NEWS

ကိုရီးယားကို EPS စနစ်ဖြင့် သွားရောက်သူများ မိသားစု လွှဲပို့ငွေ အထောက်အထား ပေးပို့ရန်အသိပေး

CoverLogo
185 Views
 
၂၀၂၄ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လအတွင်း ကိုရီးယားကို EPS စနစ်နဲ့ သွားရောက်အလုပ်လုပ် သူတွေ အနေနဲ့ မိသားစု လွှဲပို့ငွေ အထောက် အထား ပေးပို့ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ( POEA ) က အသိပေးထားပါတယ်။
 
စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ အတွင်း တောင်ကိုရီးယားကို EPSစနစ် နဲ့ သွားရောက်တဲ့ လုပ်သားတွေ အနေနဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထား ကို ယခု ဇူလိုင်လ အတွင်း ပေးပို့ရမယ်လို့ POEAက အသိပေး ထုတ်ပြန်ထားပါတယ်။
 
ပြည်ပ ကို တရား၀င် သွားရောက် အလုပ်လုပ်ကိုင်တဲ့ လုပ်သားတွေ အားလုံးဟာ လုပ်ခလစာရဲ့ ၂၅ရာခိုင်နှုန်း ကို လစဉ် အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ တရားဝင် ဘဏ်တွေကတစ်ဆင့် မိသားစုထံ မဖြစ်မနေ လွှဲပို့ပေးရမှာ ဖြစ်ကာ လွှဲပို့ထားတဲ့ အထောက်အထားများကိုလည်း မိမိကို ပို့ဆောင်ပေးတဲ့ လိုင်စင်ရအေဂျင်စီ မှ တစ်ဆင့် အလုပ်သမားဝန်ကြီးဌာနကို ပို့ဆောင်ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
 
ထို့အတူ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ က ပို့ဆောင်ပေးတဲ့ တောင်ကိုရီးယား နိုင်ငံ EPSစနစ် သွားရောက်တဲ့ လုပ်သားတွေ လည်း မိသားစုလွှဲပို့ငွေ အထောက်အထားတွေ ပို့ဆောင်ပေးရတာ ဖြစ်ပါတယ်။
 
မိသားစုထံ လွှဲပို့ခဲ့တဲ့ ငွေလွှဲအထောက် အထားတွေကို POEA ရဲ့ VIBER နံပတ်ထံ ပေးပို့ကြရမှာ ဖြစ်ပြီး၊ ငွေလွှဲပို့တဲ့ အထောက်အထား SCREEN SHOT ၊ ပေးပို့သူ ရဲ့ နိုင်ငံကူးလက်မှတ်အမှတ်နဲ့ မြန်မာနိုင်ငံက စတင်ထွက်ခွာတဲ့ရက် စတာတွေပါ ပေးပို့ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
 
သတ်မှတ်ထားတဲ့ မိသားစုလွှဲပို့ငွေအထောက်အထား ကို မပြ နိုင်ပါက ၎င်း လုပ်သားဟာ ပြည်ပ ပြန်ထွက်ခွင့် ပိတ်ပင်ခံရမှာ ဖြစ်ကြောင်းသိရပါတယ်။

Related posts

Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025
Cover
ပန်းရောင်ကတ် အတွက် လူသစ်ဘတ်တင်သူများ Website တွင်အမည်စာရင်းတင်မရဖြစ်နေ
Oct 16, 2025