NEWS

ကုန်ဈေးနှုန်းမြင့်တက်ပြီး  စားဝတ်နေရေး မလောက်ငှမှုကြောင့် ဒေးကြေး နဲ့ အိုတီကြေးတိုးပေးဖို့ အလုပ်သမားတွေ အလုပ်ရပ်ပြီးတောင်းဆို

CoverLogo
1.3K Views

လက်တလော မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း၊ အဆောင်စရိတ်တွေနဲ့ ရရှိနေတဲ့ လုပ်ခမလောက်ငှတဲ့ အပေါ် စက်ရုံ အလုပ်ရုံလုပ်သားတွေအခက်တွေ့နေလို့ ဒေးကြေး ကျပ် ၇၀၀၀ ဝန်းကျင်နဲ့ အချိန်ပိုကြေး ရက်မှန်ကြေးတွေတိုးပေးဖို့ Dishang Fashion စက်ရုံအလုပ်သမားတွေအလုပ်ရပ်ပြီးတောင်းဆိုနေကြပါတယ်။

လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန် မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမား ၉၅ ရာခိုင်နှုန်းက အခုလို တောင်းဆိုမှုပြုလုပ်နေတာဖြစ်ပြီးလက်ရှိမှာတော့ ကပ်တင်ဌာနနဲ့ ဖစ်နစ်ရှင် ဌာနတွေ အလုပ်ရပ်ထားတယ်လို့ သိရပါတယ်။

ယခင်ပေးချေနေတဲ့ နှုန်းထားကတော့ ဒေးကြေး ၄၈၀၀ ကျပ် + ထောက်ပံ့ကြေး ၁၀၀၀ ကျပ် + ရှားပါးစရိတ် ၁၀၀၀ ကျပ် ၊ ရက်မှန်ကြေး ၁၄၀၀၀ ကျပ် ၊ လုပ်သက် ၆ လမှစပြီး နှစ်ကြေး ၅၀၀၀ ကျပ် ၊ ၁ နှစ်အထက် ၂၅၀၀၀ ကျပ် နှင့် အလုပ်ဆင်းရက်အလိုက် ကျွမ်းကျင်ကြေး A4  ၄၀၀ ကျပ်/ A3 ၇၀၀ ကျပ်၊ A2  ၉၀၀ ကျပ်၊ A1 ၁၂၀၀ ကျပ် ပေးချေနေတာဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားတောင်းဆိုချက်တွေအနေနဲ့ ဒေးကြေး ကျပ် ၇၀၀၀ တိုးပေးဖို့ အိုတီ တနာရီ ၁၇၀၀ ကျပ်ပေးရန် ရက်မှန်ကြေး ၃၀၀၀၀ ကျပ်နဲ့ လုပ်သက်အလိုက် နှစ်ကြေးတိုးပေးဖို့ စတာတွေတောင်းဆိုနေတာပါ။

"အဆောင်စရိတ် စားဝတ်နေရေးအတွက် ပုံမှန်လေးလည်ပတ်ပြီးနေချင်တယ် အခုက လစာနဲ့ ကုန်ဈေးနှုန်းနဲ့ အဆောင်လခတွေနဲ့ မပေးနိုင် တော့ ဘယ်လိုဖြစ်လဲဆို‌ အကြွေးတွေယူရတယ် မလောက်လို့ အကြွေးက တသိန်းယူရင် ၂ သောင်း၊ တထောင်ပေးရင် တထောင် အဲ့လိုပေးနေရတော့ မလည်တော့ အကြွေးကတက်လာတော့ အလုပ်က  ထွက်ပြေးတဲ့လူက ထွက်ပြေး အလုပ်ထဲက ကျွန်တော်တို့မှာ လစာက သုံးသိန်းကျော်ရတယ် ပေးရမဲ့ အကြွေးက ၃ သိန်းကျော်လောက်ရှိတယ် အဲ့တာကို ပေးလိုက်ရင် နောက်လူဆီမှာ ပြန်လှည့်ယူ အဲ့လိုတွေဖြစ်နေတာ  စားဝတ်နေရေး မလောက်ငှတော့လို့ တောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။

လက်ရှိမှာ လုပ်သားတွေအနေနဲ့ အဆောင်လခ ၇ သောင်းကျော်ကနေ သိန်းဂဏန်းထိရှိနေပြီး မီတာခ၊ ဂတ်ဘူး နဲ့ အခြေခံစားသောက်ကုန်တွေဝယ်ယူဖိုပါ မလောက်ငှတော့တဲ့ အခြေအနေတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတယောက်အနေနဲ့ တနေ့အလုပ်ချိန် ၁၁ နာရီခန့် ၊ တလလျင် အိုတီ နာရီ ၈၀ ကျော် ၊ အလုပ်ပျက်ရက်မရှိလုပ်ကိုင်မှ ၃၅၀၀၀၀ ကျပ် ရရှိတာဖြစ်လို့ မနားမနေအလုပ်လုပ်ကိုင်ပေမဲ့ အကြွေးပတ်လည်ဝိုင်းလာတဲ့အခြေအနေတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို ဒေးကြေးနဲ့ အခြားကြေးတွေတိုးမြှင့်ပေးဖို့ စတင်တောင်းဆိုမှုက မေလ ၁၃ ရက်နေ့မှာ စတင်ခဲ့ပေမဲ့ လုပ်ငန်းခွင် တာဝန်ရှိသူတွေက ညှိနှိုင်းပေးမယ်လို့ ပြောဆိုတာကြောင့် အလုပ်ဆက်လုပ်ရာမှာ ပြေလည်မှုမရလို့  ယနေ့ မေ ၁၇ ရက်မှာ ဌာန ၂ ခု အလုပ်ရပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"အလုပ်သမားတွေအနေနဲ့ ရုံးတွေဌာနဆိုင်ရာတွေမှာ ညှိနှိုင်းပေးမယ်ဆိုလည်း အဆင်သင့်ပါပဲ ၊ ခုချိန်မှာ တခြားစက်ရုံတွေလည်း ဒေးကြေး အနည်းဆုံး ၇၅၀၀ ကနေ ၈၀၀၀ ကျော်အထိတိုးပေးနေတာတွေရှိတယ် ကုန်ဈေးနှုန်းက တက်လာမှာပဲ မကြာခင် အလုပ်သမားတွေကို ကုန်ဈေးနှုန်းက အုပ်မိုးသွားတော့မယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ လက်ရှိ တောင်းဆိုမှုမှာ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်တွေလည်း ပါဝင်တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

အခုတောင်းဆိုမှုပြုလုပ်နေတဲ့ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ONLY အမှတ်တံဆိပ် ကုတ်အင်္ကျီတွေချုပ်လုပ်နေတာဖြစ်ပါတယ်။

 

 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026