NEWS

ကြက်ဥ ကြက်သား စားသုံးသူတိုက်ရိုက်ရောင်းချမှု အခြေခံလူတန်းစားကိုဂျင်းထည့်ခြင်းသာဖြစ်ဟုဆို

CoverLogo
772 Views

စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးထားတဲ့ဈေးတွေမှာ စားသုံးသူပြည်သူလူလူထုထံ သို့ သင့်တင့်တဲ့ဈေးနဲ့ဝယ်ယူနိုင်ဖို့ တိုက်ရိုက်ရောင်းချမှုဟာ အမှန်တကယ်တော့အခြေခံလူတန်းစား တွေကို ဂျင်းထည့်ရောင်းချနေခြင်းသာဖြစ်တယ်လို့ သွားရောက်ဝယ်ယူခဲ့သူတွေကပြောပါတယ်။ 

လက်ရှိမှာကုန်စျေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် ပြည်သူလူထုကို သင့်တင့်မျှတတဲ့စျေးနဲ့တိုက်ရိုက်ဝယ်ယူစားသုံးနိုင်ဖို့ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ရဲ့အဖွဲ့ဝင်မွေးမြူထုတ်လုပ်သူတွေနဲ့ ကြက်ဥ၊ ကြက်သား ဖြန့်ဖြူးရောင်းချသူတွေက ကြက်ဥ ၊ ကြက်သား စားသုံးသူတွေဈေးသင့်တင့်နဲ့ဝယ်ယူနိုင်ဖို့တိုက်ရိုက်ရောင်းချတဲ့အစီအစဉ်ကို နိုဝင်ဘာ ၂၃ ရက်ကစပြီးပြုလုပ်နေတာဖြစ်ရာ ဝယ်ယူသူတွေထံမှ ထင်ထားသလိုမဖြစ်ဘဲ ရောင်းတန်းမဝင်တာတွေကိုသာ ရောင်းချပေးနေတာလို့ ပြည်သူလူထုထံမှ သိရပါတယ်။ 

"ကျွန်တော်အလုပ်နောက်ကျခံပြီးတိုးဝယ်တာ။ လူတွေတိုးနေလို့ ဘာလဲကြည့်တာ။ ကြက်သားမပါဘူး။ ကြက်ဥ ၃၈၀၀ နဲ့ရောင်းတာ ဆိုလို့တိုးပီးဝယ်လိုက်တယ်။ ဟာသက်သာတယ်ပေါ့ဆိုပြီး။ တစ်ကယ်ဗျာ အလုံးသေးချက်ကဘာနဲ့နှိုင်းပြရမယ်တောင်မသိဘူး။ ၁၃ လုံးကို ၅၀၀၀ တဲ့ဗျာ။ မသိတော့ဝယ်ကြတယ်။ အိတ်နဲထုပ် ပေးတဲ့အတိုင်းပဲ အိမ်လည်းရောက်ရော မြင်တောင်မမြင်ဖူးဘူး အသေးဆုံးကြက်ဥပဲဗျာ။ စိတ်မကောင်းဖြစ်မိတယ်ဗျ။ အခြေခံလူတန်းစားကိုတကယ်သင့်တင့်တဲ့နှုန်းဆိုရင် သူတို့ခုရောင်းပေးတဲ့အရွယ်နဲ့စျေးအရဆိုရင် ကျွန်တော်တို့တစ်လုံး ချင်းဝယ်နေတဲ့ ၄၀၀ တန်ကြက်ဥက သူတို့ထက်သာနေပါသေး တယ်။ အခြေခံလူတန်းစားကို ဂျင်းထည့်ရောင်းတာမြင်ရတာ စိတ်မကောင်းဘူး" လို့ စက်မှူဇုန်လုံခြုံရေးလုပ်သားတစ်ဦးက ဆိုပါတယ်။ 

"ကျွန်မလည်းဝယ်ပြီးပြီ ။ ကြက်သားမပါဘူး။ ကြက်ဥပဲ။ တစ်လုံး၃၈၀။ ၁၃ လုံး ၅၀၀၀တဲ့။ မသိဘူး သက်သာတယ်ထင်ပြီး ၁၃လုံးဝယ်လိုက်တာ။ နောင်တရတယ်။ အနေတော်အလုံးလေးက ၃လုံးလောက်ပါပြီး ကျန်တာတွေက အသေးဆုံးလေးတွေ။ တကယ်မမြင်ဖူးသေးတဲ့အသေးဆိုဒ်ပဲ။ ရောင်းတန်းမဝင်တာတွေကို လာရောင်းနေကြတာ။ တန်တယ်ထင်လို့အတင်းတိုးပြီး ငါးထောင်ဖိုးဝယ်လိုက်တာ နောင်တအကြီးကြီးရပါတယ်" လို့ ဒဂုံမြို့သစ်တောင်ပိုင်း ၇၀ စျေးမှ ဝယ်ယူလာသူ အမျိုးသမီးတစ်ဦးကပြောပါတယ်။ 

လက်ရှိရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားတဲ့ဈေးတွေမှာ လိုက်လံရောင်းချပေးနေတာ​ဖြစ်ပြီး နိုဝင်ဘာ ၂၃ရက်ကနေ ၂၆ရက်အထိကို လိုက်လံရောင်းချမဲ့ စျေးစာရင်းတွေအတိုင်း ​ရောင်းချပေးတာဖြစ်ပြီး ကြက်ဥ ၊ကြက်သားဈေးသက်သာစွာနဲ့ စားသုံးသူတိုက်ရိုက်ရောင်းချတဲ့ အစီအစဉ်ကို နိုဝင်ဘာ ၂၃ ရက်က  ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဈေး ၁၂ ဈေးမှာလိုက်လံ ရောင်းချပေးနေတယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံသတင်းဌာနတွေဖော်ပြချက်အရသိရပါတယ်။ 

"ကျွန်တော်တို့သိသလောက်ကတော့ဈေးတွေကတော့တစ်နေ့နဲ့တစ်နေ့မတူဘူးပြောင်းနိုင်တယ်။ ဒါကလည်းကျွန်တော်တို့စည်ပင်နဲ့မဆိုင်ဘူး။စျေးနှုန်းသတ်မှတ်တာကတော့ သူတို့ရောင်းသူနဲ့ပဲဆိုင်တယ်။ ကြက်ဥသေးတယ်တော့ ခုဝယ်သွားသူတိုင်းပြောကြတယ်။ အစပိုင်းမို့ဖြစ်မယ် ကြက်သားတော့မပါသေးဘူး။ ကြက်သားကျရင်တော့ ဝယ်သူတွေတစ်ကယ်သက်သာနိုင်မယ်ထင်တယ်"လို့ စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းတစ်ဦးက ဈေးရောင်းချတာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။ 

#MyanmarLabourNews


Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026