NEWS

ပုသိမ် Amava Apparel အထည်ချုပ်စက်ရုံတွင်အလုပ်သမားများ စုပေါင်းတောင်းဆိုမှုဖြစ်ပွား

CoverLogo
1.9K Views

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ် ၊အမှတ်၁၃ရပ်ကွက်ရှိ Amava Apparel အထည်ချုပ်စက်ရုံတွင် ဒီကနေ့မှာ ​ အလုပ်သမားများ လုပ်ငန်းခွင်အတွင်းလုပ်လက်စအလုပ်များရပ်ကာ စုပေါင်းတောင်းဆိုမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

"၂၀၂၂ ၊၁၂လပိုင်းမှာ WCC ကိုခေါ်ပြောတယ် ဆေးလက်မှတ်ခွင့် ၁ရက်ယူတာနဲ့ ရက်မှန်ကြေးထဲက တစ်သောင်းကျပ်ဖြတ်မယ် ၊ ရှောင်တခင်ခွင်ရက် ၂ရက်ယူရင် ရက်မှန်ကြေးထဲက တစ်သောင်းကျပ်ဖြတ်မယ် ပြောလာတယ် ဒီကိစ္စကို သမဂ္ဂကို အသိပေးခဲ့တာမရှိဘူး။ အလုပ်သမားတွေက လက်မခံဘူး ၂၀၁၉ ခုနှစ်က အလုပ်ရှင်၊အလုပ်သမား ၊ ဌာနဆိုင်ရာနဲ့ချုပ်ဆိုခဲ့တဲ့ စာချုပ်အတိုင်း ဘာခွင့်ယူယူ ၃ရက်ပျက်မှ တစ်သောင်းကျပ်ဖြတ်မယ် ဆိုတာကို တောင်းဆိုကြတာ"လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အဆိုပါစက်ရုံဟာ သီရိလကာ်နိုင်ငံသားပိုင်၊ လုပ်သား တစ်ထောင်ကျော်ရှိပြီး Blaklader Brand ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ၇လပိုင်း ၂၉ရက်နေ့မှာလဲ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာ၊ လုပ်ငန်းခွင်တွင်း ဖိနှိပ်ခံရတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရတာတွေကြောင့် အလုပ်သမားတစ်ထောင်ခန့်ဟာ ၁၉ချက်ပါ တောင်းဆိုချက်အား စက်ရုံရှေ့တွင်စုပေါင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

"ညီမတို့ကတော့ ၂၀၁၉ကချုပ်ခဲ့တဲ့ စာချုပ်အတိုင်းပဲဆက်ရှိချင်တယ်"လို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

၂၀၁၂၂ ခုနှစ်၊ ၁၂လ ပိုင်းမှာ လူဦး​ရေ ၇၀ ကျော်

ပထမအကြိမ်လုပ်သားအင်အားလျှော့ခဲ့ပြီး ၂၀၂၃ ခုနှစ် ၊ ၄လပိုင်းမှာ လုပ်သားအင်အား ၇၀ ကျော်

ထပ်မံလျှော့ချခဲ့ပါတယ်။

လုပ်သားအင်အားလျှော့ချမူမှာမှာ အလုပ်သမားအခွင့်အရေးသိသူတွေ ၊ အလုပ်သမားရေးတတ်ကြွလှုပ်ရှားသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေနဲ့ သမဂ္ဂခေါင်းဆောင်တွေပါဝင်ခဲ့တာကြောင့် သမဂ္ဂကိုရည်ရွယ်ချက်ရှိရှိ ဖြိုခွင်းတာလို့အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

၂၀၂၃ ခုနှစ် ၂လပိုင်းကလဲ စက်ရုံဘက်ကနေ အလုပ်သမားတွေ ဆေးလက်မှတ်ခွင့်လာယူရင် မပေးဖို့လမဖကိုအကြောင်းကြားပြောဆိုခဲ့တာတွေလဲရှိခဲ့ပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026