NEWS

ကာလာခွဲ ဆေးခြယ်အလုပ်သမားများအား တာဝန်ရှိတွေက ဖိအားပေးလက်မှတ်ထိုးခိုင်း

CoverLogo
210 Views
ရန်ကုန်မြို့ ၊ လိူင်သာယာမြို့နယ်၊ နဝေဒး အိမ်ယာက Myanmar Yong Jia Garment Color Correction Co.,Ltd (ကာလာကွဲဆေးခြယ်) လုပ်ငန်းမှာ အမျိုးသမီးဝန်ထမ်း ၃ ဦးကို အလုပ်သမားအရာရှိတွေက ဖိအားပေးလက်မှတ် ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။
 
တိုင်ကြားချက်တွေ မပြီးပြတ်သေးဘဲ မတ် ၁၃ ရက်မနက်ပိုင်းမှာ သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာနတွေက ဦးစီးမှူးတွေ လုပ်ငန်းရှင်နေအိမ်ကို သွားရောက်ပြီး တိုင်းကြားထားတဲ့ ဝန်ထမ်းအမျိုးသမီးတွေကို ခေါ်ယူ တွေ့ဆုံ ပြီး လုပ်ငန်းရှင်အကြိုက် အတင်းအကျပ်ဖိအားပေး ခြိမ်းခြောက် လက်မှတ်ထိုးခိုင်းခဲ့တာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က ထုတ်ပြန်ထားပါတယ်။
 
မမွန်မွန်စန်းပါ အမျိုးသမီး အလုပ်သမား ၄ ဦးကို လုပ်ငန်းရှင်ဘက်က EC စာချုပ် ချုပ်ဆိုထားတာ မရှိတာ ကြောင့် မြို့နယ်(အ.လ.ည) ရုံးကို မတ်လ ၆ ရက်မှာ နောက်ဆုံးတင်ပြထားပြီး ပြီးပြတ်မှုမရှိသေး တာ လို့လည်း သိရပါတယ်။
 
မမွန်မွန်စန်းပါ ၇ ဦးကို ညနက် ၈နာရီအထိ အချိန်ပိုမဆင်းလို့ဆိုပြီး အလုပ်ရှင်က အလုပ်ကနေ ပြီးခဲ့လထဲမှာ အလုပ်ထုတ်ခဲ့တာကြောင့် သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွေမှာ ဖြေရှင်းခဲ့ရာ အလုပ်ပြန်လည် ခန့်အပ်ခဲ့ တဲ့ အပြင် ကြားကာလ နစ်နာကြေးပေးချေဖိုနဲ့ လုပ်ငန်းခွင် ခွဲခြား မှုမပြုဘဲ လုပ်ကိုင်စေဖို့ လုပ်ငန်းရှင် ဘက်က သဘောတူခဲ့ပါတယ်။ ဒါ့ပေမဲ့ မတ် ၅ ရက်မှာ မမွန်မွန်စန်းကို လစာငွေ လုံး၀မပေးဘဲ ဖြတ်တောက်ခဲ့လို့ မတ်လ ၇မှာ ထပ်မံ ဖြေရှင်းခဲ့ရပြီး လစာပြန်လည်ရရှိခဲ့ပါတယ်။
 
ဖြေရှင်းဆောင်ရွက်နေဆဲ ကြားကာလအတွင်း လုပ်ငန်းရှင်ဘက်က မမွန်မွန်စန်း ပါ အလုပ်သမား ၄ ဦး ကို အခြားဝန်ထမ်းတွေနဲ့ တန်းတူညီမျှမှု မရှိဘဲ ခွဲခြားဆက်ဆံကာ၊ စံချိန် (Hourly) တိုးမြှင့်တောင်းခံတာတွေ အပြင် တခြားဝန်ထမ်းများရှေ့မှာ ဆဲဆိုကြိမ်းမောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
PEPSI ကုမ္ပဏီကို ထပ်တိုးတရားစွဲရန်အမိန့်ချမှု ၉ရက်နေ့ပြန်လည်ချိန်းဆိုထား
May 08, 2024
Cover
လူငယ်တွေရဲ့အနာဂတ်ကို ရိုက်ချိုးလိုက်တဲ့ စစ်ကောင်စီရဲ့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သတ်ပိတ်ပင်မှု
May 07, 2024
Cover
"ရုန်(လ်)သာအထည်ချုပ်စက်ရုံက အလုပ်သမားများကိုအချိန်ပို အတင်းအကျပ်ခေါ်ယူစေခိုင်း
May 07, 2024
Cover
မေဒေးအလွန်မှာ စက်ရုံအချို့ လုပ်အားခတိုးမြှင့်ပြီးလုပ်သားခေါ်ယူတာတွေရှိလာ
May 07, 2024
Cover
Myanmar Yong Jia Garment Color Correction(ကာလာကွဲဆေးခြယ်) လုပ်ငန်းက လုပ်ခလစာနဲ့နစ်နာကြေးပြန်လည်ပေးချေ
May 06, 2024
Cover
အထည်စံချိန်အလွန်အကျွံတောင်းခံချုပ်လုပ်ခိုင်း၊ အထည်စံချိန်မပြည့်ပါက ရေသောက်ခွင့်မပေး
May 06, 2024
Cover
အလုပ်လျှောက်ပါက ငွေကြေးတောင်းခံ၊ လုပ်ငန်းခွင်အတွင်းကိုယ်ထိလက်ရောက်ကျူးလွန်နေ
May 06, 2024
Cover
အမျိုးသားတွေပြည်ပကိုအလုပ်ထွက်လုပ်ခွင့်ပိတ်ပင်တာက တရားမဝင်ရွှေ့ပြောင်းသွားလာမှုတွေပိုမိုဖြစ်လာနိုင်တယ်လို့ဆို
May 03, 2024