NEWS

Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ အလုပ်သမားအရေး ဖြေရှင်းဆောင်ရွက်မှု မရှိ

CoverLogo
769 Views

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ဆိပ်ကမ်းသာလမ်း၊ အမှတ် ၇၀ က Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်ဘက်က ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ WCC က စက်ရုံအတွင်းဖြစ်ပွားနေတဲ့  အလုပ်သမားရေးနစ်နာမှုတွေကို ဖြေးရှင်းဆောင်ရွက်မှု မရှိဘူးလို့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။

လုပ်ငန်းခွင်အတွင်းအထည်စံချိန်မပြည့်ရင် (သတိပေးလက်မှတ်) ဝမ်တိန်ထိုး၊ အလုပ်ထုတ်မယ်လို့ စူပါတွေက ဖိအားပေး ခိုင်းစေပြီး၊ မန်နေဂျာ ဒေါ်အေးသီတာဆန်းဆိုသူကလည်း ဝန်ထမ်းတွေကို အော်ဟစ် ရိုင်းပြစွာ ပြောဆိုပြီးအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှု ဂရိတ် အလိုက် အထည်စံချိန် မရပါက ဝမ်တိန်ထိုးပြီး အလုပ်ထုတ်မယ်လို့ ကြေညာထားတယ်လို့ စက်ရုံအလုပ်သမားတွေက  မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် လုပ်ငန်းခွင် ထမင်းစားဆောင်မှာ ထမင်းစားခုံမရှိလို့ နေစဉ် မြေပြင်မှာ အစားအသောက် ထိုင်စားနေရတဲအပြင် အောစူပါ ဒေါ်သန်းသန်းဌေးကလည်း အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်း အထည်နဲ့ပစ်ပေါက် အော်ဟစ်ဆဲနေတာကြောင့် အလုပ်သမားတွေဟ အလုပ်ဝင်ရမဲ့အချိန်ကို ထိန့်လန့်ကြောက်ရွံ့ နေကြရတယ်လို့  တိုင်ကြားထားတာ ဖြစ်ပါတယ်။

အလုပ်သမားတွေကို အခုလို ပြုမူခိုင်းစေ ခံရတာကို WCC ကို တိုင်ကြားပေမဲ့ ဖြေရှင်း ဆောင်ရွက် ပေးမှုမရှိဘဲ အလုပ်ရှင်ဘက်က ရပ်တည်နေတာကြောင့် အများပြည်သူတွေ သိရှိနိုင်ဖို့နဲ့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်တွေက ကူညီဖြေရှင်းပေးဖို့ FGWM  ကို ဒုတိယအကြိမ် အကူအညီ တောင်းခံ တိုင်ကြားခဲ့တာလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Myanmar Cincerece Co,ltd အထည်ချုပ်စက်ရုံကတော့ စက်လိုင်း ၁၂ လိုင်းရှိပြီး အလုပ်သမား လူဦးရေ ၈၅၀ နဲ့လည်ပတ်နေကာ AMERICAN HOLIC ကုန်အမှတ်တံဆိပ်ကို  အဓိကချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025