NEWS

ကမ္ဘောဇဘဏ်က ရေဘေးအတွက်  ငွေကျပ် ၁၀ ဘီလီယံလှူဒါန်းမယ်လို့ အသိ​ပေးပြီးနောက် အကောင့်ပိတ်တာတွေပြုလုပ်လာ

CoverLogo
621 Views

ကမ္ဘောဇဘဏ်လီမိတက်က ရေကြီးရေလျှံဖြစ်ပွားလျက်ရှိတဲ့ သဘာဝဘေးအန္တရာယ်သင့် နေရာဒေသ​က ရေဘေးသင့်ပြည်သူများအတွက် ကျပ် ၁၀ ဘီလီယံလှူဒါန်းမယ်လို့ သတင်းထုတ်ပြန်ပြီး​နောက်  K pay အကောင့်ပိတ်ခံရတာတွေဆက်တိုက်များပြားလာတယ်လို့ အသုံးပြုသူ​တွေထံကသိရပါတယ်။ 

KBZ ဘဏ်အနေနဲ့ ကူညီကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်  ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း ၁ဝ၀၀ ဖြင့် ကျပ်ငွေ ၁၀ ဘီလီယံ လှူဒါန်းရန်ခွင့်ပြုထားတယ်လို့ စက်တင်ဘာ ၁၆ရက်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

"သတင်းက ညကမှတက်လာတယ်။ ခုမနက်ပဲ K pay အကောင့်ပိတ်ခံရတာတွေ အများကြီးပေါ်လာတယ်။ K pay User ထဲမှာဆိုအများကြီးပဲ။ သိန်း၅၀ ကျော်ရှိတဲ့အကောင့်ကို ပိတ်လိုက်တယ်တဲ့။ ငွေကြေးခဝါချမှုတဲ့ သူကရေဘေးလှူတာပဲ။ Notes မှာရေဘေးအလှူလို့မှတ်ချက်ပေးလွှဲထားတာကို ငွေကြေးခဝါချမှူဆိုပြီးပိတ်တယ်။ အခြား user တွေလည်း K pay ကငွေလွှဲမရဘူး call center ကိုခေါ်ဖို့ပဲပေါ်တယ် အဲလိုတွေအများကြီးထွက်လာတယ်" လို့ K pay အသုံးပြုသူတစ်ဦးကဆိုပါတယ်။ 

အ​ကောင့်ပိတ်ခံရမှုအတွက် ဘဏ်မှမည်သည့်အာမခံချက်မှမ​ပေးထားသလို မည်သည့်စုံစမ်းစစ်​ဆေးခွင့်မှလည်းမပြုဘဲ သုံးစွဲသူ​တွေထံကဖြတ်​တောက်လိုက်တာဖြစ်လို့ ​ငွေသားနည်းပါးသူအချို့သာပြန်ရတာ ရှိတယ်လို့ ဆိုကြပါတယ်။ 

KBZ အ​နေနဲ့ သုံးစွဲသူ​တွေထံကို ပိတ်ဆို့ထားတဲ့  အ​ကောင့်​အ​ရေအတွက်နဲ့ ​ပိတ်ဆို့ထားတဲ့​ငွေသားပမာဏကိုလည်း ထုတ်ပြန်တာမရှိပါဘူး။ 

"ကျွန်မအကောင့် သိန်း၅၀ ရှိပါတယ်။ ကျွန်မမနေ့ကရေဘေးလှူတာပဲ။ အဲတာကို ငွေကြေးခဝါချမှုတဲ့ ယာယီပိတ်လိုက်တယ်တဲ့။ တခြားဘာအကြောင်းလဲသေချာမသိရဘူး စိတ်ညစ်တယ်။ ကျွန်မလိုလူတွေအများကြီးရှိနေတယ်" လို့ User တစ်ဦးကဆိုပါတယ်။ 

KBZ ဘဏ်အနေနဲ့ ငွေကျပ်၁၀ဘီလီယံလှူဒါန်းပြီး ယခုလိုအကောင့်ပိတ်တာတွေ ယာယီပိတ်တာတွေဆက်တိုက်ပြုလုပ်လာလို့ အဆိုပါအလှူဟာ ၇ ရက်သားသမီးရဲ့အလှူဖြစ်ပြီး ပြည်သူဆီကအတင်းအဓမ္မယူကာ လှူဒါန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ 

Kbz ဘဏ်အနေနဲ့ ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိသော မြို့နယ်အသီးသီးရှိ ဘဏ်ခွဲများမှဝန်ထမ်းများနှင့် မြို့မိမြို့ဖများပူးပေါင်းကာ  ရေဘေးသင့်နေရာဒေသများအတွက် ပံ့ပိုးနေသလို ရေဘေးသင့်ဒေသများရှိ ပြည်သူများ အသင့်စားသုံးနိုင်သော အစားအသောက်များ၊ မပုပ်မသိုးနိုင်သော အသင့်စားငါးသေတ္တာများ၊ စည်သွတ်ဘူးများ၊ သောက်ရေသန့်ဘူးများ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မဝတ်လုံချည် အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကိုလည်း ရေဘေးဒဏ်ပြင်းထန်အဆိုး ရွားဆုံးခံစားရသည့်နေရာဒေသများအထိ အမြန်ဆုံးပေးပို့လှူဒါန်းလျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မြန်မာနိုင်ငံရဲ့ပြည်နယ် နဲ့ တိုင်း ၉ ခုက မြို့နယ် ၅၉ မြို့နယ်မှာ စက်တက်ဘာ ၁၀ရက်ကစတင်တဲ့ရာဂိမုန်တိုင်း နောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်တာတွေဖြစ်ပေါ်ပြီး လူဦးရေပေါင်း ၆၃၁၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး သေဆုံး၊ပျောက်ဆုံးနဲ့ဒဏ်ရာရ ရှိသူတွေရာနဲ့ချီရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိုနှိုင်းရေးရုံး OCHA myanmar က သတင်းထုတ်ပြန်ထားပါတယ်။

Photo- KBZ

 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026