်ဆိုင် တွင် စားပွဲထိုးနဲ့မီးဖိုချောင်တွင် အချက်အပြုတ် လုပ်တာမှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်တယ်လို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် နိုင်ငံခြားသားအလုပ်သမားများ စီမံခန့်ခွဲရေးဆိုင်ရာ အရေးပေါ် အမိန့် B.E.2560 နဲ့ ၂၀၁၈ ခုနှစ် ပြင်ဆင်ချက် အပိုဒ် ၈ နှင့် ၉ တို့ကိုလည်း ချိုးဖောက်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့ မြန်မာဆိုင်ရှင်နဲ့ လုပ်သား ၅ဦးကို chaug Phueak ရဲစခန်း တွင် ခေါ်ဆောင်ထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
Photo - Chiang Mai Immigration

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026