NEWS

အထည်ချုပ်စက်ရုံအလုပ်သမား အချို့တစ်နေ့လုပ်ခ ၃၈၀၀ ကျပ်နှုန်းဖြင့် လုပ်ကိုင်နေရ

CoverLogo
1.3K Views

ရွှေပြည်သာမြို့နယ်က နန်းစတော့အထည်ချုပ်စက်ရုံက အလုပ်သမားအချို့ဟာ တစ်​နေ့လုပ်ခ ကျပ် ၃၈၀၀ နှုန်းဖြင့်သာ ရရှိပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှု တွေလည်း ရှိနေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)က သိရပါတယ်။

'' နေ့စားဆိုပေမဲ့ ကျွမ်းကျင်အလုပ်သမားတွေပါပဲ အလုပ်အကိုင်ရှားပါးမှု ကုန်စျေးနှုန်းကြီးမြင့်မှု တွေနဲ့ ဘယ်လိုမှ အဆင်မပြေကြဘူး  အလုပ်သာ လုပ်နေရပေမယ့် လုပ်အားနဲ့ညီမျှတဲ့ လစာမရ လုပ်ခလစာ ခေါင်းပုံဖြတ်ခံနေရတာပဲ ဒီတိုင်းသာဆက်သွားနေရင် ဘယ်လိုမှရပ်တည်လို့မရတော့ဘူး အခြေခံလူတန်းစား တွေအဖို့တော့ အလုပ်သမားရဲ့ နောက်ကမိသားစုကို ထောက်ပန့်ဖို့ ဘယ်လိုမဖြစ်နိုင်တော့ဘူး'' လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။

အဆိုပါစက်ရုံက နေ့စားဝန်ထမ်း ၈၀ ကျော်အထိ ခန့်အပ်ထားပြီး  နေ့စားလုပ်ခတစ်နေ့ ၃၆၀၀ ကျပ်နဲ့ ၃၈၀၀ကျပ် သာပေးပြီး စေခိုင်းနေတာဖြစ်သလို အချိန်ပိုကြေးကိုလည်း ၁ နာရီ ၆၀၀ ကျပ်နဲ့သာ တွက်ပေးနေတယ်လို့သိရပါတယ်။

ဒါ့အပြင် စက်ရုံကအလုပ်သမားတွေကို တစ်ဦးလျင် ၁ နာရီ အထည်စံချိန် ၁၂၀ ချုပ်ပေးဖို့ စူပါတွေက သတ်မှတ်ခိုင်းစေပြီး၊ အသစ်ဝင်လာတဲ့ အလုပ်သမားများကို  ၆ လပြည့်မှသာ  ရက်မှန်ကြေး ကျပ်တစ်သောင်းပေးပြီး နေမကောင်းလို့ တစ်ရက်အလုပ်ပျက်ပါက နေ့စားခ ၂ ရက်စာနဲ့ ရက်မှန်ကြေး ကျပ် ၁၀၀၀၀ ဖြတ်တောက်နေတာမျိုးတွေနဲ့ လခစားဝန်ထမ်းတွေကို အချိန်ပိုကြေးအပြည့်အဝမပေးဘဲ  လုပ်အားခေါင်းပုံဖြတ်နေတာမျိုးတွေ ပြုလုပ်နေတယ်လို့  အလုပ်သမားတွေရဲ့ပြောကြားမှုကို FGWMက သတင်းထုတ်ပြန်ထားတာပါ။

စက်ရုံအတွင်းမှာ လုပ်ငန်းခွင်ထိခိုက်မှုဖြစ်ခဲ့ရင် အလုပ်နားခွင့်မပေးတာမျိုးလည်း ရှိနေသလို ဖူလုံရေးကြေးမဆောင်ထားဘဲ  အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (EC)လည်း ချုပ်ဆိုထားတာလည်းမရှိဘူးလို့ FGWM က ဆိုပါတယ်။

နန်းစတော့အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်တာဖြစ်ပြီး  ဝန်ထမ်း ၃၀၀ ကျော်နဲ့ လည်ပတ်ကာ  JANINA,  FSBN အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတာလို့လည်း FGWM ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

#MyanmarLabourNews 
Source&Photo-FGWM


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026