NEWS

ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း

CoverLogo
133 Views
 
Myanmar Guotai Huasheng Glory Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံမှည ကိုယ်ဝန်ဆောင်အလုပ်သမားကို က လိုင်းစူပါတဦးက ခွင့်မယူနဲ့ ပြောဆိုပြီး ကိုယ်ဝန်ဖျက်ချ ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လိုင်း ၅ က စူပါက ကိုယ်ဝန်ဆောင်အလုပ်သမား ဆေးခွင့်ယူ ဆေးခန်းပြတာကို ‘အလုပ် ရှုတ်တယ် ခွင့်တွေလာမယူနဲ့၊ ဖြစ်နိုင်ရင်ကလေးဖျက်ချလိုက်’ ဆိုပြီး ပြောတယ်” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောဆိုပါတယ်။
 
လုပ်ငန်းခွင်ထဲက လိုင်း၅၊ လိုင်း၈၊ လိုင်း၁၀၊ လိုင်း၁၆ စူပါ ခေါင်းဆောင်တွေအပေါ်ကြမ်းတမ်းစွာ ဆက်ဆံတဲအပြင် အောစူပါ၊ စူပါတွေတွေကို ပြန်ပြောတဲ့ အလုပ်သမားတွေကို ဝမ်းတိန်းထိုးခိုင်းပြီး အလုပ်ပါထုတ်မယ်ဆိုပြီး HR က ခြိမ်းခြောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စံချိန်မပြည့်တာနဲ့ အောစူပါ၊ စူပါများ အောဟစ်ဆဲတယ်။ ရုံခန်းခေါ် ဝမ်တိန်းထိုးခိုင်းတယ်။ လိုင်း ၁၆စူပါက သူတောင်းတဲ့ စံချိန်မပြည့်လို့ ဆဲတဲ့ အပြင် အထည်မပြည့်လို့ အချိန်ပိုအိုတီပါခေါ်တာ၊ မဆင်းတဲ့အလုပ်သ မားမျာဆို တခါတည်း အလုပ်ထွက်ခိုင်းတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားမ ခွင့်ရက် ခံစားခွင့် မရတဲ့ အပြင် ဂိတ်ပတ်စ် မပေးဘူးဆိုပြီး HR ဌာနက ပြောဆိုတဲ့ အပြင် အခက်အခဲကို တင်ပြပြောဆိုတဲ့ အလုပ်သမားတွေကို အောစူပါ၊ စူပါနဲ့ HR က အငြိုးအတေးထားပြီး စောင့်ကြည့် အပြစ်ရှာတယ်လို့လည်း ပြောပါတယ်။
 
“HR က အလုပ်သမားတွေရဲ့ လက်ကိုင်အိပ်ထဲအထိ နှိုက်ရှာတယ်။ HRက ‘နင်တို့က အလုပ်ချိန် မုန့်စားခွင့်မရှိဘူး ငါနဲ့မတုနဲ့’ လို့ ပြောတယ်။ မုန်းမစားပဲ အိပ်ထဲတွေ့တာနဲ့ ဝမ်တိန်ထိုး ရတယ်။ အလုပ်ချိန် မုန့်စားနေလို့ ဝမ်တိန်ထိုးရတာကို လက်ခံပါတယ်။ အခုက ကမုန့်တွေ့တာနဲ့ ဝမ်တိန်ထိုး ခိုင်းတာပါ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
ခွင့်တိုင်ပေမဲ့ ခွင့်မရတာကြောင့် တစ်ရက်ပျက်လို့ ကျပ် ငါးသောင်းကျော် အဖြတ်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေရဲ့ လစာက ဒေးကြေး ၁၁၃၀၀ ၊ ရက်မှန်ကြေးက ၅၀၀၀၀၊ ဂရိတ်ကြေးကတော့ အောစူပါ၊ စူပါတွေက သူတို့နဲ့ အဆင်ပြေသူပဲကို ဂရိတ် အမြင့် ပေးတယ်။ ခွင့် တိုင်းလည်း မရဘူး။” လို့ ပြောပါတယ်။
 
Myanmar Guotai Huasheng Glory Fashion Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊စက်မှုဇုန် ၂ ၊ ဦးထွန်းညိုလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ အလုပ်သမားတေံက ပြောပါတယ်။ အလုပ်သမား ၁၀၀၀ ကျော်က Xside, Lc Walklk lတံဆိပ်ဖြင့် အင်္ကျီ၊ ဘောင်းဘီတွေ ချုပ်လုပ်နေပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာ မရှိဘူးလို့ သိထားပါတယ်။

Related posts

Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026