NEWS

ကမ္ဘောဒီးယား လုပ်သား များနေရာ မြန်မာလုပ်သားများဖြင့် အစားထိုးရန် ထိုင်းပြင်ဆင်

CoverLogo
466 Views
 
ထိုင်းနိုင်ငံရှိ စက်ရုံ အလုပ်ရုံ တွေ မှာ လစ်လပ်သွားတဲ့ ကမ္ဘောဒီးယား လုပ်သားတွေရဲ့ နေရာ ကို မြန်မာရွှေ့ပြောင်း လုပ်သား များ အား အစားထိုး ခန့် ဖို့ စက်ရုံပိုင်ရှင်အချို့ပြင်ဆင်နေတယ်လို့ ထိုင်းသတင်းတွေ ရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက် က ဆမွတ်ဆာခွန်ခရိုင်ရှိ အလုပ်သမားရေးရာအရာရှိများက ဒေသတွင်း စက်မှုဇုန်အလုပ်ရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
 
၎င်းဆွေနွေးမှုမှာ နယ်စပ်အခြေအနေတွေကြောင့် နေရပ်ပြန်သွားကြ တဲ့ ကမ္ဘောဒီးယားအလုပ်သမား တွေရဲ့ လစ်လပ်နေရာ တွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ နဲ့ အစားထိုးခန့်ထားရေးကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
 
နယ်စပ်အခြေနေတွေကြောင်​့ ကမ္ဘောဒီယား လုပ်သား အချို့ဟာနေရပ်ကို ပြန်သွားကြပြီးကျန်ရှိသူတွေကလည်း နေရပ်ပြန်သင့်မပြန်သင့်စဉ်းစားနေကျတဲ့ အတွက် ကုန်ထုတ်လုပ်ငန်းထိခိုက်မှု မရှိစေရန် လုပ်ငန်း လည်ပတ်မှု တည်ငြိမ်စေရန် အတွက် မြန်မာလုပ်သားတွေကို ခေါ်ယူဖို့ အလုပ်ရှင်တွေက ကြော်ငြာထားတယ်လို့ ထိုင်းသတင်းမှာဖေါ်ပြထားပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်တိုက်ခိုက်မှု တွေ ဖြစ်ပွားပြီးနောက် ချန်ထပူရီပြည်နယ်၊ ဘန်လမ်နယ်စပ်ဂိတ်မှတစ်ဆင့် ကမ္ဘောဒီးယားအလုပ်သမား တွေ ဟာ မိခင် နိုင်ငံသို့ ပြန်လည် ထွက်ခွာလျက်ရှိ
ပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့၂၀၂၅ခုနှစ် မေလထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားအလုပ်သမား ၅၀၀,၀၀၀ (ငါးသိန်း) ဝန်းကျင်ရှိတယ်လို့ ဆိုပါတယ်။
 
ကမ္ဘောဒီးယားအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၄ ရက်မှ ၂၇ ရက်နေ့အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀,၀၀၀ (နှစ်သိန်း) ကျော် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။
 
ပဋိပက္ခ ဖြစ်ခြင်းရဲ့ အကျိုးဆက်အဖြစ် ကမ္ဘောဒီးယားနိုင်ငံသား ၄၀၀,၀၀၀ (လေးသိန်း) အထိ ထိုင်းနိုင်ငံမှ ထွက်ခွာဖွယ်ရှိကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခန့်မှန်းပြောဆိုထားပါတယ်။
Ref-Naewna News

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026