NEWS

လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ အလုပ်တွေ ခိုင်းစေခြင်းမပြုလုပ်ဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
962 Views

လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ အလုပ်တွေကို ခိုင်းစေခြင်းမပြုလုပ်ဖို့ အပါအဝင် အချိန်ပိုကို ဖိအားပေးဆင်းခိုင်းတာမျိုးတွေ မပြုလုပ်စေချင်ဘူးလို့  Yangon Art Materials Incorporation Limited  က စက်ရုံလုပ်သားတွေက တောင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မြရတနာလမ်းမှာဖွင့်လှစ်ထားတဲ့ အဲ့ဒီစက်ရုံမှာ အလုပ်သမား ၃၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားမရှိဘူးလို့ သိရပါတယ်။

စက်ရုံမှာ ပန်းချီဘောင်တွေ ထုတ်လုပ်တာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင် ဖြစ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ လုပ်ငန်းခွင်နဲ့ မသက်ဆိုင်တဲ့ ပြင်ပအလုပ်တွေ ခိုင်းစေတာ စက်ရုံပြင်ပ ဘွိုင်လာအတွက် ထင်းသယ်ခိုင်းတာ ထင်းခုတ်ခိုင်းတာတွေရှိပြီး ငြင်းဆန်ခွင့်မရှိဘဲ လုပ်ကိုင်နေရတာကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုများကို သတင်းဌာန တွင် ဖော်ပြပြီးနောက်မှာ ကာလကြာရှည်လုပ်ကိုင်နေရတဲ့ နေ့စားအလုပ်သမားတွေထဲက တချို့ တဝက်ကို ဇန်နဝါရီ ၁ ရက်နေ့တွင် အတည်ဝန်ထမ်းအဖြစ်ခန့်အပ်ခဲ့ပြီးနောက် ၆ လ ကျော်လုပ်သက်ရှိ နေ့စား အလုပ်သမားတွေ ကျန်ရှိနေသေးတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေ ထံကသိရပါတယ်။

လူမှုဖူလုံရေးကတ် ရရှိထားပြီး ဖူလုံရေးဘက်မှ ဆေးခွင့်ရရှိသော်လည်း အလုပ်ရှင်ဘက်က ဒေးကြေး ၄၈၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာရှိတယ်လို့ ဆိုပါတယ်။

" အလုပ်ပိတ်တဲ့အခါကျရင် ခွဲခြားပြီး ပိတ်တာရှိတယ် တန်းတူအခွင့်အရေးမရဘူးပေါ့ အချိန်ပို အိုတီဆင်းခိုင်းတာမျိုး တွေမှာ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေးဘဲ အဓမ္မခိုင်းစေတာ ရှိတယ်  ငြင်းဆန်ရင်  ခွဲခြားဆက်ဆံခံရတယ်"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လက်ရှိ လုပ်ကိုင်နေတဲ့ လုပ်ငန်းအမျိုးအစားဖြစ်တဲ့ ပန်းချီဘောင် စက်ရုံမှာ ၂ ရုံဖွင့်လှစ်ထားတာကြောင့် အလုပ်သမားတွေကို ခန့်အပ်ထားတဲ့ စက်ရုံမှာ အတည်တကျ ခိုင်းစေတာမရှိဘဲ လဲလှယ်ခိုင်းစေတာကြောင့် အခက်တွေ့နေရတယ်လို့ လည်း အလုပ်သမားက ဆိုပါတယ်။

"EC  စာချုပ်ကိုလည်း အလုပ်သမားတွေဘက်ကို ပေးဖတ်တာမျိုးမရှိဘူးခင်ဗျ လက်မှတ်ထိုးခိုင်းပြီး အလုပ်ရှင်ဘက်ကပဲ သိမ်းထားတယ် ပြီးတော့ အလုပ်လုပ်နေချိန်မှာ ထိခိုက်မှု တစ်စုံတစ်ရာရှိရင် အလုပ်ရှင်ဘက်က တာဝန်ယူပေးတာမျိုးမရှိဘူးပေါ့နော် အဲ့ဒါကိုတော့ တာဝန်ယူဆောင်ရွက်ပေးစေချင်ပါတယ်ခင်ဗျ" လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026