NEWS

ကိုရီးယားက မြန်မာလုပ်သား ၄၀၀၀ ကျော် ခေါ်

CoverLogo
482 Views
 
တောင်ကိုရီးယားနိုင်ငံ ရှိ ကုန်ထုတ်လုပ်ငန်းအတွက် EPS စနစ်နဲ့ မြန်မာလုပ်သား ၄၂၀၀ ကျော် လျှောက်ထားခွင့်ရရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က အသိပေးထားပါတယ်။
 
EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အပြီးသတ်အောင်စာရင်း ပါရှိသူတွေ အနေနဲ့ အလုပ်လျှောက်လွှာ လျှောက်ထားနိုင်တယ်လို့ POEA ကအသိပေးကြေညာထားပါတယ်။
 
ကိုရီးယား ရဲ့ EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အတွက် အပြီးသတ်အောင်စာရင်းမှာပါရှိ သူ ၄၂၄၉ ဦး ရှိတယ်လို့သိရပါတယ်။
 
အောင်စာရင်းမှာပါရှိသူတွေ အတွက် အလုပ်လျှောက်လွှာတွေကို ခုံနံပတ်အလိုက် ထုတ်ပေးနေပြီးတော့ အလုပ်လျှောက်လွှာလက်ခံမှုကိုတော့ ခုံနံပတ်အလိုက် ဇူလိုင်၂၈ နေ့က နေ ဩဂုတ် ၁ ရက်အထိ လက်ခံပေးသွားမယ်လို့ကြေညာထားပါတယ်။
 
လျှောက်လွှာတင်သူတွေ အနေနဲ့ အစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီက သတ်မှတ်ထားတဲ့ဆေးခန်းတွေမှာကျန်းမာရေးဆေးစစ်ခြင်း ဆောင်ရွက်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုအောင်မြင်သူတွေကိုသာ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရမယ်လို့ဆိုပါတယ်။
 
သို့ပေမယ့် အလုပ်လျှောက်လွှာတင်သွင်းသူတိုင်း ကိုရီးယားသမ္မတနိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရမည်ဟု အာမ မခံကြောင်းကိုလည်း POEA အသိပေးထားပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026