NEWS

အလုပ်သမားအဖွဲ့ချုပ်အဖွဲ့ဝင် ၃ ဦးအား စစ်ကောင်စီ ထောင် ၃ နှစ် စီချ

CoverLogo
1.4K Views

အလုပ်သမားသမားအဖွဲ့ချုပ် အဖွဲ့၀င် ၃ ဦးကို  စစ်ကောင်စီက ထောင် ၃ နှစ်စီချခဲ့တယ်လို့ နီးစပ်သူတွေ ဆီက ပြောပါ တယ်။ အလုပ်သမားအဖွဲ့ဝင်တွေဟာ ၈ လကြာဖမ်းဆီခံထာားပြီးနောက် အခုလို အလုပ်ကြမ်းနဲ့ ထောင် ၃ နှစ်စီ ချခံရတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက CTUM - ဌာနမှူး  ဒေါ်ခိုင်သဥ္ဇာအေး (ခ) ဘုတ်ဘုတ် (ခ) ဖောင်ရိုး ၊  ဒေါ်အိဖြူဖြူမြင့် (Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် - IWFM) နဲ့ ယာဉ်မောင်း ရဲဘော် တစ်ဦးဖြစ်တဲ့ ကိုဉာဏ်စိန်တို့ကို ထောင်ချခဲ့တာလို့ သိရပါတယ်။

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာက (၃၁) ကားဂိတ်အနီးမှာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက် ညနေ ၄ နာရီက ပြုလုပ်တဲ့ စစ်အာဏာရှင်အုပ်စုဆန့်ကျင်ရေး လူငယ်သပိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေါ်ခိုင်သဥ္ဇာအေးပါ ၃ဦးကို ရိုက်နှက်ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့  စက်တင်ဘာလ (၁၃) ရက် ညနေ(၄) နာရီကလည်း ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)မှာ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်- BWFM က ဦးနေမင်းထွန်းခေါ် မေကဗျာ နဲ့  ဦးအေးချမ်းအောင် ၊ မြန်မာနိုင်ငံ ကုန်ထုတ် နှင့် စက်မှုလက်မှုအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်- IWFM က ဒေါ်ဇူးဇူးရာခိုင်နဲ့ ဒေါ်ယမင်းကေသွယ်ခိုင်နဲ့ ယာဉ်မောင်း ဦးသန်းဇော် တို့ ဖမ်းဆီးခဲ့ထားရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ခုနှစ်  ဧပြီလ ၂၁ ရက် အထိ ဖမ်းဆီးခံအလုပ်သမားသမားသမဂ္ဂအဖွဲ့ဝင်က  စုစုပေါင်း (၁၁၈) ဦးရှိပြီး သတ်ဖြတ်ခံရတဲ့ အဖွဲ့ဝင်ကတော့ ၃၀ ရှိတယ်လို့ CTUM အဖွဲ့ရဲ့ စာရင်းတွေ အရ သိရပါတယ်။

ဖမ်းဆီးခံထားရသူအများစုကတော့ အမျိုးသားတွေ ဖြစ်ကြပြီး အမျိုးသမီးကတော့ ၁၀ ဦး ရှိတယ်လို့ လည်း သိရပါတယ်။ 
#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026