NEWS

ကရိန်းသံဘောင် ပြိုကျမှုဖြစ်စဉ်ကြောင့်သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇ သိန်းခွဲကျော်ပေးအပ်

CoverLogo
269 Views
 
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Italian Thai Development Co.,Ltd ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဖြစ်တဲ့ ဖလမ်းဆောင် (RAMA-2) အမြန်လမ်းက ကွန်ကရစ်ဘလောက်တုံးတွေ ချိတ်ဆက်တပ်ဆင်တဲ့ ကရိန်းသံဘောင်ပြိုကျမှုဖြစ်စဉ် မှာ သေဆုံးခဲ့တဲ့ မြန်မာ လုပ်သား အတွက် လူမှုဖူလုံရေး အာမခံကြေး ဘတ် ၇ သိန်းခွဲ ကို ကျန်ရစ်သူမိသားစုထံ ပေးအပ်ခဲ့တယ်လို မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
 
၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်က ဖလမ်းဆောင် (RAMA-2) အမြန်လမ်းမှာရှိတဲ့ ကွန်ကရစ်ဘလောက်တုံးတွေ ချိတ်ဆက်တပ်ဆင်တဲ့ ကရိန်းသံဘောင်ပြိုကျ မှု ဖြစ်ပေါ်ခဲ့ ပြီး မြန်မာရွှေ့ပြောင်း လုပ်သား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား လုပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
 
သေဆုံးခဲ့တဲ့ မြန်မာအလုပ်သမား ၃ ဦးမှာ ကိုဇင်ကိုအောင်၊ ကိုနေလင်းအောင်နဲ့ ကိုထိုက်ဝေယံ တို့ ဖြစ်ပြီး ယခု အာမခံကြေးမှာ MoU စနစ်နဲ့ လာရောက်ခဲ့တဲ့ ကိုနိုင်လင်းအောင် အတွက် လူမှုဖူလုံရေးဥပဒေနှင့်အညီ ရသင့်ရထိုက် တဲ့ လူမှုဖူလုံရေးအာမခံကြေး ဘတ် ၇၅၂,၅၉၀ ကို သံအရာရှိရုံး က ဩဂုတ်လ ၅ရက်နေ့မှာပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ကရိန်းသံဘောင်ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၉ ဦးခန့်ရှိပြီး ၄င်းတို့ ထဲမှာ မြန်မာအလုပ်သမား ၁၀ ဦး အထက် ရှိတယ်လို့ သိရကာ ထိခိုက်ဒဏ်ရာ ပြင်းထန်သူတွေလည်းပါဝင်ခဲ့တယ်လို သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာတုန်းကလည်း လုပ်ငန်းခွင်အတွင်းကရိန်းသံဘောင်ပြိုကျမှုကြောင့် မြန်မာအလုပ်သမား ၄ဦးသေဆုံးခဲ့ကာ ကုမ္ပဏီဘက်မှ လူသားချင်းစာနာထောက်ထားမှုအရ စေတနာကြေး အဖြစ်တစ်ဦးကို ဘတ်တစ်သန်းစီ စုစုပေါင်း ဘတ်လေးသန်းကို ၂၀၂၅ခုနှစ် မေလ ၃၀ရက်က မြန်မာသံအရာရှိရုံးမှာ ကျန်ရစ်သူ မိသားစုဝင် တွေကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026