NEWS

ကိုရီးယားက မြန်မာလုပ်သား ၄၀၀၀ ကျော် ခေါ်

CoverLogo
309 Views
 
တောင်ကိုရီးယားနိုင်ငံ ရှိ ကုန်ထုတ်လုပ်ငန်းအတွက် EPS စနစ်နဲ့ မြန်မာလုပ်သား ၄၂၀၀ ကျော် လျှောက်ထားခွင့်ရရှိတယ်လို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA) က အသိပေးထားပါတယ်။
 
EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အပြီးသတ်အောင်စာရင်း ပါရှိသူတွေ အနေနဲ့ အလုပ်လျှောက်လွှာ လျှောက်ထားနိုင်တယ်လို့ POEA ကအသိပေးကြေညာထားပါတယ်။
 
ကိုရီးယား ရဲ့ EPS-TOPIK ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် အတွက် အပြီးသတ်အောင်စာရင်းမှာပါရှိ သူ ၄၂၄၉ ဦး ရှိတယ်လို့သိရပါတယ်။
 
အောင်စာရင်းမှာပါရှိသူတွေ အတွက် အလုပ်လျှောက်လွှာတွေကို ခုံနံပတ်အလိုက် ထုတ်ပေးနေပြီးတော့ အလုပ်လျှောက်လွှာလက်ခံမှုကိုတော့ ခုံနံပတ်အလိုက် ဇူလိုင်၂၈ နေ့က နေ ဩဂုတ် ၁ ရက်အထိ လက်ခံပေးသွားမယ်လို့ကြေညာထားပါတယ်။
 
လျှောက်လွှာတင်သူတွေ အနေနဲ့ အစိုးရပြည်ပအလုပ်ကိုင်အေဂျင်စီက သတ်မှတ်ထားတဲ့ဆေးခန်းတွေမှာကျန်းမာရေးဆေးစစ်ခြင်း ဆောင်ရွက်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုအောင်မြင်သူတွေကိုသာ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရမယ်လို့ဆိုပါတယ်။
 
သို့ပေမယ့် အလုပ်လျှောက်လွှာတင်သွင်းသူတိုင်း ကိုရီးယားသမ္မတနိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်ရမည်ဟု အာမ မခံကြောင်းကိုလည်း POEA အသိပေးထားပါတယ်။

Related posts

Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025