NEWS

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများကြောင့် အခက်တွေ့နေတယ်လို့ WHM Myanmar အလုပ်သမားတွေပြော

CoverLogo
1.2K Views

လုပ်ငန်းခွင်ထဲမှာ အချိန်ပိုအိုတီကို အလုပ်သမားတွေ သဘောတူညီမှုမရှိဘဲ အဓမ္မဆင်းခိုင်း နေပြီး အိုတီဆင်းရန်ငြင်းဆန်ပါက အငြိုးအတေးထားကာ ခွဲခြားဆက်ဆံမှုတွေလုပ်နေတယ်လို့ WHM Myanmar အလုပ်သမားတွေပြော ပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ဆရာစံလမ်း စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတဲ့ WHM Myanmar အထည်ချုပ်စက်ရုံမှာ PUNT ROMA, GEmo, PAPYA, ET VOUS အမှတ်တံဆိပ် အင်္ကျီနှင့် ဘောင်းဘီများ  ချုပ်လုပ်တာလို့ သိရပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ  အလုပ်သမား   ၄၀၀ ကျော်ဖြင့် ပုံမှန်ရက်များတွင်  ညဘက် ၉ နာရီ အထိ အချိန်ပိုအိုတီ ဆင်းခိုင်းပြီး တနင်္ဂနွေ နေ့တွေကို အလုပ်သမားတွေ ဆန္ဒကို ရယူခြင်းမရှိဘဲ၊ အလုပ်ရှင်မှ အတင်းဆင်းခိုင်းမှုများ ရှိနေပြီး တနင်္ဂနွေနေ့ မဆင်းနိုင်တဲ့ အလုပ်သမားတွေကို အလုပ်မှ ထုတ်ပစ်ခြင်းများကို အလုပ်ရှင်ဘက်မှ ဥပဒေမဲ့ လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

“အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို အထည်ကြေး ပိုက်ဆံကိုလည်း အလုပ်ရှင်ဘက်မှ မရှင်းပေးပါ။ တနင်္ဂနွေနေ့ ဆင်းတာကို အချိန်ပိုအိုတီကြေးမပေးဘဲ အလကား ဆင်းပေးရပါတယ်။ အလုပ်သမားများအတွက် သောက်ရေကလဲ သန့်ရှင်းမှု မရှိဘဲ သောက်နေရတာပါ အလုပ်ခွင်ထဲမှာ  ထိခိုက်မှုတွေဖြစ်ရင်လည်း ဆေးခန်းနဲ့   ဆေးပစ္စည်းတွေလည်း မရှိသလို အလုပ်သမားများကိုလည်း EC စာချုပ်လဲ ချုပ်မပေးဘဲ  စည်းကမ်းချက်မှန်သမျှကိုလည်း အလုပ်ရှင်ဘက်က ချည်းပဲတဖက်သက်ချတာတွေ ကြုံနေရတယ်”လို့ WHM Myanmar က အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားများ ခံစားခွင့်ရှိသော  ဥပဒေပါ ခွင့်ရက်များလည်း  ခံစားခွင့်မရှိခြင်း၊ အလုပ်သမားတွေကို အလုပ်ခေါ်ပါက အလုပ်သမား ထောက်ခံစာ (လေဘာ) မယူဘဲ  ရဲစခန်းနဲ့ ရပ်ကွက်ထောက်ခံစာ ဖြင့် နေ့စား လရှင်းနဲ့ ခန့်တာများပြီး မလိုအပ်တဲ့အခါ ဥပဒေမဲ့ အလုပ်ထုတ်မှုများ ရှိနေ တယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ အောစူပါများမှာ အလုပ်သမားများ အပေါ် ရိုင်းစိုင်းစွာ  ဆက်ဆံခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်ပြီး စံချိန်များ မတရားတောင်းခံပြီး စံချိန်တောင်းခံရာတွင် အဆဲအဆိုခံရပြီး တောင်းခံသည့် အတွက် အလုပ်သမား တစ်ချို့က မခံနိုင်ကြလို့ အလုပ်ထွက်သူ အများအပြား ရှိတယ်လို့လည်း အမည်မဖော်လိုတဲ့အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေ ကြုံတွေ့နေရပေမယ့် တိုင်ကြားရန်လည်း အခက်အခဲတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမားတွေ အနေနဲ့လုပ်ငန်းခွင်ထဲမှာ  ခွဲခြားဆက်ဆံတာတွေ ရပ်ဖို့၊  တနင်္ဂနွေ နေ့တွေကို အလုပ်သမားများ ဆန္ဒကို ခံယူပြီးမှ အချိန်ပိုအိုတီများ ခေါ်ယူဖို့နဲ့  အချိန်ပိုကြေး  ပေးချေဖို့၊  အလုပ်သမားများကို EC စာချုပ်ချုပ်ပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026