NEWS

ကားအနောက်ဘက်တွင် တာလပတ်ဖြင့် ဖုံးအုပ် ခေါ်ဆောင်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ

CoverLogo
312 Views
ထိုင်းနိုင်ငံ အယုဒ္ဓယမြို့အနီးက အာရှလမ်းမကြီးပေါ်တွင် သံသယဖြစ်ဖွယ် ယာဉ်တစ်စီးကို အဝေးပြေးရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးရာမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၆ဦး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
နိုဝင်ဘာ ၅ရက် ညပိုင်းက အဖမ်းခံခဲ့ရခြင်းဖြစ်ကာ ထိုင်းယာဉ်မောင်းဖြစ်သူက မြန်မာလုပ်သားတွေကို ယာဉ်အနောက်ဘက်မှာ စိုက်ပျိုးရေးပစ္စည်း သယ်ယူဟန်ဆောင်ပြီး သစ်သားပြားတွေနဲ့ အဆင့်ပြုလုပ်ကာ မြန်မာလုပ်သားတွေကို ကြပ်ညပ်စွာ တင်ဆောင်ပြီး အပေါ်မှအမိုးအကာနဲ့ ဖုံးအုပ်ထားတာ တွေ့ရှိရတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။
 
မြန်မာလုပ်သားတွေကို စစ်ဆေးရာမှာလည်း နိုင်ငံကူးလက်မှတ် အပါအဝင် တရားဝင်အထောက်အထား စာရွက် စာတမ်း မပါရှိဘူးလို့ဆိုပါတယ်။
 
ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူရဲ့ ဘေးမှာလည်း စိတ်ကြွဆေးပြား ၃၄ ပြားနဲ့ မူးယစ်ဆေး (ICE) ၀.၃ ဂရမ်ကိုပါ ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပြီး ယခုလို မြန်မာလုပ်သားတွေကို ပို့ဆောင်ဖို့ တစ်ဦးကို ဘတ် ၅၀၀ နှုန်းရရှိကြောင်းနဲ့ မူးယစ်ဆေးဝါးတွေဟာလည်း သူ့ပိုင်ဆိုင်မှု ဖြစ်တယ်လို့ ဝန်ခံကြောင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
ဒါ့အပြင် စစ်ဆေးမှု မှတ်တမ်းတွေအရတော့ မစ္စတာ ဘွန်ချူအွိုင်းဟာ အခုလို လူကုန်ကူးခြင်း ကြောင့် ယခင်က လည်း ၂ ကြိမ် ဖမ်းဆီးခံရဖူးတဲ့အတွက် ယခုအကြိမ်လျှင် တတိယအကြိမ် ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
အဖမ်းခံရသူတွေ ကို တရားဥပဒေဆိုင်ရာ လုပ်ငန်းသက်ဆိုင်ရာ စစ်ဆေးရေးမှူးဆီကို လွှဲပြောင်းပေးလိုက်ကြောင်းသိရပါတယ်။
 
Ref-Khaosod၊Matichon Online News

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026