NEWS

"ILO ကနေ နိုဝင်ဘာမတိုင်ခင် အကြမ်းဖက်စစ်ကောင်စီကို အရေးယူမှုတွေ ပိုပြင်းထန်လာနိုင်တယ်"

CoverLogo
1.4K Views

ယခုနှစ် နိုင်ဝင်ဘာ မတိုင်ခင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ Governing body အသစ်မှာ စစ်ကောင်စီကို အရေးယူမှုတွေ ပိုပြင်းထန်လာနိုင်တယ် လို့ ILO ရဲ့  ၁၁၀ ကြိမ်မြောက် ညီလာခံကို ITUC ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးခဲ့တဲ့ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

"မြန်မာပြည်အရေးကိစ္စနဲ့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို လာမယ့် နိုဝင်ဘာ
governing body မတိုင်ခင်   ILO ရဲ့ အုပ်ချုပ်ရေးအဖွဲ့မတိုင်ခင်မှာ တင်ပြသွားဖို့ရှိတယ်။ ဒါကြောင့် နိုင်ဝင်ဘာမတိုင်ခင်အကြမ်းဖက်စစ်ကောင်စီအပေါ်မှာ  အရေးယူမှု ပိုပြီးတော့ ပြင်းထန်လာမယ်ဆိုတာ မြင်ရတယ်" လို့ ယင်းကပြောပါတယ်။

လက်ရှိပြုလုပ်နေတဲ့ ILO ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးရာမှာ အားရစရာကောင်းပြီးတော့ စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖာထေးပြောကြားခဲ့တဲ့ ကိုယ်စားလှယ်တစ်ယောက်မှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

"ညီလာခံမှာ တင်ပြမှုတွေကြည့်ရတာအားရတယ် မြန်မာပြည်မှာချိုးဖောက်မှုတွေနဲ့ပတ်သက်ရင် စကစဖက်
ဖက်က နေလိုက်ပြီးတော့ ဖာထေးပြီးတော့ ပြောတဲ့ ကိုယ်စားလှယ် တစ်ယောက်မှ မရှိခဲ့ဘူး။ အစိုးရ၊ အလုပ်ရှင်၊ အ
လုပ်သမားပေါ့နော်   ILO တက်ရောက်နေတဲ့ ကိုယ်စားများထဲမှ မေးခွန်းထုတ်ဖွယ်ရာ အငြင်းပွားဖွယ်ရာ ဆွေးနွေး
တာ မရှိဘူးပေါ့နော်။ ဒါကဘာကိုပြလဲဆိုတော့ စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေက လုံးဝလက်ခံနိုင်စရာ မရှိဘူး ဆို
တဲ့ကိစ္စက အထင်အရှားဖြစ်တယ် အဲ့ဒီလိုမျိုးအနေအထားက မြန်မာပြည်နဲ့ပတ်သက်တဲ့ဖိအားတွေ စကစကို ပိုပြီးတော့ အရေးယူနိုင် ပိုပြီးတော့ထိရောက်တဲ့ဟာမျိူးတွေဖြစ်လာနိုင်တယ်"လို့ ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

ILO အနေနဲ့ကလဲ  commission of inquiry လို့ခေါ်တဲ့ အဆင်မြင့် စုံစမ်းစစ်ဆေးရေး ကော်မတီကို  မြန်မာပြည်ကိစ္စနဲ့ ဖွဲ့ဖို့ဆိုတာကို ဆုံဖြတ်ချက်ချထားပြီး လွတ်လပ် စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မခိုင်းစေမှုပေါ်မှာ မူတည်ပြီးတော့ ချိုးဖောက်မှုတွေကို   စာရင်းပြုစုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"နောက်တခုက နိုင်ငံပေါင်းစုံ အစိုးရကိုယ်စားလှယ်တွေလဲ နိုင်ငံပေါင်းစုံက တက်ရောက်တာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်
ဆောင်ရွက်နိုင်ခဲ့တဲ့ အနေအထားမျိုးဖြစ်တယ် အဲ့ဒါက လဲ အားရစရာ ကောင်းတယ်။ ဒါကြောင့်မို့ ကုမ္ပဏီတွေအနေနဲ့က လဲ မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီးမြုပ်နှံနေတာသည် အခုသတ်ဖြတ်မှုတွေနဲ့ပတ်သက်
ရင်သူတို့မှာလဲ တာဝန်ရှိတယ်ဆိုတာကို  ရှင်းလင်းတဲ့ မက်ဆေ့ပေးလိုက်နိုင်တယ်"လို့ မြန်မာနိုင်ငံစက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM ဉက္ကဌ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီတွေအနေနဲ့ လဲမြန်မာပြည်မှာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပြီး စီးပွားရေးမလုပ်ဆောင်သင့်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေ သူတို့ ချလိမ့်မယ်လို့ မျှော်လင့်ရကြောင်း နဲ့ အဲ့ဒီအတွက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်တွေနဲ့ ပူးပေါင်းပြီးဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေကို သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေက ဒီသတ်ဖြတ်မှုတွေကိုဖြစ်ပေါ်စေပြီး ဒါတွေကို  ပံ့ပိုးနေတဲ့ အကြောင်းအရင်း မဖြစ်ဖို့ဆိုတဲ့ အကြောင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေနဲ့ပတ်သက်ရင် မြန်မာပြည်ကနေထွက်ခွာခြင်းဖြင့်သာ ဆောင်ရွက်နိုင်မယ်လို့ တင်ပြနေတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

ILO ၏ ၁၁၀ ကြိမ်မြောက် ညီလာခံကို ၂၀၂၂ ခုနှစ် မေလ (၃၀)ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာ မြို့၌ ကျင်းပလျက်ရှိပါတယ်။ 
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026