NEWS

ကုန်ဈေးနှုန်းကြောင့် ထောင်ဝင်စာ​ပေးပို့သူ​တွေအခက်​တွေ့

CoverLogo
368 Views
 
ကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတာကြောင့်ထောင်ဝင်စာပေးပို့နေရတဲ့ အကျဉ်းသားမိသားစုတွေပိုမိုခက်ခဲလာပြီးထောင်ဝင်စာပို့ဖို့အဆင်မပြေတာတွေရှိလာပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ အကျဥ်း​ထောင်​တွေမှာ အကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းဆီးထိန်းသိမ်းခံရသူအရေအတွက်ဟာပိုများလာတာဖြစ်ပြီး ဖိနှိပ်မှုတွေဟာလည်းပိုမိုဆိုးရွားလာတာဖြစ်ပါတယ်။
"ထောင်ဝင်စာကတစ်လတစ်ခါပို့ဖို့ကိုအနိုင်နိုင်ဖြစ်နေတယ်။ဟင်းစားအပေါအပဲလေးတွေပို့တာကိုဈေးကမတရားဖြစ်နေတာ။သွားတိုက်ဆေး၊ ဆပ်ပြာတွေလည်းဈေးတက်တယ်။ယားနာလိမ်းဆေးတွေလည်းပုံမှန်မပို့နိုင်တော့ဘူး။ကော်ဖီကလည်းလိုအပ်တယ်ဆိုပေမယ့်ပါကင်လိုက်မဝယ်နိုင်တော့ဘူး။ဆယ်ထုပ်လောက်ပဲထည့်ပေးနိုင်တော့တယ်"လို့အကျဉ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
လက်ရှိမှာအကျဉ်းထောင်တွေမှာနေထိုင်စားသောက်ရေးအဆင်ပြေစေဖို့မိသားစုတွေကထောင်ဝင်စာပေးပို့တာတွေလုပ်ဆောင်နေရတာဖြစ်ပါတယ်။
ထောင်ဝင်စာပေးပို့ရာမှာနှစ်ပတ်တစ်ကြိမ်ပေးပို့ခွင့်ပြုထားပြီးတွေ့ဆုံခွင့်ကိုတော့တစ်လတစ်ကြိမ်ခွင့်ပြုတာဖြစ်ပါတယ်။
"တဖြေးဖြေးတော့ပို့တာတွေနည်းလာတာပေါ့။ဆေးတွေလည်းဈေးကမတရား။ကော်ဖီမုန့်ကလည်းမသက်မသာဆိုတော့အခြောက် အခြမ်းလေးပဲထည့်တော့တယ်။မုန့်ကမပါသလောက်ပါပဲ။အထဲကယောကျာ်းကတော့အဆင်မပြေရင်မပို့နဲ့ပြောပါတယ်။ဒါပေမယ့်အပြင်ကမပို့ရင်အထဲကစားသောက်ရေးခက်ခဲမှာသိနေတော့ဟိုချေးဒီချေးနဲ့ပို့ရတာအထဲကလူကောအပြင်ကလူကော သောကတွေချည်းပဲ"လို့ထောင်ဝင်စာပေးပို့သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာအကျဉ်းထောင်တွေမှာဈေးဘားတွေကတစ်ဆင့်ငွေသွင်းပြီးလိုအပ်တာတွေကိုဝယ်ယူခွင့်ရှိပေမယ့်အပြင်ပေါက်ဈေးထက်ပိုပေးရတယ်လို့အကျဉ်းကျသူတွေဆီကသိရပါတယ်။

Related posts

Cover
အောက်တိုဘာ၂၈ ရက်မှ စပြီး မဲဆွယ်စည်းရုံး ခွင့်ကာလ ရက်ပေါင်း ၆၀ ဟု စစ်ကော်မရှင် ကြေညာ
Oct 16, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ (ရုပ်သံသတင်း)
Oct 14, 2025
Cover
တရားစီရင်ရေးကိုအယုံကြည်မရှိသဖြင့် ရာဇဝတ်မှုကျူးလွန်ခံရသည့် လူငယ် ၈၀ ရာခိုင်နှုန်း တိုင်ကြားခြင်း မရှိဘဲ နှုတ်ဆိတ်နေရ
Oct 14, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ (ရုပ်သံသတင်း)
Oct 13, 2025
Cover
ဌာနဆိုင်ရာဝန်ထမ်းများ အဓမ္မငွေတောင်းခံမှု ပိုမိုဆိုးရွားလာ
Oct 13, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025