NEWS

KAIXI Myanmar Fashion စက်ရုံလုပ်သားများ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုနဲ့ အခွင့်အရေးချိုးဖောက်ခံနေရဟုဆို

CoverLogo
1.7K Views

ရွှေပြည်သာမြို့နယ် 199 မှတ်တိုင်အနီးရှိ  KAIXI Myanmar Fashion Co,LTD စက်ရုံမှာ  အလုပ်သမားများရဲ့ဆန္ဒမပါဘဲ အချိန်ပိုခေါ်ယူစေခိုင်းနေတာတွေ ပြုလုပ်နေတာကြောင့်  အလုပ်သမားတွေဆန္ဒအလျောက်သာ အချိန်ပ်ိုခေါ်ယူစေလိုတယ်လို့  အလုပ်သမားတွေက ဆိုပါတယ်။

စက်ချုပ် အလုပ်သမားများကိုလည်း စံချိန်တောင်းရာတွင် စူပါ အောစူပါများမှ ဆဲဆို ၊ ကြိမ်းမောင်းပြီး စံချိန်များ တောင်းခံခြင်း၊ တနင်္ဂနွေ
နေ့များတွင် အလုပ်သမားသဘော ဆန္ဒမပါပဲ အချိန်ပိုအိုတီများ ခေါ်ခြင်း၊ မဆင်းလျှင်လည်းး အငြိုးတေးထားခံ ရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းများ ရှိနေပြီး ညဘက် အချိန်ပိုအိုတီများလည်း 
မှိုးခန်းထဲရှိ အလုပ်သမားများ ဆင်းနေရခြင်း နိုင်ငံရေး အခြေအနေ မကောင်းသည့် အပေါ် အလုပ်ရှင်ဘက်မှ အမျိုးမျိုး ပြုလုပ်နေတာတွေရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား (၅၀၀၀) ကျော်ဖြင့် Multiway, Plus  စတဲ့ အမှတ်တံဆိပ် underwear အထည်များချုပ်လုပ်နေတာဖြစ်ပါတယ်။  

အလုပ်သမားများကို စံချိန်တောင်းခံရာတွင် မတရားတောင်းခံပြီး၊ စံချိန် တောင်းခံရာတွင်လည်း စူပါ အောစူပါများမှ ဆဲဆိုပြီးတောင်ခံနေခြင်း၊ အလုပ်သမားများ ရှောင်တခင်ခွင့် ယူပါက ခွင့်မပေးဘဲ ခွင့်မရလို့ ရက်ပျက်ပါက ဒေးကြေး ရက်မှန်ကြေး၊ တာ၀န်ဆုကြေး စုစုပေါင်း (၁၀၈၀၀) ဖြတ်တောက်ခံရကာ လုပ်ငန်းခွင် အတွင်း၌ အလုပ်လုပ်လျှင်လည်း ဘက်လိုက်မှုများ ရှိနေပြီး  အဆင်မပြေမကြည်တဲ့သူဆိုပါက အပြစ်ရှာခြင်း၊ စကားပြန်များမှ အလုပ်သမားများ အပေါ်နိုင်ထက်စီနင်း လုပ်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်းများကို အလုပ်သမားများ ခံနေရခြင်း၊ လီတာများမှလည်း စောက်နဲ့နှိုင်းခြင်း၊ ကောင်မဆိုပြီး ရိုင်းစိုင်းစွာပြောခြင်း၊ နင်တို့က ဘာစောက်ဆင့်ရှိလဲ ဆိုပြီး ဆဲရေးတိုင်းထွာခြင်း၊ နွားနှင့်ခိုင်းနှိုင်းခြင်း၊ နိုင်ငံရေးမကောင်းချိန်မှာ အလုပ်သမားများ ကူညီပေးသူမရှိချိန်မှာ စက်ရုံမှ အုပ်ချုပ်သူ အဆင့်ဆင့်က အလုပ်သမားများကို ဖိနှိပ်၊ ချိုးနှိမ်ပြီး အမျိုးမျိုး ဆက်ဆံခြင်း၊ ခံနေရတယ်လို့ အလုပ်သမား တွေထံကသိရပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘဲ  လုပ်ငန်းခွင် အတွင်း၌ အကြာမှီအချိန်က အလုပ်သမားများ ရွေးကောက်ထားသော အလုပ်သမား ကိုယ်စားလှယ် မဟုတ်ဘဲ အလုပ်ရှင်မှ ခန့်အပ်ထားသော WCC ထားရှိထားကာ  လုပ်ငန်းခွင် အတွင်း အလုပ်သမား အများစု အခက်ခဲများရှိ၍ ၎င်း WCC သို့ ပြောကြားပါက ညှိနှိုင်းမှုမရှိဘဲ သွားရောက်ပြောကြားတဲ့ အလုပ်သမားများကိုသာ အငြိုးအတေး ထားခံရခြင်းသာဖြစ်စေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

အထက်ပါချိုးဖောက်မှုဖြစ်စဉ်များကြောင့် အလုပ်သမားတွေဟာ ၁။ တနင်္ဂနွေ အချိန်ပိုအိုတီကို အလုပ်သမား သဘောဆန္ဒ မေးမြန်းပြီးမှ ခေါ်ယူရန်။ ၂။ စူပါ၊ အောစူပါများ အလုပ်သမားများ ဆဲဆိုခြင်း မပြုလုပ်ရန်။ ၃။ လီတာ၊ စကားပြန်များ အလုပ်သမားကို ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ နှိမ့်ချဆက်ဆံခြင်းများ မပြုလုပ်ရန် တို့ကို  Kaixi Myanmar Garment အလုပ်သမားများက တောင်းဆိုလိုက်ပါတယ်။

#MyanmarLabourNews


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026