NEWS

ကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ

CoverLogo
2.1K Views

စက်တင်ဘာ ၂၇ ရက်နေ့ရဲ့ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာငွေလဲနှုန်းအရ တစ်ဒေါ်လာလျှင် ၄၈၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာတယ်လို့  ပြင်ပစျေးကွက်ပေါက်စျေးအရ  သိရပါတယ်။ 

"ဒီနေ့က ၄၈၀၀ အမြင့်ဆုံးက ၄၉၀၀။ဒါပေမဲ့ ၄၈၀၀ လောက်နဲ့ပိုအရောင်းဝယ်ဖြစ်တယ်။ online transfer နဲ့ဆိုရင် ၄၇၀၀ လောက်အထိဖြစ်သွားပြီ။ ဒီနေ့ကစျေးကွက်နောက်ဆုံးနေ့ဆိုတော့ ဒီလောက်နဲ့ရှိနေနိုင်တယ်။ လာမဲ့အပတ်တော့မသိနိုင်ဘူး" လို့ လုပ်ငန်းခွင်အတွင်းဒေါ်လာအသုံးပြုသူတစ်ဦးကဆိုပါတယ်။ 

ယခုတစ်ပတ်တာအတွင်း နိုင်ငံခြားငွေစျေးကွက်ဟာ စက်တင်ဘာ ၂၁ ရက်နေ့ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၅၁၀၀ ကျပ်ရှိခဲ့ရာကနေ စက်တင်ဘာ ၂၄ ရက်အထိ ကျပ် ၅၁၀၀ နဲ့ စျေးတန်းငြိမ်နေခဲ့ပြီး စက်တင်ဘာ ၂၅ရက်မှာတော့ တစ်ဒေါ်လာကျပ် ၅၀၀၀ ဖြစ်လာကာ စက်တင်ဘာ ၂၆ရက်မှာတော့ တစ်ဒေါ်လာလျှင် ကျပ်၅၀၀၀ အောက် ​ရောက်ရှိကာ ၄၉၀၀ ကျပ်မှ ယနေ့ စက်တင်ဘာ ၂၇ ရက်မှာတော့ တစ်ဒေါ်လာလျှင် ၄၇၀၀ ကနေ အမြင့်ဆုံး ၄၉၀၀ ကျပ်အထိ ရောက်ရှိသွားပြီးဆက်လက်၍လည်း  အကျဘက်ကိုအားသာနေတယ်လို့ခန့်မှန်းတာတွေရှိနေပါတယ်။ 

ပြင်ပပေါက်စျေး online transfer အရ တစ်ဒေါ်လာလျှင် ၄၇၀၀ အထိကျဆင်းလာခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်အပါအဝင် လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာငွေလဲနှုန်းကတော့ တစ်ဒေါ်လာလျှင်  ၃၅၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့ကာ  Customer တွေကို ရောင်းပေးတဲ့ ငွေလဲနှုန်းကတော့  တစ်ဒေါ်လာကို ၂၁၀၀ ကျပ်မှ အမြင့်ဆုံး ၄၂၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလိုဒေါ်လာစျေးကျဆင်းလာတာဟာ စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၄၇ သန်း ထုတ်ရောင်းပေးထားသလို FX Trading Online Platform ကနေ အမေရိကန်ဒေါ်လာ ၆၃ သန်းကျော်ကို ၁၂ ကြိမ် ခွဲရောင်းပေးထားတာကြောင့် ကျဆင်းလာတာလို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026