NEWS

ရွှေပြည်သာက GY Sen(Primseng GUO) စက်ရုံပိတ်သိမ်းပြီးတစ်လမပြည့်မီပြန်လည်လုပ်သားခေါ်ယူနေ

CoverLogo
1.3K Views

ရွှေပြည်သာမြို့ဝါးတစ်ရာစက်မှုဇုန်မှာရှိတဲ့ အလုပ်သမားထောင်ချီရှိတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံ GY Sen(Primseng GUO) စက်ရုံဟာ  ဖေဖော်ဝါရီ၂၈ရက်မှာ  စတင်ပိတ်သိမ်းလိုက်တာဖြစ်ပေမဲ့ လုပ်သား ပြန်လည်ပြန်ခေါ်ယူလည်ပတ်နေတယ် လို့ အဲ့ဒီစက်ရုံကအလုပ်သမားများထံမှသိရပါတယ်။

စက်ရုံပိတ်သိမ်းစဥ်မှာ အလုပ်သမားနှစ်ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ် လို့သိရပါတယ်။

အဆိုပါစက်ရုံဟာ  ဖေဖော်ဝါရီ (၂၈) ရက် နေ့က ပိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး လုပ်သက်အလိုက်နစ်နာကြေးများပေးခဲ့ပေမဲ့ အလုပ်သမားများအမှန်တကယ်ရသင့်သည့်ပမာဏထက် လျော့နည်းခဲ့ပေမဲ့ အဆင်မပြေမှုများရှိခဲ့ပေမဲ့  စက်ရုံပြန်လည်ဖွင့်လှစ်ပါက  ပြန်လည်ခေါ်ယူမည့်စာချုပ်ဖြင့် လက်ခံထားတာဖြစ်တယ်လို့ သိရပါတယ်။

“စာချုပ်ချုပ်ထားတာဟုတ်တယ်။ ဒါပေမဲ့သူတို့ကခေါ်နေတာကလည်း ခွဲခြားခေါ်တာတွေဖြစ်နေတယ်။ ပိတ်တာကလည်း တစ်လတောင်မပြည့်သေးဘူး။ အလုပ်သမားရုံးတွေကိုလည်းကျွန်တော်တို့တင်ပြမှာပါ။  စူပါကအရင်က ၁၄ယောက်ရှိတယ်။ အခုပရိုမိုးရှင်းမန်နေဂျာမခေါ်တော့ဘူး ၇ယောက်ခေါ်ပြီး ၇ယောက်မခေါ်တော့ဘူး။  ခလေးတွေကိုလည်း  သူတို့ကအင်တာဗျူးခေါ်ပြီးတော့ စက်၅ငါးလုံးနဲ့မဖြစ်နိုင်အောင်ဗျူးတယ်ဗျ။ သူတို့အယောင်ပြပြန်ခေါ်အင်တာဗျူးပေးတယ်။ မဖြစ်နိုင်တဲ့စက် ၅လုံးနဲ့ဗျူးတော့ အဆင်မပြေတော့ပြန်ထွက်လာရတယ်”လို့ အဆိုပါစက်ရုံမှ လုပ်တစ်ဦးကဆိုပါတယ်။  

“ အခုကဂျပန်အော်ဒါလို့တော့ကြားတယ်။ အခုဆိုရင်  စူပါ၇ယောက်ခေါ်ထားတယ်။ ကလေးတွေကိုလိုင်းနှစ် လိုင်းခေါ်ထားပြီ။ သူတို့ကပြန်ခေါ်ပြီဆိုကျွန်တော်တို့ကို အကြောင်းမကြားဘူး ဆက်သွယ်မှုလည်းမလုပ်ဘူး။  သူတို့ခေါ်ချင်တဲ့သူတွေကိုပဲခေါ်တယ်။ ကျွန်တော်တို့က သမဂ္ဂ၀င်တွေမို့မခေါ်တာလားပေါ့။ အတိအလင်း ခေါ်ဗျူ ပြီးခေါ်ပေါ့နော်။  သူတို့ကခွဲခြားပြီးခေါ်နေတာ။ ကျွန်တော်ကလျော်ကြေးယူထားတာမဟုတ်သေးဘူး။ ဒါပေမဲ့ကိုယ်ကထည့်ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ လျော်ကြေးမယူထားသေးဘူးဆိုတာကလည်း ကျွန်တော်ကသူတို့ပြောထားတဲ့အတိုင်း အလုပ်သမားတွေကို အလုပ်ပြန်သွင်းပေးနိုင်ဖို့ စောင့်နေတာ။ သူတို့ကပိတ်တယ်ဆိုပြီး တစ်လတောင်မပြည့်သေးဘဲ  ပြန်လည်ပတ်နေတယ်ဆိုတာက  မဖြစ်သင့်ဘူးဗျ။ Gy Sen ဆိုတဲ့အမည်နဲ့ပဲပြန်ခေါ်အင်တာဗျူုးနေတာ” လိူ့  အဆိုပါအလုပ်သမားကဆိုပါတယ်။  

အဆိုပါစက်ရုံက ပြန်လည်လုပ်ငန်းလည်ပတ်ပါက ယခင် အလုပ်သမားတွေကို ဦးစားပေး ပြန်လည်ခေါ်ယူမည်ဆိုထားပေမဲ့  လက်ရှိမှာတော့စက်ရုံပိတ်ပြီးတစ်လမပြည့်ခင် မတ်လ၁၄ရက်နေ့မှာကတည်းက  စက်ရုံမှာတစ်လိုင်းလျှင်အလုပ်သမား၆၀ဦးဖြင့် စက်လိုင်း၇လိုင်းစာခေါ်ယူလုပ်ကိုင်နေတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ စက်ရုံပိတ်သည်ဟုဆိုကာ  အလုပ်ရပ်နားလိုက်တဲ့ အလုပ်သမားတွေထဲကခွဲခြားခေါ်ယူမှုတွေပြုလုပ်နေတာဖြစ်တဲ့အပြင်  စက်ရုံပိတ်စဉ်ကပြန်လည်ခေါ်ယူဖို့ညှိနှိုင်းလိုက်တဲ့ အလုပ်သမားသမဂ္ဂတွေကိုတော့  ဆက်သွယ်အကြောင်းကြားခြင်းလည်းမရှိသလို  သမဂ္ဂအဖွဲ့၀င်တစ်ရာကျော်မှ တစ်ဦးမျှခေါ်ယူခြင်းမရှိတာကြောင့်  အလုပ်သမားအားလုံးတန်းတူခေါ်ယူစေလိုတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။

“ သမဂ္ဂအဖွဲ့၀င်တစ်ရာကျော်ရှိတယ်။ တစ်ယောက်မှပြန်မခေါ်သေးဘူး။ ကျွန်တော်ဆို ပါဆင်နယ်ကိစ္စဖြစ်ထား လို့ဆိုရင်တောင် ကျွန်တော့်ကိုမခေါ်ရင်တောင် သူတို့ပြောထားတဲ့အတိုင်းအလုပ်သမားတွေကို ပြန်ခေါ်ပေးသင့် တယ်။ သူတို့ကစက်ရုံကိုရောင်းတယ်ပိတ်တယ်လည်းဆိုသေး ဘာလို့တစ်လတောင်မပြည့်သေးဘဲ ပြန်ခေါ်ပီးပြန်လည်ပတ်နေတာလဲပေါ့.။  သူတို့ပြန်လုပ်တယ်ဆိုရင် အလုပ်သမားကိုတော့ အကြောင်းကြားသင့်တယ်” လို့ ဆိုပါတယ်။  

GY Sen(Primseng GUO) အထည်ချုပ်စက်ရုံဟာ  တရုတ်နိုင်ငံသားပိုင်တဲ့ စက်ရုံတွေဖြစ်ပြီးမပိတ်သိမ်းမီက  Primark Brand ကိုချုပ်လုပ်နေကြခြင်းဖြစ်ကာဖေဖော်ဝါရီ၂၈နေ့မှာအပြီးပိတ်သိမ်းမယ်လို့ စက်ရုံတွင်းကြေညာမှုတွေကိုသာပြုလုပ်ခဲ့ပြီး  ခွင့်ပြုချက်တင်တာမျိုးမရှိခဲ့တဲ့အပြင်   ပိတ်သိမ်းမှုအပေါ် လက်မခံတဲ့ အလုပ်သမားတွေအပေါ်ဖိအားပေးတာတွေနဲ့ သမဂ္ဂတွေကလက်မှတ်မထိုးလို့ ထိုးအောင်ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026