NEWS

ကမ္ဘောဒီးယားက ကျားဖြန့်အလုပ်ရုံများသို့ မြန်မာလုပ်သားများ လိမ်လည်ရောင်းစားခံရပြီဒုက္ခရောက်နေ

CoverLogo
314 Views
 
ကမ္ဘောဒီးယား နိုင်ငံ ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်အလုပ်ရုံ)တွေ ကို လိမ်လည်ရောင်းစား ခံရတဲ့ မြန်မာလုပ်သားတွေ ဒုက္ခ များစွာ ရောက်ရှိနေတယ်လို့ နစ်နာသူ အလုပ်သမား အချို့က ပြောပါတယ်။
 
ပြည်ပအလုပ်အကိုင် ရှာဖွေ နေတဲ့ မြန်မာလုပ်သားတွေကို ပွဲစားတွေက ငွေကြေး လုပ်ခ မက်လုံးပေးပြီး လိမ်လည် ခေါ်ဆောင်တာတွေ လူကုန်ကူးခံရတာ တွေ ဖြစ်တယ်လို့ သိရပါတယ်။
 
"ကမ္ဘောဒီးယား က ကျားဖြန့်ရုံ တွေမှာ မြန်မာတွေ အများကြီး ဒုက္ခရောက်နေကျတာ ကျားဖြန့် လုပ်ငန်း ဆိုတာ သိပြီး လာလုပ်ကျတာ မဟုတ်ဘူး အများစုက ရောင်းစားခံရတာ တွေ လိမ်ခေါ်ခံရတာ တွေ လူကုန်ကူးခံရတာ အသက် ၁၈၊ ၁၉ နှစ် အရွယ်လေးတွေ မြန်မာတွေရာနဲ့ချီ ပြီး နှိပ်စက်နည်းပေါင်းစုံနဲ့ တရုတ် တွေရဲ့ နှိပ်စက်မှု ခံနေရပါတယ်"လို့ ကမ္ဘောဒီးယားရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
အခုလို ကျားဖြန့်အလုပ်ရုံ တွေ မှာ နှိပ်စက်ခံရတဲ့ မြန်မာလုပ်သားတွေထဲမှ အချို့ လုပ်သားတွေဟာ ၎င်းအလုပ်ရုံ တွေ ဆီကနေ အသက်စွန့်ထွက်ပြေး လာကျရာ မှ လွတ်မြောက် လာသူတွေရှိတာကြောင့် ထိုသို့ လွတ်မြောက် လာသူတွေကို ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး က နေရပ် ပြန်နိုင်ဖို့ လုပ်ဆောင်ပေးလျက်ရှိပြီး ကျားဖြန့်ရုံရောက်ရှိနေသူတွေ ထွက်ပြေးလာသူတွေ အနေနဲ့ မြန်မာသံရုံးကိူ အကူညီတောင်းခံနိုင်တယ် လို့ ဒီဇင်ဘာ၂၃ရက်မှာ သံရုံး အကြီးအကဲ ရဲ့ တယ်လီ ဖုန်း နံပတ် ပါကြေညာအသိပေးထားပါတယ်။
 
"တကယ်တိုင်လို့ မိရင် သေလုအောင် နှိပ်စက်ခံရတာ တရုတ်အယောက် ၂၀လောက်က တုတ်တွေနဲ့ လူအများရှေ့မှာ လာကြည့်ထားဆိုပြီး ဝိုင်းရိုက်ကျတာ ကျဉ်စက်နဲ့ လည်း ဝိုင်းတို့တယ် ကိုယ့်မြန်မာတွေ အနှိပ်စက်ခံနေရတာ မြင်နေလဲ ဘာမှ လုပ်မပေးနိုင်ဘူး၊ ကျားဖြန့် အလုပ်ရုံ နေရာကို location အတိအကျ ထောက်ပြ ပို့ပေးရင် စစ်ဆေးပြီး ကူညီပေးစေချင်တယ်" လို့ကျားဖြန့်အလုပ်ရုံမှာ အလုပ်လုပ်ကိုင်နေရသူ တစ်ဦးကပြောပါတယ်။
 
အခုလို ကမ္ဘောဒီးယားရှိ ကျားဖြန့်အလုပ်ရုံ တွေ မှာ မြန်မာလုပ်သား တွေဒုက္ခရောက်နေတဲ့ အတွက် ကူညီပေးဖို့ ကမ္ဘောဒီးယားဆိုင်ရာ မြန်မာသံရုံး Facebook Page အောက်တွင်လည်း မြန်မာလုပ်သားအချို့က အကူညီတောင်းခံ ထားတာ တွေ လည်း တွေ့ရပါတယ်။
 

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026