NEWS

VIP အားကစားပစ္စည်းထုတ်စက်ရုံကအလုပ်သမားတွေ တရုတ်နိူင်ငံသားတွေကတိုက်ရိုက်အုပ်ချုပ်စေခိုင်းခံနေရ

CoverLogo
1.7K Views

Very Impressive Prospect  (VIP) အားကစားပစ္စည်းထုတ်လုပ်တဲ့စက်ရုံက  အလုပ်သမားများဟာ တရုတ်နိူင်ငံသားများရဲ့ တိုက်ရိုက်အုပ်ချုပ်စေခိုင်းမူပြုလုပ်နေတာတွေကို ခံနေရတယ်လို့  မြန်မာနိူင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM)ထံမှသိရပါတယ်။

အဆိုပါစက်ရုံဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ဝါးတရာစက်မှု့ဇုန်ရှိ၊ ထိုင်ဝမ်နိုင်ငံသား  ပိုင်ဆိုင်ပြီး  တရုတ်နိူင်ငံသား ၂၀ခန့်က စက်ရုံရှိမြန်မာအလုပ်သမားတွေကို  ရင့်သီးစွာပြောဆိုကာ လက်ညှိုးထိုးစေခိုင်းမူတွေပြုလုပ်နေခြင်းတွေ အဆိုးဆုံးဖြစ်နေတယ်လို့  ယင်းအလုပ်သမားအဖွဲ့ချုပ်ကထုတ်ပြန်ထားတာပါ။

"စက်ရုံတွင်း အကြောင်းမရှိအကြောင်းရှာပြီးဝမ်တိန် ထိုးခိုင်းပါတယ် ဝမ်တိန်စာရွက်ပေါ်တွင် ၂ခါဆက်တိုက် ၃ခါဆက်တိုက် အတင်းအကြပ်ဖိအားပေးက ဝမ်တိန်ဆက်တိုက် ထိုခိုင်းပြီးအလုပ်ထွက်ရတယ် အလုပ်သမားက ပြောပြလာပါတယ်" လို့ဆိုထားပါတယ်။

အဆိုပါစက်ရုံက Very ImpressiveProspect Co.ltd (VIP) စက်ရုံဖြစ်ကာ  စက်ဘီး၊ ဂေါက်တံ အစရှိတဲ့ အားကစားပစ္စည်းများကို ထုတ်လုပ်ပြီး ဥရောပနိုင်ငံများသို့ အဓိကတင်ပို့ပြီး စက်ရုံရှိလုပ်သားတွေအပေါ် ဥပဒေပါခွင့်ရက်များကိုဥပဒေပါအတိုင်းမပေးတော့ပဲ စက်ရုံဘက်မှတင်းကျပ်စွာစည်းကမ်းချက်တွေထုပ်ပြီးဥပဒေကိုချိုးဖောက်နေတယ်လို့ သိရပါတယ်။

"လုပ်သက်ခွင့်ယူရင် ဌာနဆရာရဲ့ခွင်ပြုချက်ရမှ ခွင့်ပြုချက်နဲ့တစ်ခါယူရင်၂ရက်ပဲရတယ်။  ဂိတ်ပတ်ကိုမပေးပါဘူး ဂိတ်ပတ် gate pass ယူရင်အကြောင်းပြချက်ခိုင်လုံလျှင်လည်းဖူလုံရေးဆေးစာရွက်ပါမှာရတယ် ရှောင်တခင်ခွင့်ယူရင်အကြောင်းပြချက်ပေးရပါတယ်၊ အလုပ်သမားများကို အလုပ်ရက်ပျက်ပါက ခွဲခြားဆက်ဆံပြီးအိုတီမခေါ်တာတွေရှိပါတယ်" လို့ အလုပ်သမားတစ်ဦးကဆိုထားပါတယ်။

စက်ရုံအလုပ်ရုံများတွင် နိူင်ငံခြားသားများက ပညာရှင်လုပ်သားအဖြစ်နဲ့သာ လုပ်ကိုင်ခွင့်ရှိပြီး အလုပ်သမားများကိုတိုက်ရိုက်ကြီးကြပ်စေခိုင်းခွင့်မပြုလုပ်ရဘူးလို့အလုပ်သမားဝန်ကြီးဌာနက ၂၀၁၁ကအမိန့်စာထုတ်တားမြစ်ထားတာကြောင့် အဆိုပါစက်ရုံရဲ့ အခုလိုချိုးဖောက်နေတဲ့အပေါ်  စစ်ဆေးအရေးယူသင့်တယ်လို့ ယင်းစက်ရုံအလုပ်သမားတစ်ဦးကေပြာဆိုပါတယ်။

#MyanmarLabourNews 
#FGWM


Related posts

Cover
Myanmar Huasheng Golden Fashion အလုပ်သမား ၂၀၀ နီးပါးအား အလုပ်ထုတ်
Nov 15, 2025
Cover
Lita Myanmar အထည်ချုပ် စနေနေ့အတွက်ဆိုပြီး အချိန်ပိုနာရီမှ ဖြတ်ယူ
Nov 15, 2025
Cover
Win Land အထည်ချုပ်စက်ရုံအလုပ်သမားများ အလုပ်ချိန် ၇ နာရီ တဆက်တည်း လုပ်ကိုင်နေရ
Nov 15, 2025
Cover
Shuangxi Myanmar Garment စက်ရုံ အလုပ်သမားတဦး နှစ်ပွိုင့် ချုပ်ခိုင်းပြီး စံချိန်တောင်း
Nov 15, 2025
Cover
လုပ်ငန်းခွင်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများဖြေရှင်းပေးဖို့ အလုပ်သမားတွေလိုလားနေ
Nov 13, 2025
Cover
Long Pine Co.,Ltd အထည်ချုပ် ခွင့်ရက် မပေးဘဲ အလုပ်ထုတ်
Nov 12, 2025
Cover
FUANLAI Laos စက်ရုံလျော်ကြေးတောင်းဆိုမှု မြန်မာသံရုံး ဖြေရှင်း မပေး
Nov 10, 2025
Cover
Everlao အထည်ချုပ်စက်ရုံ မြန်မာအလုပ်သမားများအား ခွဲခြားဆက်ဆံနေ
Nov 10, 2025