NEWS

ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ

CoverLogo
203 Views
 
ခရီးဝေးသွားလာမည့် ကိုယ်ပိုင်ယာဉ် တွေအနေနဲ့ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့် နိုင်တယ်လို့ မတ်လ၁၄ရက်မှာ စစ်ကော်မရှင် က ထုတ်ပြန်ကြေညာပါတယ်။
 
စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့နဲ့ အမှန်တကယ်လိုအပ်သူ တွေ ဝယ်ယူရရှိနိုင် ဖို့ ဆိုကာ မတ်လ ၁၂ ရက်နေ့မှစတင်၍ နေပြည်တော်၊ရန်ကုန်မြို့၊ မန္တလေးမြို့နဲ့ တောင်ကြီးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်များအတွက် Wheel Tax တွင်ပါရှိသည့် Barcode နှင့် မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကို အသုံးပြု၍ QR Code ထုတ်ပေးပြီး Application နဲ့ စစ်ဆေးတဲ့ နည်းလမ်း ဖြင့် တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီဝယ်ခွင့်ပေးမယ် လို့ စစ်မကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
 
ထပ်မံပြီး မတ်လ ၁၄ရက်မှာတော့ ခရီးဝေးသွားလာတဲ့ ကိုယ်ပိုင်ယာဉ်များ အဝေးပြေးလမ်းမကြီးများရှိ ဆီဆိုင်များနဲ့ အခြားခရီးဝေး (မိုင် ၁၀၀ အထက်) မြို့များရှိ ဆီဆိုင်များမှာ QR Scan ထပ်ဖတ်ရန်မလိုဘဲ ယင်းရက်အတွက် ဆီဝယ်ယူထားသည့် ငွေရှင်းပြေစာပြသ၍ ထပ်မံဝယ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။
 
QR Scan ဖတ် ရာမှာ Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များ တွင် ယာဉ်ရဲ့ အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူ ဖို့ အတွက်သာ QR Code များ ထုတ်ပေးခြင်းစနစ်ကို မတ်လ ၁၅ ရက်မှစတင်၍ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ယာဉ်ပိုင်ရှင်တွေ အနေဖြင့်လည်း Wheel Tax Barcode ဖတ်မရသည့်ကိစ္စနှင့် ပတ်သက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ အမြန်ဆုံးသွားရောက်ဆောင်ရွက်ရမယ်လို့ စစ်ကော်မရှင်က အသိပေး ထုတ်ပြန်ထားပါတယ်။
HTH

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026