NEWS

ကျန့်အော်အတု ထုတ်ပေးပြီး မြန်မာအလုပ်သမား ၁၇ ဦး ကို ပွဲစားမှဘတ် ၆သောင်းကျော် လိမ်လည်သွား

CoverLogo
496 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီ မြို့နယ်မှာ ပွဲစား ဆိုသူ က မြန်မာအလုပ်သမား ၁၇ ဦး ကို ကျန့်အော်(အလုပ်ပြောင်းစာ) အတု တွေ ထုတ်ပေး ပြီး ဘတ် ၆သောင်း ကျော် လိမ်လည်သွားတယ်လို့ ၎င်းဖြစ်စဉ် တွင် အလုပ်သမားတွေကို ကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
မြန်မာနိုင်ငံ မှ MOU နဲ့ လာပြီး အလုပ်အကိုင်အဆင်မပြေတဲ့ မြန်မာအလုပ်သမား အမျိုးသား/အမျိုးသမီး ၁၇ ဦး ကို ပွဲစား ဖြစ်သူ ကိုကျော်ဇင်ဦး ဆိုသူက ကျန့်အော် ထုတ်ပေးမယ်ဆိုကာ အလုပ်သမားတစ်ဦး ကို ဘတ် ၄၀၀၀ စီ တောင်းယူခဲ့တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမား ၁၇ဦး မှ ပွဲစားဆိုသူ ကို စုစုပေါင်း ဘတ် ၆၈၀၀၀ ကို ပေးခဲ့ရ ပေမယ့် အလုပ်သမားတွေကို ကျန့်အော် အတုတွေ ထုတ်ပေးခဲ့တဲ့ အတွက် အလုပ်သစ် ကို ဝင်ရောက်လို့မရဘဲ ဒုက္ခ ရောက်နေတာကြောင့် WAG မဟာမိတ်အဖွဲ့ ထံ ကို အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
""အလုပ်သမားတစ်ဦး ကို ဘတ်၄၀၀၀ လောက် ပေးရတယ် ပြီးတော့ ကျန့်အော်အတုတွေ ထုတ်ပေးလိုက်တယ် အဲ့စာရွက် သာ ဌာနဆိုင်ရာ က စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တယ် စာရွက်စာတမ်းဘာတစ်ခုမှ မရှိရင်လည်း မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ် ဒါကြောင့် ပွဲစားတွေ စကား ကို အယုံမလွယ်ကြပါနဲ့ ""လို့ WAG မဟာမိတ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ၎င်း အလိမ်ခံရတဲ့ မြန်မာအလုပ်သမားတွေ ကို WAG မဟာမိတ်အဖွဲ့ မှ ဘန်ကောက်ရှိ ကျဟာငန်ရုံးချုပ်မှာ ကျန့်အော် အစစ်ကို ကူညီ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ပွဲစား ဖြစ်သူ ကိုကျော်ဇင်ဦး ကို ချွန်ဘူရီ မြို့နယ် ရဲစခန်းမှာ ငွေလိမ်လည်မှု ကျန့်အော်အတု ထုတ်ပေးမှု စတာ တွေ နဲ့ ဧပြီ ၂၂ရက် မှာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026