NEWS

GTIG HUASHENS Myanmar အထည်ချုပ်ကအလုပ်သမားအခွင့်အရေးချိုးဖောက်မှုကိုထုတ်ဖော်ခဲ့တဲ့ နေ့စားလုပ်သား ၅၀ကျော် အလုပ်မှရပ်နားခံရ

CoverLogo
1.2K Views

GTIG HUASHENS Myanmar အထည်ချုပ်စက်ရုံရဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ခဲ့တာကြောင့် အဲ့ဒီစက်ရုံက နေ့စားလုပ်သား ၅၀ကျော်ကိုအလုပ်ကရပ်နားလိုက်တယ်လို့ သိရပါတယ်။

"သူတို့အားလုံးက အလုပ်ရပ်စဲတဲ့အထဲမှာ ပါသွားခဲ့တယ်။ ဒါက မြန်မာပြည်က ထွက်ခွါတော့မယ်လို့ကြွေးကြော်နေတဲ့ နာမည်ကြီး brand Primark အမှတ်တံဆိပ်ချုပ်နေတဲ့ စက်ရုံလုပ်သားတွေရဲ့ ချိုးဖောက်ခံရမှူပါ" လို့ သွေးစည်းညီညွှတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)တာ၀န်ရှိသူကဆိုပါတယ်။

GTIG Huasheng (Myanmar) အထည်ချုပ်စက်ရုံဟာ PEP&CO နဲ့ Primark နာမည်ကြီး အမှတ်တံဆိပ် အထည်တွေက်ို ချုပ်လုပ်ပေးနေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး  အယောင်ဆောင်သမဂ္ဂ (Yellow Union) ဖွဲ့ပြီး အလုပ်သမားအခွင့်မအရေးချိုးဖောက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အထည်ချုပ်လုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းပြီး အချိန်ပိုကြေးပြည့်ပြည့်ဝဝ မပေးတာကြောင့် ရသင့်ရထိုက်တဲ့ လုပ်အားခတွေ ဆုံးရှုံးနေရတဲ့အပြင် အယောင်ဆောင်သမဂ္ဂ(Yellow Union)နဲ့ ပူးပေါင်းကာ  အလုပ်သမားတွေဆီက Gate Pass အတွက် ပိုက်ဆံဖြတ်တာ၊ ဖြတ်တဲ့နေရာမှာလည်း အလုပ်သမားတွေက ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ဝင် အလုပ်သမားတွေကိုသာ ဖြတ်တာကြောင့် အလုပ်သမားတွေကလစာထုတ်ရာမှာ ခြောက်သောင်းကနေ ရှစ်သောင်းကျပ်အထိ အဖြတ်ခံခဲ့ရမှုတွေလည်း ကြုံခဲ့တာကြောင့် အဲဒီပြဿနာအတွက် အလုပ်သမားရုံးမှာ ဖြေရှင်ရှင်းခဲ့ရတာတွေလည်း  ရှိခဲ့တယ်လို့သိရပါတယ်။

"ခုညီမတို့ဖြစ်နေတာက ညီမတို့လုပ်နေတာနှစ်လကျော်သွားပြီ နေ့စားနဲ့လုပ်နေတာ။ ညီမတို့နောက်မှလာလုပ်တဲ့သူတွေကို  လစာတင်ပေးပြီးညီမတို့ကို လစားတင်မပေးဘူး။ မန်နေဂျာကနေတစ်ဆင့်ပြောတယ်။ နှစ်ပတ်ပဲဆက်ခန့်မယ်။ ညီမတို့လိုချင်တာက ဒီနှစ်ပတ်မှာ တန်းတူအခွင့်အရေးလိုချင်တာပါ။ ညီမတို့ကနေ့စားသမားတွေက တန်းတူမရဘူး။ ညီမတို့ဆိုရင် တနင်္ဂနွေပိတ်ရက်အတွက်ဆိုပိုက်ဆံမပေးဘူး။  ရက်မှန်ကြေးတွေဘာတွေလည်း ၀န်ထမ်းတွေနဲ့အတူမပေးဘူး။  ချုပ်တဲ့အထည်တွေကတော့ သေချာမပြောပြတတ်ဘူး။ သူတို့တွေချုပ်သလိုပဲ အထည်ကြီးတွေကိုင်ရတယ်"  လို့အလုပ်သမားတစ်ဦးကဆိုပါတယ်။

ယင်းနှင့်ပတ်သက်၍  အလုပ်သမားဆိုသည်မှာ နေ့စား လစား ပုတ်ပျက် အချိန်မှန်အလုပ်သမား  အားလုံးအလုပ်သမားဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ထားတဲ့အပေါ်  အထည်ချုပ်စက်ရုံတွေမှာ  နားလည်မှုလွဲမှားနေတာက နေ့စားတွေကိုလစားတွေလိုတန်းတူအခွင့်အရေးမပေးရဘူး ပိတ်ရက်တွေမပေးရဘူး ဆိုတာတွ ဖြစ်နေသလို  တစ်ချို့စက်ရုံတွေဟာ  နေ့စားကိုခေါ်ချင်သလိုခေါ်ပြီး ထုတ်ချင်သလိုထုတ်နေတာတွေ၊  နေ့စားမို့လိုပိုက်ဆံဖြတ်တာ၊ နေ့စားမို့လို့အလုပ်ဖြုတ်တယ်ဆိုတာတွေနဲ့ တနင်္ဂနွေပိတ်ရက်တွေမပေးဘူးဆိုတာမျိုးတွေလုပ်လို့မရဘူးလို့  STUM ကဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026