NEWS

လုပ်ငန်းခွင်ထဲမှာ ခွင့်တစ်ရက်ပျက်တာနဲ့ ကျွမ်းကျင်ကြေး ဖြတ်တောက်မှုတွေရှိလာ ဥပဒေပါ ခွင့်ခံစားခွင့်များမရရှိတော့ဟုဆို

CoverLogo
822 Views

၂၀၂၃ နှစ်လတာကာလအတွင်းမှာ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်တဲ့ အလုပ်သမားတွေရဲ့အကူညီတောင်းခံလာမှုတွေ မှာ  အလုပ်သမားကခွင့်တစ်ရက်ပျက်တာနဲ့  ကျွမ်းကျင်ကြေးတွေဘယ်တော့မှမရတော့တဲ့ ပြဿနာတွေအပေါ် အကူညီတောင်းခံလာမှုတွေ  ရှိလာတယ်လို့ ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်သူများထံမှ  သိရပါတယ်။  

“ ၂၀၂၃ခုနှစ် တစ်လပိုင်းနဲ့နှစ်လပိုင်းရယ်ကို ၁၀မှုကျော်တက်လာပြီ။ အဲ့ဒီတိုင်ကြားလာတဲ့ဆယ်မှုကျော်တွေထဲ က အကြောင်းအရာတွေက   အများကဘာဖြစ်နေလဲဆိုတော့ ခွင့်တစ်ရက်ယူတာနဲ့  သူတို့ရနေတဲ့ကျွမ်းကျင် ကြေး Grade ကြေးဆိုတာတွေက  အလုပ်သမားတစ်ဦးရဲ့ကျွမ်းကျင်မှုတွေအပေါ်မူတည်ပြီး  grade ခွဲတာပါ။ ABCD ခွဲတာ။ အဲ့ဒီကျွမ်းကျင်ကြေးတွေကို သူတို့ကမပေးတော့ဘူး။ အဲဒီတစ်လတင်မဟုတ်ဘူး။ နောက်လတွေရက်မှန်လည်း မပေးတော့ဘူးဆိုတဲ့ ပြဿနာတက်နေတာ။ အဲဒီကျွမ်းကျင်ကြေးတွေ grade ကြေးတွေကိုမပေးတော့ဘူးဆိုတဲ့ ပြသနာတက်နေတာ”လို့  ပြည်တွင်းအလုပ်သမားရေးကူညီဆောင်ရွက်သူက ဆိုပါတယ်။  

ယခုနှစ်ဇန်နဝါရီနှင့်ဖေဖော်ဝါရီနှစ်လတာကာလအတွင်းမှာ စက်ရုံအချို့ကလုပ်ငန်းရှင်က  စက်ရုံတွင်း အလုပ်သမားက ခွင့်တစ်ရက်ပျက်တာနဲ့  ကျွမ်းကျင်ကြေးတွေကိုခွင့်တစ်ရက်ပျက်တဲ့လသာမက  အခြားသောလတွေမှာလည်း  လုံး၀မပေးတော့ဘူးလို့ဆိုလာတဲ့အတွက် အလုပ်သမားအဖွဲ့ချုပ်ထံမှာ အကူညီတောင်းခံလာတဲ့ဖြစ်စဉ်တွေဟာ တိုင်ကြားလာမှုခြောက်မှုလောက်အထိ  ရှိနေပြီဖြစ်တယ်လို့  သိရပါတယ်။  

ဒါ့အပြင် နောက်ဒုတိယအများဆုံးတိုင်ကြားလာတာက   အချိန်ပိုကြေးမရဘဲ  အချိန်ပိုဆင်းခိုင်းတဲ့အမှုတွေဖြစ်ပြီး  အချို့သောစက်ရုံတွေက စက်ရုံယာယီပိတ်စာရင်းပြကာ လူဟောင်းတွေကိုအလုပ်မှရပ်စဲထားပြီး  အဲ့ဒီစက်ရုံတွေကလူသစ်တွေကိုနေ့စားခေါ်ယူကာ  ပြန်လည်လုပ်ကိုင်နေကြတာတွေဖြစ်တယ်လို့ သိရပါတယ်။

“ အလုပ်သမားတစ်ဦးက စံချိန်မပြည့်ဘူးဆိုရင် ဘယ်လိုလုပ်ပေးမှာလဲမေးလို့ရင် အလုပ်သမားကအချိန်ပိုဆင်းချုပ်ပေးမယ်ဆိုရင် နင်တို့ဆင်းချင်ဆင်းမဆင်းချင်နေ ဆင်းရင်လည်းအချိန်ပိုကြေးရမှာမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့သွားနေတယ်။  အဲ့လိုအမှုတွေတက်လာတယ်။ နောက်တစ်မှုကတော့ စက်ရုံကိုယာယီပိတ်တယ်။  ယာယီပိတ်ထားပြီးမှ  လူသစ်ခေါ်တယ်။ နေ့စားတွေခေါ်ပြီးလည်ပတ်နေတယ်။ လူဟောင်းတွေက လှမ်းမေးတယ် ဘယ်နေ့အလုပ်ဆင်းရမလဲဆိုရင်  အော်ဒါမတက်သေးလို့  သူတို့စူပါတွေကိုယ်တိုင်ချုပ်နေရတယ်။ စက်ရုံဖွင့်ရင်အကြောင်းကြားမယ်ဆိုတာမျိုး  အဲ့ဒီပြဿနာက နှစ်ရုံရှိတယ်။  အဖွဲ့ချုပ်ကိုတိုင်ကြားလာတာပေါ့” လို့  ဆိုပါတယ်။


ယခုလတ်တလောမှာ စက်ရုံတွေက ယာယီပိတ်ထားပြီး နေ့စားခေါ်ယူလည်ပတ်နေတာတွေရှိသလို  စက်ရုံပိတ်ခွင့်ပြုချက်ရယူခြင်းမရှိဘဲ  အလုပ်သမားတွေကိုနစ်နာကြေးပေးကာ  စက်ရုံအပြီးပိတ်သိမ်းတာတွေလည်းဖြစ်လာတာကြောင့်  အလုပ်သမားနှစ်ထောင်ကျော်မှသုံးထောင်ခန့်အထိဟာ  အလုပ်လက်မဲ့တွေဖြစ်လာတယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ- အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ပုံဟောင်း)

#MyanmarLabourNews


Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026