NEWS

ကိုယ့်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးရမယ်ဆိုတဲ့စိတ်ဓါတ်နဲ့အလုပ်သမားသွေးစည်းညီညွတ်ရေးဟာအလုပ်သမားတွေရဲ့ဝိဥာဏ်ဖြစ်ပါတယ်။

CoverLogo
1.5K Views

မေဒေးနေ့မှာ အလုပ်သမားထုကို ဘာများပြောကြားလိုပါသလဲ။

မေဒေးနေ့ရဲ့တောင်းဆိုချက်ကိုတိတိပပပြောရရင်တနေ့အလုပ်ချိန်(၈)နာရီရရှိရေးပါပဲ၊ ၈နာရီနား၈နာရီလုပ်၈နာရီပျော်ပေါ့၊တနည်းအားဖြင့်အလုပ်သမားဘဝအာမခံချက်ရရှိရေးထဲကတခုပါပဲ၊ကျတော်တို့၈နာရီမအိပ်ကသေးဘူး၈နာရီမပျော်ရသေးဘူးဒါကြောင့်မေဒေးခေါ်သံကိုဆက်လက်ကိုင်စွဲရမယ်။

မေဒေးရဲ့ရည်ရွယ်ချက်ကိုရှင်းပြပေးပါ။

မေဒေးနေ့ဟာအလုပ်သမားတွေရဲ့ဘဝအာမခံချက်ရရှိရေးကိုရယူဖို့ရည်ရွယ်တာဖြစ်ပြီးအလုပ်သမားအားလုံးဟာလဲအလုပ်သမားတွေရဲ့ဘဝအာမခံချက်ရရှိဖို့အတွက်ပြည့်စုံလုံလောက်တဲ့အလုပ်သမားအခွင့်အရေးတွေအလုပ်ခွင်အာမခံချက်နဲ့လုပ်အားနဲ့ညီမျှတဲ့လုပ်ခဖြစ်တယ်။

မြန်မာ့အလုပ်သမားတွေရဲ့လက်ရှိကြုံတွေ့ရင်ဆိုင်နေရတဲ့အခက်အခဲကဘာတွေလဲ။

မြန်မာ့အလုပ်သမားတွေအနေနဲ့ရင်ဆိုင်နေရတာကတော့ လုပ်ငန်းခွင်အာမခံချက်မရှိတာ အလုပ်ရှားပါးတာနဲ့ဥပ​ဒေစိုးမိုးမှု့မရှိတာဖြစ်တယ်။

မြန်မာ့အလုပ်သမားထုအနေနဲ့မေဒေးနေ့မှာမေဒေးစိတ်ဓာတ်ကိုဘယ်လိုဆွဲကိုင်ပြီးတိုက်ပွဲဝင်သင့်တယ်ဘယ်လိုပြုမူနေထိုင်သင့်တယ်ဆိုတာလေးလဲပြောပြပေးပါ။

ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသလိုကိုယ့်ကံကြမ္မာကိုကိုယ်တိုင်ဖန်တီးရမယ်ဆိုတဲ့စိတ်ဓါတ်နဲ့အလုပ်သမားသွေးစည်းညီညွတ်ရေးဟာအလုပ်သမားတွေရဲ့ဝိဥာဏ်ဖြစ်ပါတယ်။

မေဒေးနေ့မှာအလုပ်သမားတွေဟာမိမိတို့လုံ​ခြုံရေးနဲ့ဘဝတိုးတက်ရေးအတွက်အလုပ်သမားထုရဲ့ရည်ရွယ်ချက်တွေကိုမျက်နှာချင်းဆိုင်နှီးနှောဖလှယ်ပြီးမေဒေးအလံကိုကိုင်စွဲပြီးချီတက်ဖို့လမ်းစဥ်တွေချမှတ်စတင်ကြရမယ်ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026