NEWS

ချင်းမိုင်ကောင်စစ်ဝန်ရုံးမှာ ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်နှင့် ခရီးသွားဗီဇာသက်တမ်းတိုးထောက်ခံစာမှအပ ကျန်ထောက်ခံစာတွေလုပ်ဆောင်မပေးဘူးလို့ ကြေညာ

CoverLogo
219 Views
 
ထိုင်းနိုင်ငံ ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး မှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေ အတွက် ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ ခရီးသွားဗီဇာဖြင့် လာရောက်သူတွေရဲ့ ဗီဇာ သက်တမ်းတိုး ဖို့ ထောက်ခံစာ (Attestation for Visa Extension) မှ အပ ကျန်ထောက်ခံစာတွေ ကို ဆောင်ရွက်ပေးမှာ မဟုတ်ဘူးလို့ မတ်လ ၁၇ ရက် က အသိပေးကြေညာလိုက်ပါတယ်။
မတ်လ ၁၉ ရက်က စပြီး ချင်းမိုင်ရှိ စစ်ကောင်စီရဲ့ ကောင်စစ်ဝန်ရုံးမှာ ထောက်ခံစာနှင့် မိမိတို့၏ စာရွက်စာတမ်းများ မှန်ကန်ကြောင်း သက်သေခံလက်မှတ်ယူခြင်း (နိုတြီပြုလုပ်ခြင်း) တို့ ကို စိစစ်ဆောင်ရွက်သွားဖို့ အသိပေးကြေညာချက်မှာအခုလို ထည့်သွင်းကြေညာထားတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မှာ ရေရှည် နေထိုင်ခွင့်ဗီဇာ ရရှိထားတဲ့ သူ တွေ သာ ထောက်ခံစာ(အမျိုးမျိုး)နှင့် နိုတြီဝန်ဆောင်မှုများကို လျှောက်ထားခွင့်ရှိတယ်လို့လည်းဆိုပါတယ်။
နို တြီပြုလုပ်လိုတဲ့ စာရွက်စာတမ်းများ တွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ရှိ သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာနများက စာရွက်စာတမ်းမှန်ကန်ကြောင်း လက်မှတ်ရေးထိုးခွင့်ရှိသူ အရာရှိရဲ့ လက်မှတ်နှင့် တံဆိပ်တုံးများ ပြည့်စုံစွာပါရှိရမှာ ဖြစ်ပြီး နိုတြီပြုလုပ်လိုသည့် စာရွက်စာတမ်းများမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာအရာရှိ လက်မှတ်ရေးထိုးသည့်နေ့မှစ၍ (၆)လသက်တမ်းရှိရမှာ ဖြစ်ကာသက်တမ်းကျော်လွန်ပါက နိုတြီဝန်ဆောင်မှု ဆောင်ရွက်မပေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဗီဇာနှင့်နေထိုင်ခွင့်သက်တမ်းတိုးမယ့် မြန်မာနိုင်ငံသား တွေ အနေနဲ့ မြန်မာနိုင်ငံရှိ မိမိတို့နေထိုင်တဲ့ ရပ်ကွက် ရဲစခန်း ထောက်ခံစာ မိတ္တူ နဲ့ ထိုင်းနိုင်ငံရှိ မိမိတို့ လက်ရှိနေထိုင်နေတဲ့ လိပ်စာ ကိုဖော်ပြထားတဲ့ TM 30 မူရင်း ကို တင်ပြလျှောက်ထားရမယ်လို့ အသိပေးကြေညာထားပါတယ်။
သာမန်သံရုံး ထောက်ခံစာ အတွက် ကြာချိန် ၃ ရက် သတ်မှတ်ထားပြီး နိုတြီလက်မှတ်လာရောက်လျှောက်ထားမှုကို စိစစ်တဲ့ အခြေနေပေါ်မူတည်ပြီး ၇ ရက်မှ ၁၄ရက် ကြာမြင့်နိုင်တယ်လို့ ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးက အသိပေးထားပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026