NEWS

ကိုရီယားကို EPS စနစ်ဖြင့် သွားရောက်မယ့် အမျိုးသားလုပ်သားများ အသက်ကန့်သတ်ချက်မရှိဟုဆို

CoverLogo
266 Views

ပြည်ပကို သွားရောက် အလုပ်လုပ်မယ့် အမျိုးသား လုပ်သား တွေ ကိုစစ်ကောင်စီက  အသက်ကန့်သတ်ထားပေမယ့် ကိုရီးယားနိုင်ငံ ကို EPS စနစ် နဲ့ သွားရောက်မယ့် အမျိုးသား လုပ်သားတွေကိုတော့အသက်ကန့်သတ်ထားတာမရှိဘူးလို့အေဂျင်စီအသိုင်းဝိုင်းနဲ့ကိုရီးယားသင်တန်းကျောင်းတွေ မှ သိရပါတယ်။

အစိုးရ အချင်းချင်း G to G ပို့တာဖြစ်တဲ့ အတွက် စစ်ကောင်စီရဲ့ ပြည်ပထွက် အလုပ်လုပ်သူ အမျိုးသားတွေရဲ့ အသက်ကန့်သတ်ချက်ထဲ မပါရှိတာလို့ ဆိုပါတယ်။

"ကိုရီးယား EPS စနစ်နဲ့ ပိုတဲ့ (E9)ဗီဇာ သမားတွေ က G to G မို့ အမျိုးသား လုပ်သား တွေ ကို အသက်ကန့်သတ်ထားတာမရှိဘူး အသက် ၁၈ ကနေ ဟိုဘက်လုပ်ငန်းရှင်ကခေါ်တဲ့ အသက်အထိ သွားလို့ရတယ်။ ကိုရီးယား ချင်း အတူတူ ကို E7 ဗီဇာ က  လိုင်စင်ရအေဂျင်စီကနေ ပို့တာမို့ အမျိုးသားတွေ အသက်၂၃ ကနေ ၃၁အထိ က သွားလို့မရဘူး"လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန က ယခု ၂၀၂၄ ခုနှစ် ၂၀၂၄ မေလ က စပြီး  အမျိုးသား လုပ်သားတွေ ကို အသက် ၂၃နှစ်ကနေ အသက် ၃၁အထိ ပြည်ပထွက် အလုပ်လုပ်ခွင့်ပိတ်ထားခဲ့ ခြင်း ဖြစ်ကာ အဆိုပါ အသက်ကန့်သတ်တဲ့ အထဲ မှာတော့ အစိုးရအချင်းချင်း ချိတ်ဆက်ပို့တဲ့ EPS စနစ် နဲ့ ကိုရီးယားသွားရောက်မယ့်သူတွေ မပါရှိဘူးလို့ သိရပါတယ်။

အခုလို အသက်ကန့်သတ်ချက် မရှိတဲ့ အတွကိ ကိုရီးယား Employment Permit System (EPS) စနစ် နဲ့ သွားရောက် အလုပ်လုပ် လိုသူတွေ ပိုများလာတယ်လို့ ကိုရီးယားဘာသာစကားသင်တန်းကျောင်းတွေမှ သိရပါတယ်။ လက်ရှိ မှာ EPS စနစ် နဲ့ ကိုရီးယား နိုင်ငံ ကို အမျိုးသား လုပ်သားတွေသာမက အမျိုးသမီး လုပ်သားတွေပါ ခေါ်ယူလာတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ထိုင်းနိုင်ငံရေးအခြေအနေကြောင့် ရွှေ့ပြောင်းလုပ်သား သက်တမ်းတိုးလုပ်ငန်းစဉ်ကြန့်ကြာမည်ကို စိုးရိမ်ရ
Jun 22, 2025
Cover
လုံခြုံရေးစိုးရိမ်ရမှုကြောင့် မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့ ACR တောင်းဆို
Jun 20, 2025
Cover
အိုမန်မှပေးစာ - ၅
Jun 19, 2025
Cover
မလေးရှားသွား မြန်မာလုပ်သားများ ထိုင်းနိုင်ငံအတွင်း အဖမ်းခံရမှု ဆက်တိုက်ဖြစ်ပေါ်နေ
Jun 18, 2025
Cover
နိုင်ငံခြားသားများ အလုပ်လုပ်၊ ဈေးရောင်းခြင်းများ ပြုလုပ်ပါက ပြည်နှင်မည်ဟု ထိုင်းဝန်ကြီး ပြောဆို
Jun 18, 2025
Cover
မြန်မာလုပ်သား၂၀၀ ကျော် ကြိုတင်အကြောင်းမကြားဘဲ အလုပ်ရပ်နားခံရ
Jun 18, 2025
Cover
မြန်မာတစ်ဦး နေရပ်ပြန်ပို့ရန် မိသားစုဝင်များနှင့် အဆက်သွယ်မရဖြစ်နေ
Jun 17, 2025
Cover
ပွဲစားခဘတ်ငွေ ၇၀၀၀၀ ပေးပြီး မလေးရှားကို သွားရောက်ရန်ကြိုးပမ်းတဲ့ မြန်မာလုပ်သား၂၉ ဦး ထိုင်းမှာ အဖမ်းခံရ
Jun 14, 2025