NEWS

ကျွမ်းကျင်​ကြေးတွေဖြတ်ခံရလို့ Textile စက်ရုံလုပ်သားတွေ စုပေါင်း တောင်းဆို

CoverLogo
1K Views

ရန်ကုန်မြို့ရွှေပြည်သာ စက်မှုဇုန် (၃)မှာ ဖွင့်လှစ် ထားတဲ့ Textile အထည်ချုပ်စက်ရုံရှိ အလုပ်သမားတစ်​ထောင်ကျော်ဟာ ကျွမ်းကျင်ကြေးတွေကို ဖြတ်တောက်ခံထားရတာ​ကြောင့် ပြန်လည်ရရှိဖို့ စုပေါင်းတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

''၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၅ ရက်နေ့ အောက်တိုဘာလ လုပ်ခလစာ ပေးချေရာ၌ လုပ်ငန်းရှင်က အလုပ်သမားများ၏ ကျွမ်းကျင်ကြေးများကို တစ်ဝက်နီးပါးဖြတ်တောက်ထားတဲ့အတွက်အလုပ်သမားများမှ ကျွမ်းကျင်ကြေးများကို အပြည့်ပြန်လည်ပေးချေရန်တောင်းဆိုခဲ့တယ်'' လို့ STUM မှဆိုပါတယ်။ 

အဆိုပါစက်ရုံဟာ Cotton Textile Garment (Myanmar) အထည်ချုပ်စက်ရုံဖြစ်ပြီး အလုပ်သမား (၁၀၀၀) ကျော်ခန့်အလုပ်လုပ်ကိုင်နေရာမှ ဒီကနေ့နိုဝင်ဘာ၅ရက်နေ့ လစာထုတ်ချိန်မှာ အောက်တိုဘာလတစ်လရဲ့ ပိတ်ရက်၈ရက်စာ ကျွမ်းကျင် ကြေးတွေကို ဖြတ်တောက်ခံရတာဖြစ်တာကြောင့် အခုလိုစုပေါင်းတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

'' ညှိနှိုင်းလိုက်တာတော့မဟုတ်ဘူး။ မန်နေဂျာလားတာ၀န်ခံလားတစ်ယောက်က ညှိနေတာပေါ့နော်။ ဒီငွေတွေဖြတ်ရတဲ့အကြောင်းရင်းကိုရှင်းပြမယ်ဆိုပြီးတော့ လိုက်သွားတာဆိုတော့ ထမင်းစားခန်းရှေ့မှာဆိုတော့ လူထောင်ကျော်ဆိုတော့လူပြွတ်သိပ်သွားပြီးတော့ ဆန္ဒပြသလိုဖြစ်သွားတာ။  အကုန်လုံးကမရဘူးဆိုပြီးတော့ တောင်းဆိုကြတာဆိုတော့  သူတို့ကဘယ်လိုလဲဆို စူပါတွေအောစူပါတွေကိုချုပ်ထားတာ။ အဲ့ဒီလူတွေကိုဒီလိုဖြတ်တယ်ပေါ့နော်။ အလုပ်သမားတွေကိုပြောလိုက်ဆိုတာမျိုးလုပ်ထားတာ။ သူတို့ကလစာပေးတဲ့နေ့မှာ။ သုံးသောင်းလေးသောင်းပေါ့။ သူတို့ စခေါ်ကတည်းက ဒီလိုတွေမဖြတ်ပါဘူးဆိုပြီးကတိပေးထားတာ။ အလုပ်သမားတွေကမရတော့ဘူး မေးမယ်ဆိုတော့ သူတို့ကတစ်ယောက်ချင်းမေးရှင်းပြမယ်ဆိုရင်းကနေ လူများကြီးဖြစ်သွားတော့  အလုပ်သမားတစ်ယောက်ကလည်း ပုံတင်လိုက်တော့ ခုလိုဖေ့ဘွတ်မှာပြန့်သွားပြီ ဆိုတော့ ၈ရက်နေ့မှာပေးမယ်ဆိုပြီးဖြစ်သွားတာ'' လို့ STUM မှတာ၀န်ရှိသူကဆိုပါတယ်။ 

အခုလို  အလုပ်သမားတစ်ထောင် နီးပါးက ဖြတ်တောက်ထားတဲ့ကျွမ်းကျင်ကြေးတွေ ကိုပြန်လည်ထုတ်ပေးရန် စုပေါင်းတောင်းဆိုမှု
ပြုလုပ်ခဲ့ကြတာကြောင့် လာမဲ့နိုဝင်ဘာ၈ရက်နေ့မှာစက်ရုံက ပြန်ပေးမယ် လို့ နှုတ်ကပေးထားတယ်လို့လည်း သိရပါတယ်။ 

#MyanmarLabourNews 
Photo-STUM


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026