NEWS

ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဆိုကာ လူငယ် ၄ ဦး ကျားဖြန့်အလုပ်ရုံသို့ လိမ်လည်ရောင်းစားခံရ

CoverLogo
241 Views
 
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် မှ လူငယ် လေးဦး ကို ကမ္ဘောဒီးယား နိုင်ငံ တွင် အလုပ်လုပ်ရမယ်ဆိုကာ လိမ်လည် ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ကို ပို့ဆောင်ကာ အဓမ္မခိုင်းစေမှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်မှာ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ကူမဲမြို့နေ ဒေါ်ဇာဇာစန်းနှင့် ခင်ပွန်းဖြစ်သူ ခင်မောင်လွင်တို့က မြစ်သားမြို့နယ်နေ လူငယ်လေးဦးကို ၎င်းတို့ရဲ့ သားဖြစ်သူ လွင်မင်းထက်မှာ ကမ္ဘောဒီးယား Online Slot Game လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေပြီး ပိုင်ရှင်နှင့် ရင်းနှီးကြောင်း၊ တလလျှင် လစာငွေ ကျပ်သိန်း ၄၀ အထိရရှိမှာဖြစ်သလို လမ်းစရိတ် အတွက်လည်း အကုန်အကျခံ ပို့ဆောင်ပေးမယ်လို့ စည်းရုံး ပြီး မန္တလေး လေဆိပ်မှ တဆင့် တာချီလိတ်သို့ ပိုဆောင်ခဲ့ကြောင်း၊ ယင်းမှ တဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် လမ်းမှ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ Slot Game အလုပ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
 
၎င်း လူငယ်လေးဦးအနက် တဦးမှာ ကွန်ပျူတာစာစီစာရိုက်မရတဲ့ အတွက် ခေါင်းဆောင် ဖြစ်သူ စွမ်းလင်းထက်မှ လမ်းစရိတ် အမေရိကန် ဒေါ်လာ ၁၉၀၀ ကို ပေးလျော်ရန် မပေးနိုင်ပါက ရောင်းစားမည် ဖြစ်ကြောင်း၊ ထွက်ပြေးပါကအစောင့်များက ရိုက်နှက်နှိပ်စက်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကျန်ရှိတဲ့ လူငယ်သုံးဦးမှာလည်း နားချိန်မရှိဘဲ အလုပ်များ လုပ်ကိုင်ရတဲ့ အပြင် လိမ်လည်ရန် လူရှာမရပါက အကြိမ် ၂၀၀ ခန့် ဒိုက်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် ကွန်ပျူတာ စာစီစာရိုက် မရတဲ့ လူငယ်ရဲ့ အဖေမှ လျော်ကြေးငွေအဖြစ် မြန်မာငွေကျပ် ၁၀၅ သိန်းအား Paing Thet Kyaw Acc သို့ KBZ Pay ဖြင့် လွှဲပေးခဲ့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးခဲ့တယ်လို့ စိစစ်သိရတဲ့ အတွက် အမှတ် ၁၁ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလို ပြုလုပ်၍ မြစ်သားမြို့နယ် ကူမဲနယ်မြေရဲစခန်းမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(ခ)ဖြင့် အမှုဖွင့်တရားစွဲတင်ခဲ့ တယ်လို့ သိရပါတယ်။
 
ထိုနောက် ၂၀၂၅ခုနှစ် ဒီဇင်ဘာ ၃၀ရက်မှာ ကျောက်ဆည်ခရိုင် တရားရုံး မှ ဖမ်းမိသူ ဒေါ်ဇာဇာစန်းနှင့် ဦးခင်မောင်လွင်တို့နှစ်ဦးကို လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၆ အရ အလုပ်နှင့် ထောင်ဒဏ်၁၀နှစ် ချမှတ်ခဲ့ပြီး တိမ်းရှောင် တရားခံ စွမ်းလင်းထက်၊ပိုင်သက်ကျော်နဲ့ လွင်မင်းထက် တို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ၈၇/၈၈အတည်ပြု ထုတ်ဆင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
ကမ္ဘောဒီးယား ကျားဖြန့် အလုပ်ရုံတွေမှာ လူကုန်ကူးခံရပြီး ရောက်ရှိနေတဲ့ မြန်မာ လုပ်သားတွေ ရာနှင့်ချီ ရှိနေပြီး အချို့မှာ ထွက်ပြေး လွတ်မြောက်လာသလို အလုပ်ရုံအတွင်း အဓမ္မခိုင်းစေခံနေရသူတွေက ကူညီကယ်ထုတ် ပေးဖို့ ကမ္ဘောဒီးယား ရှိ မြန်မာသံရုံးသို့ အကူညီတောင်းခံမှုတွေလည်း ရှိကြောင်း သိရပါတယ်။
HTH
 

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026