NEWS

W&F GROUP CO.,LTD အထည်ချုပ်စက်ရုံမန်နေဂျာ မှ အလုပ်သမားများအား မိုက်ရိုင်းစွာပြောဆိုအလုပ်ထုတ်

CoverLogo
1K Views

W&F GROUP CO.,LTD အထည်ချုပ်စက်ရုံ မန်နေဂျာက မီးပူတိုက်အလုပ်သမားတွေကို ရိုင်းစိုင်းစွာပြောဆိုပြီး အလုပ်ထုတ်ခဲ့တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(မြန်မာ) STUM ဆီက သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ သံဒင်းလမ်းက  W&F GROUP CO.,LTD အထည်ချုပ်စက်ရုံကတော့  ၂၀၂၂ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး SYLVIE MEIS  အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်ခဲ့တယ်လို့ အလုပ်သမား တွေက ပြောပါတယ်။

မတ်လ၊ ၁၃ ရက်မှာ လူလျှော့မယ်လို့ ပြောဆိုပြီး အလုပ်သမား ၅ ဦးကို “ ဒီလိုစောက် ချိုးမျိုးတွေနဲ့ အလုပ်မခန့် ဘူး” လို့ မန်နေဂျာက မိုက်ရိုင်းစွာပြောဆိုကာ ဥပဒေမဲ့အလုပ် ထုတ်ခဲ့တာလို့  အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမား တွေက  STUM  တင်ပြခဲ့တာပါ။

စက်ရုံမှာ နောက်ထပ်ခေါ်ထားတဲ့ အလုပ်သမားတွေကို အလုပ်မထုတ်ဘဲ အရင် စက်ရုံမှူး လက်ထက်က အလုပ်ခေါ်ခန့်ထားတဲ့ အလုပ်သမားတွေကို ခွဲခြား ဆက်ဆံပြီး ရည်ရွယ်ချက်ရှိရှိ အလုပ် ထုတ်ခဲ့တာလို့ အလုပ်သမားတွေက ပြောကြားပါတယ်။

မီးပူတိုက် အလုပ်သမားတွေကို အရင်စက်ရုံမှူးက အထည်ကြေးနဲ့ လုပ်ခရှင်းပေးမယ်ဆိုပြီး  အများရှေ့မှာ တရားဝင်ပြောပြီး အလုပ်ခန့်ခဲ့တာလို့ ဆိုပါတယ်။  

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်မှာ စက်ရုံမှူး အပြောင်းအလဲ ဖြစ်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်မှာ Grade ကြေးနဲ့မပေးတော့ဘဲ  နောက် ၂ လနေ လစားတိုးပေးမယ်လို့ ပြောကြားတဲ့အတွက် အလုပ်သမားများဘက်ကလည်း လက်ခံထားခဲ့လို့ ပြောကြားပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကို ခွဲခြား ဆက်ဆံ မရသလို အလုပ်ထုတ်ရာမှာလည်း  ဥပဒေအတိုင်း အဆင့်ဆင့်ပြုလုပ်ရမှာဖြစ်တယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း လက်အောက် ဝန်ထမ်းကို ဆဲဆို၍ မရသလို တည်ဆဲဥပဒေအရ သက်ဆိုင်ရာ ရဲစခန်းတွေမှာ  ဆဲဆိုမှုနဲ့ အမှုဖွင့် အရေးယူ နိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026