NEWS

ကုမ္ပဏီလက်အောက်ခံ နေ့စားအလုပ်သမားတွေလည်း စားဝတ်နေရေးပိုမိုခက်ခဲလာ

CoverLogo
1.3K Views

ကုမ္ပဏီလက်အောက်ခံပုတ်ပြတ်အလုပ်သမားတွေဟာ အလုပ်သမားခေါင်းတွေရဲ့ဖြတ်တောက်မှုတွေကြောင့် ဝင်ငွေနည်းပါးပြီး မိသားစုစား၀တ်နေရေးပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ ဘဝတွေက မိအေးသုံးခါနာနေရတဲ့ဘဝတွေပါ။  ကုမ္ပဏီကလည်းတစ်ခါဖြတ်တယ်။  ကျွန်တော်တို့ရဲ့ အလုပ်သမားခေါင်းဆောင်က တစ်ခါဖြတ်သေးတယ်။ ကုန်စျေးနှုန်းတွေကလည်းကြီးနေသေးတယ်။ မိအေးသုံးခါနာနေရတဲ့ဘဝတွေပါ။  ကျွန်တော်တို့က  ပုတ်ပြတ်လုပ်နေတယ်ဆိုပေမဲ့ ရတဲ့ပိုက်ဆံကို တစ်နေ့ဘယ်လောက်ရလဲတွက်ကြည့်တော့  လေးထောင် ငါးထောင် ခြောက်ထောင်ပဲရတယ်။ တကယ်ကိုစိတ်ညစ်ရတယ်။  စား၀တ်နေရေးအတွက် ဘလိုမှမလောက်ငဘူး ပုတ်ပြတ်မို့ထွက်လည်းမရဘူး။ အလုပ်သမားခေါင်းတွေအနေနဲ့  စာနာပေးရင်ကောင်းတယ်ဗျာ”လို့ စည်ပင်ရေပိုက်လိုင်းသွယ်တန်းမှုအတွက် လုပ်ပိုင်ခွင့်ရကုမ္ပဏီလက်အောက်၌ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

အဆိုပါအလုပ်သမားတွေဟာ ရေမြောင်းတူးဖော်ရခြင်းက်ိုအဓိကလုပ်ကိုင်ရတာဖြစ်ပေမဲ့  ယာဉ်မောင်းလုပ်ကိုင်ရတဲ့ အလုပ်သမားတွေအနေနဲ့လည်း  ယာဉ်မောင်းနေရာအတွက်  အလုပ်မရှိပါက မြေတူးဖော်ရခြင်းကိုသာ  ၀င်ရောက်လုပ်ကိုင်ပေးနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။

“စည်ပင်လုပ်ငန်းတွေဆိုပေမဲ့ ကျွန်မတို့ကကုမ္ပဏီကပါ။ ကျွန်မကတော့လခစားလုပ်ရတာပါ။ ကျန်တဲ့သူတွေကတော့ ပုတ်ပြတ်တွေများတယ်။  မကိုက်ကြဘူးပြောတယ်။ အခွင့်အရေးရတုန်း ပိုက်ဆံရချင်လို့ ၀င်လုပ်နေကြတာ။ တစ်ချို့ဆိုမိသားစုလိုက်လုပ်နေကြတာ။ မြေကလည်းအနက်ဆုံးလေးပေအထိပဲတူးတာဆိုတော့ သိပ်မပင်ပန်းဘူးဆိုပြီးအမျိုးသမီးတွေရော လူကြီးတွေရော ၀င်လုပ်နေကြတာ”လို့ ဝန်ထမ်း အမျိုးသမီးတစ်ယောက်ကဆိုပါတယ်။

ဒါ့အပြင် မြေတူးဖော်ခြင်းလုပ်ငန်းတွေဟာ  စည်ပင်သာယာရဲ့လုပ်ငန်းတွေဖြစ်နေပေမဲ့  ကုမ္ပဏီတွေနဲ့ဆောက်လုပ်ရေးပိုင်းတွေကသာ  လုပ်ကိုင်နေရတာဖြစ်သလို  လခစား၀န်ထမ်းနည်းပါးကာ ၎င်းတို့အလုပ်သမားခေါင်းဆောင်တွေက  အပြင်အလုပ်သမားများခေါ်ယူပြီး ပုတ်ပြတ်ပြန်လည်လုပ်ကိုင်ရာမှ တစ်နေ့လုပ်ခအနေဖြင့် တွက်ကြည့်သော် ကျပ်လေးထောင်မှ ကျပ်ခြောက်ထောင်သာရနေတယ်လို့ သိရပါတယ်။

အဆိုပါမြေတူးဖော်ခြင်းလုပ်ငန်းတွေဟာ  အလုပ်ကြမ်းလုပ်ငန်းတွေဖြစ်နေပေမဲ့ ၀င်ရောက်လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေဟာ အမျိုးသမီးလူငယ်တွေနဲ့အသက်ရွယ်ရနေပြီဖြစ်တဲ့ အမျိုးသမီးလူကြီးပိုင်းတွေပါ၀င်နေတာပိုများနေတဲ့အပြင် ငါးဆယ်ကျော် အသက်ရွယ်ကြီးနေပြီဖြစ်တဲ့ လူကြီးတွေပိုများလာတယ်လို့လည်း သိရပါတယ်။

ဒါဟာမြန်မာနိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုတွေ အလုပ်အကိုင်ရှားမှုတွေနဲ့  ကုန်စျေးနှုန်းမြင့်တက်မှုတွေ ကြောင့် အသက်အရွယ်ကြီးတွေပါဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်သလို  မြန်မာနိုင်ငံရဲ့ကုန်စျေးနှုန်းတွေမြင့်တက်မှုနဲ့  နည်းပါးလွန်းလှတဲ့အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခနှုန်းထားနဲ့ အဆမတန်ကွာခြားမှုတွေကြောင့် စား၀တ်နေရေးပိုမိုကျပ်တည်းလာမှုကြောင့်  အနားယူရမဲ့လူကြီးတွေကိုယ်တိုင်ပင် ၀င်ငွေတိုးစေဖို့၀င်ရောက်လုပ်ကိုင်နေကြရတာဖြစ်တယ်လို့လည်း ယင်းအလုပ်သမားကဆိုပါတယ်။

MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026