NEWS

အလုပ်သမားက တရားစွဲဆိုထားတဲ့ YFA စက်ရုံပိုင်ရှင် ရုံးချိန်း​ ၄ ချိန်းအထိထပ်မံပျက်ကွက် တရားရုံးကကြားဖြတ်အမိန့်ချမှတ်မယ်

CoverLogo
801 Views

ရွှေပြည်သာမြို့နယ်တရားရုံးမှာ တရားစွဲဆို​ခြင်းခံထားရတဲ့ YFA စက်ရုံပိုင်ရှင်ဟာ တရားရုံးက ဆင့်ခေါ်ထားတဲ့ ရုံးချိန်း ​လေးချိန်းလုံးပျက်ကွက်ခဲ့တာဖြစ်ပြီး လာမဲ့ရုံးချိန်းမှာတော့ ကြားဖြတ်အမိန့်ချမှတ်တော့မှာဖြစ်တယ်လို့ အလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံက သိရပါတယ်။

" အလုပ်သမားက တဖက်သက် စစ်ဆေးရန် တရားရုံးကိုလျှောက်လဲချက်တင်ခဲ့တယ်။ နောက်ရုံးချိန်း ၁၇-၃-၂၃ နေ့ တွင် တရားသူကြီးမှ ကြားဖြတ်အမိန့် တခု ချမှတ်ပေးပါမယ် မိုးအဆုံး၊ မြေအဆုံး ပြေးချင်သလောက်သာပြေးတော့" လို့ ယင်းကဆိုပါတယ်။

YFA စက်ရုံအလုပ်သမားဖြစ်တဲ့ မအိပိုပိုလှိုင်က တရုတ်နိုင်ငံသား စက်ရုံပိုင်ရှင်ကို အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ်ချိုးဖောက်မှုအတွက် မြို့နယ်အလုပ်သမားရုံးရဲ့ခွင့်ပြုချက်နဲ့ အလုပ်ရှင်ကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဇန်နဝါရီလ ၃၁ ရက်က တရားစွဲဆိုခဲ့တာကြောင့် ရုံးချိန်းချိန်းဆိုခဲ့ပေမဲ့ ရုံးချိန်းတိုင်းရောက်ရှိလာခြင်းမရှိဘဲ YFA အထည်ချုပ်ပိုင်ရှင်က မတ်လ ၈ ရက်နေ့ရဲ့ စတုတ္ထ မြောက်ရုံးချိန်း သို့ လာရန်လည်းထပ်မံပျက်ကွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုပျက်ကွက်ခဲ့တာကြောင့် ရုံးချိန်းတက်ရောက်ခဲ့တဲ့အလုပ်သမားက တဖက်သက်စစ်ဆေးပေးဖို့ မတ်လ၈ရက်နေ့ကချိန်းဆိုခဲ့တဲ့ လေးချိန်းမြောက်ရုံးချိန်းမှာ တရားရုံးသို့လျှောက်တင်ခဲ့တာဖြစ်ပြီး လာမဲ့မတ်၁၇ရက်နေ့မှာတော့ အဲ့ဒီလျှောက်တင်မှုကို ကြားဖြတ်အမိန့်ချမှတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

YFAစက်ရုံဟာ အလုပ်သမားတွေကိုအ​ကြောင်းမဲ့အလုပ်ထုတ်ပယ်မှုအတွက်လည်း အငြင်းပွားမှုတွေရှိနေတဲ့စက်ရုံဖြစ်သလို အလုပ်သမား ၁၅၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ပြီး အထည်အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားဥပဒေအရ စက်ရုံပိတ်ရန်ကြိုတင်အသိမပေးဘဲ အလုပ်သမားတွေကို နို့တစ်ကြေးမပေးဘဲ ပြီးခဲ့တဲ့ ၂၀၂၂ နိုဝင်ဘာလကုန်က အလုပ်သမား ၁၅၀ နီးပါးကို အလုပ်ကရပ်စဲလိုက်တာပါ။

#MyanmarLabourNews


Related posts

Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026