NEWS

Myanmar LNY CAPS စက်ရုံ အချိန်ပိုကြေးမပေး၊ ဖယ်ရီမစီစဉ်ပေးဘဲ အချိန်ပိုခေါ်ယူ အလုပ်ခိုင်း

CoverLogo
1.4K Views

Myanmar LNY CAPS စက်ရုံ က လုပ်သားတွေကို အိုတီကြေးမပေးဘဲ ည ၈နာရီ ၉နာရီအထိ အချိန်ပိုခေါ်ကာ အပြန်ဖယ်ရီ စီစဥ်မပေးတာကြောင့် ညအချိန်မတော် အလုပ်သမားတွေ နေအိမ်ကို လမ်းလျှောက် ပြန်နေရတယ် လို့ စက်ရုံလုပ်သားတွေပြောဆိုတာကို အလုပ်သမားအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ အထွေထွေ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FGWN  က ထုတ်ပြန်ပါတယ်။

Myanmar LNY CAPS စက်ရုံ ကတော့ ဦးထုပ်ချုပ်လုပ်နေတာဖြစ်ပြီး  ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် ရွှေသံလွင် စက်မှုဇုန်၊ မလိခလမ်း အမှတ် ၂၈ မှာ စက်ရုံဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ FGWN ရဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စက်ရုံဟာ လုပ်သားဦးရေ ၁၀၀၀ ကျော်ရှိပြီး စက်လိုင်း ၂၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။

“လုပ်ငန်းခွင်ထဲမှာ နေမကောင်းလို့ အလုပ် ၁ ရက်ပျက်တာနဲ့ ဝမ်တိန် (သတိပေးလက်မှတ်) ထိုးရပါတယ်။ အလုပ်သမားတွေ ဘာခွင့်မှ မရဘူး ။ အလုပ်သမား မိဘ အရင်း သေဆုံးလို့ ခွင့်တောင်းတာ ၂ရက်အပြင် ပိုမရဘူး။ အဆိုးဆုံးက အထည်စံချိန်ကို ဟော်ဟစ် ဆဲဆိုပြီး နေ့စဥ် ခိုင်းနေတာပါပဲ။  စံချိန်မပြည့်ရင် အချိန်ပိုဆင်းပေး ရတယ် ။ အိုတီကြေးမပေးဘူး။ ညအချိန်မတော် မိန်းကလေးတွေ လမ်းလျောက်ပြန်ရတယ်။ အသက်မပြည့်တဲ့ ကလေး အလုပ်သမားဆိုရင် ပိုပြီးခိုင်းတယ် ခြိမ်းခြောက်တယ်။ နေ့တိုင်း ငရဲနဲ့မခြားပါဘူး မန်နေဂျာ၊စူပါ ၊ လီတာတွေရဲ့ ဆဲဆိုနေတဲ့ အသံတွေကြားမှာ အလုပ် လုပ်နေရပါတယ်” လို့ အလုပ်သမားတွေက ပြောဆိုတယ်ချက်ကိုလည်း  FGWM က ဖော်ပြထားပါတယ်။

Myanmar LNY CAPS စက်ရုံ အလုပ်ရှင်ကတော့ တရုတ် နိုင်ငံသားတစ်ဦးဖြစ်ပြီး OTTO  အမှတ် တံဆိပ် ဦးထုပ်ချုပ်လုပ်နေတာဖြစ်ပါတယ် ။

MyanmarLabourNews
FGWM


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026