NEWS

အထည်ချုပ် စက်ရုံ အလုပ်သမတစ်ဦးရဲ့ ရင်ဖွင့်စာ

CoverLogo
25K Views

ညီမက ကျောင်းသူပါ အရင်ကဆိုကျောင်းတက်ဖို့ sun၊  sat ခွင့်ယူလို့မရပါဘူး။
ခုတော့ အဲ့ဒါကသိပ်တော့ ပြသနာမရှိပါဘူး။ ခုက overtime  တွေ ဆက်တိုက်ခေါ်နေတာပါ။
All လင်းဆို ရင် တစ်နေကုန်ရယ် နောက်နေ့ ၅ နာရီ ၃၀  ထိ အလုပ်လုပ်ရတယ်။
Sunday ဆိုလဲမပိတ်ပါဘူး export ရှိတယ် အကြောင်းပြပြီး ot  တွေ ဆက်တိုက်ခေါ်တာပါ

ပြီးတော့  ညီမတို့ကိုဆို ကိုရီးယားသူဋ္ဌေး ကအရမ်းဆိုးပါတယ်။
မနက်မိုးလင်းထဲ က တောက်လျှောက်ကို target ရဖို့အော်ငေါက်နေတော့တာ၊ 
မတော်မတရား တွေ ခိုင်းတာပါ။

အလုပ်သမား တွေ စုပြီး ဆန္ဒပြဖို့စည်းရုံးပါသေးတယ်။
နောက်ခံမိသားစု တွေ ငတ်မာစိုးလို့၊ ဘသူမှမပါဝင်ကြပါဘူး။
Covid ဆေး ထိုးရသေးတယ် Card ပေးမယ်ပေါ့နော် ၊ ကတ် ရှိမှ အလုပ်ဝင်ရမယ် ပေါ့
ခု ကတ် တွေရလာတော့လဲ မပေးဘူးလေ လူ တွေထွက်ကြမှာစိုးလို့ သိမ်းထားကြတယ်။

စက်ရုံစည်းကမ်းကတော့ ၃ ရက်ပျက်ရင်ထွက်၊  တစ်ရက်ပျက်ရင် bonus အကုန်ပြုတ်တယ်။ နစ်နာကြေး တွေ လဲဘာမှမရဘူး ဖူလုံရေးကတ်ကပေးတယ်၊ ဝန်ထမ်းက ၂၀၀၀ လောက်ရှိတယ်။
Ot ခေါ်ရင်လဲလေ အလုပ်သမား တွေ မသိရဘူး ခေါ်ချင်သလိုခေါ်နေတာ ပိုက်ဆံရှင်းခါနီးမှလက်မှတ်လိုက်ထိုးခိုင်းတာ
တချို့လိုင်းတေ export မမှီလို့အလကားဆင်းပေးရတယ်။

ခုက တရုတ်စက်ရုံ တွေက  အော်ဒါ တွေ လိုက်ယူပြီး အသည်းသန်ချုပ်နေတာပါ။


ကိုရီးယားလူမျိုးပိုင် World Apparel  စက်ရုံပါ သိုးမွေးထည် တွေချုပ်တာပါ လိပ်စာက ဒညင်းကုန်း မီးရထား လမ်း ဘေး ရွှေပြည်သာ စက်မှုဇုန် ၃ ပါ၊


Related posts

Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026