NEWS

"UNI Global Union Freedom From Fear Award for2021"ဆုကို CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော အလုပ်သမားများ၏ ကိုယ်စားမြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုမှဆုလက်ခံရယူ

CoverLogo
1.6K Views

MyanmarLabourNews
နိုဝင်ဘာ၊၁၀ရက်

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်မှာ
အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Union Network International - UNI Global Union) မှ ပေးအပ်တဲ့ “UNI Global Union Freedom from Fear Award for 2021” ဆုကိုရရှိခဲ့ကြတဲ့ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော အလုပ်သမားမျာ ကိုယ်စား မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု ကို ပေးအပ်ပြီးအလုပ်သမားတပ်ပေါင်းစုကလက်ခံရယူခဲ့တယ်လို့သိရပါတယ်။

ဒီကနေ့မှာပဲ အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Union Network International - UNI Global Union) သည် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်များစွာသော အလုပ်သမားများအား “UNI Global Union မှ ၂၀၂၁ ခုနှစ်အတွက် အကြောက်တရားများမှ လွတ်မြောက်ခြင်းဆု - UNI Global Union Freedom from Fear Award for 2021” ဆုအားပေးအပ်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဆုမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားစိုးရ ပြန်လည် အုပ်ချုပ်ခွင့်ရရှိရန်အတွက် ကြိုးစားဆောင်ရွက်ခြင်း၊ စွန့်စားခြင်း၊ ဖမ်းဆီးခံရခြင်း၊ ထောင်ချခံခြင်း အစရှိသဖြင့် ထူးထူးခြားခြား ရဲစွမ်းသတ္တိများရှိသူများအတွက် အသိအမှတ်ပြုသည့် ဆုလည်းဖြစ်တယ်လို့လဲသိရပါတယ်။


အဆိုပါUNI Global Unionအဖွဲ့ သည် ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း ၁၅၀ နိုင်ငံမှ ကျွမ်းကျင်သူများနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ အလုပ်သမားသမဂ္ဂများဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်သန်းပေါင်း (၂၀) သန်းကို ကိုယ်စားပြုသည့် အပြည်ပြည်ဆိုင်ရာလုပ်ငန်းကဏ္ဍ အဖွဲ့ချုပ်တစ်ခု ဖြစ်ပါသည်။ UNI Global Union ၏ ရုံးချုပ်သည် Switzerland နိုင်ငံ Nyon မြို့တွင် တည်ရှိပါသည်။
UNI Global Union သည် ၂၀၂၁ ခုနှစ်အထိ နိုင်ငံပေါင်းစုံကော်ပိုရေးရှင်းများ (the multinational corporations) နှင့် ကမ္ဘာလုံးဆိုင်ရာမူဘောင်သဘောတူညီချက် စုစုပေါင်း (၅၀) ကျော်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တခုဖြစ်တယ်လို့ဆိုပါတယ်။

UNI သည် International Federation of Commercial, Clerical, Professional and Technical Employees (FIET), Media and Entertainment International (MEI), International Graphical Federation (IGF) နှင့် Communications International (CI) တို့ဖြင့် ၂၀၀၀ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် Union Network International ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၉ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အဖွဲ့ချုပ်၏ အမည်ကို UNI Global Union လို့ ပြောင်းလဲခဲ့တာပါ။

Video - Myanmar Labour Alliance

 

MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026