NEWS

နိုင်ငံတကာအမှတ်တံဆိပ်တွေချုပ်တဲ့စက်ရုံမှာ နေ့စားအလုပ်သမားတစ်ဦးရဲ့ တရက် ၁၀ နာရီလုပ်ခ ၄၀၀၀ ကျပ်သာရရှိ

CoverLogo
1.7K Views

English Below

နိုင်ငံတကာအမှတ်တံဆိပ်တွေဖြစ်တဲ့ ZARA, PRIMARK  စတဲ့ အမှတ်တံဆိပ်တွေချုပ်လုပ်တဲ့ လှိုင်သာယာ မြစိမ်းရောင် စက်မှုဇုန် မြခတ္တာလမ်းမှာ ဖွင့်လှစ်ထားတဲ့ Zong Hong Myanmar Garment စက်ရုံသည် အလုပ်သမား (၁၇၀၀) ကျော်ဖြင့် လုပ်ငန်း လည်ပတ်နေတာဖြစ်ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ကိုဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

အဆိုပါ စက်ရုံမှာနေ့စားအလုပ်သမားတွေခန့်အပ်ထားပြီး တနင်္လာမှ သောကြာနေ့ထိ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိအလုပ်ချိန်သတ်မှတ်ထားပြီး တရက်အလုပ်ချိန်  (၁၀)ကို  နာရီ ၄၀၀၀ နှုန်းနဲ့ သာ ပေးချေနေတာဖြစ်တယ်လို့ သိရပါတယ်။စနေနေ့မှာတော့ နံနက် ၈ နာရီမှ ညနေ ၄ နာရီ ၃၀ ထိဆင်းပေးနေရပြီး ကျန်နားရက်ကို လုပ်ခလစာမရရှိဘူးလို့ ဆိုပါတယ်။

အလုပ်သမားဥပဒေအရ အလုပ်သမားတစ်ဦး သတ်မှတ် အလုပ်ချိန် ၈ နာရီဖြစ်ပြီး ၎င်း အလုပ်ချိန် ၈ နာရီကို အနည်းဆုံးအခ‌ကြေးငွေ ပေးရမည်ဖြစ်ပြီး သတ်မှတ် အလုပ်ချိန် ၈ နာရီ ကျော်လွန်ပါက ကျန်သော နာရီချိန်များကို အချိန်ပိုအိုတီ အဖြင့် သတ်မှတ်ပြီး အချိန်ပိုကြေး ပေးရမည် ဖြစ်တာကြောင့် ဒါဟာ ဥပဒေကို ချိုးဖောက်ကာ လုပ်အားခခေါင်းပုံဖြတ်နေတာလို့ အလုပ်သမားအရေးဆောင်ရွက်သူက ပြောဆိုပါတယ်။

ယင်းစက်ရုံမှ လုပ်ငန်း ဦးဆောင်သူအနေနဲ့ နေ့စားအလုပ်သမားနှင့် နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုထားပြီး အလုပ်သမားကိုလည်း လုပ်ငန်းပေါ်မူတည်ကာ လိုအပ်ချိန်တွင် အလုပ်လုပ်ကိုင််ပေးရမှာဖြစ်ပြီး လုပ်ငန်းမရှိပါက အလုပ်မှ ရပ်ဆိုင်းမည်ဖြစ်ကြောင်းသဘောတူလက်မှတ်ရေးထိုးထားတာပါ။

အဆိုပါ လုပ်ငန်းခွင်ထဲကအလုပ်သမားတွေအနေနဲ့ စက်ရုံတွင်းမှာ ကိုဗစ်စည်းကမ်းမလိုက်နာမှုတွေ ဖယ်ရီလုံလောက်စွာ ထားမပေးတာနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို တိုင်ကြားထားတဲ့မှတ်တမ်းတွေရှိပေမယ့် လက်ရှိမှာလည်း ချိုးဖောက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀ ကျပ်လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ အချို့သောအလုပ်သမားတွေမှာ  ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ  စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ  ၄၈၀၀ ကျပ်ထပ် နည်းပါးတဲ့ ပမာဏ ကို သာပေးနေကြတာတွေလည်းရှိနေပါတယ်။

ဒါ့အပြင် စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်တွေမှာ အမြဲတမ်းဝန်ထမ်းခန့်အပ်မှုများကိုလျော့ချကာ နေ့စား၊ လရှင်း အခြေအနေမျိုးကို လုပ်ငန်းခွင်အများစုမှာ ပိုမိုခိုင်းစေလာကြတာလည်းဖြစ်ပါတယ်။

အထွေထွေ အကြပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ အခြေခံလူတန်းစားတွေ ဖြစ်တဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ အလုပ်ပြုတ်မှာ စိုးရိမ်နေရပြီး စားဝတ်နေရေး အကြပ်အတည်းတွေကြောင့် အာမခံချက် မရှိတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ငန်းရှင် ကြိုးစွဲရာ သဘောအတိုင်း လိုက်ပါလုပ်ဆောင်နေရတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

A day labourer from a international branded garment factory get paid only 4,000 kyats for a 10 hours shift

 Thit Khwa

Zhong Hong Myanmar is a garment factory,located in Mya Khattar Road, Mya Sein Yaung Industrial Zone, Hlaing Tha Yar, which is operating with over 1700 workers to manufacture international brands such as ZARA and PRIMARK. It is reported that this factory hasn’t been able to resolve the violations of the workers’ rights.  

The factory employs day labourers who are demanded to work from 8AM to 6:30PM, which is over 10 hours, during weekdays for them to only get paid 4,000 Kyats(Under 2$). On Saturdays, they have to work from 8AM to 4:30PM. These day labourers don't get paid for rest days either.

“According to Myanmar Labour Law, a worker’s designated work hour must be 8 hours and during these, a fixed minimum wage has to be paid. If exceeded, the worker must be paid an overtime bonus calculated based on the number of hours exceeded. Thus, Zhong Hong Myanmar is exploiting the workers’ wage by violating the law,” says a labour rights activist.

There is a mutual agreement signed between the authorities and the day labourers stating that labourers must work depending on the necessity of their workforce and they will be terminated from their jobs when there is no more business demand.

There have been records of complaints by the workers concerning violations of COVID-19 rules and other labour rights and not providing adequate transportation ferries. Yet, the factory keeps committing their continuous violations.

Although it is required by law to pay 4,800 Kyats as the minimum wage, most employers do not only pay over this limit but usually pay less than that, naming COVID-19 and economic recession after the coup as the reasons.

In addition to that, many factories have replaced permanent employees with daily or monthly paid employees in their workplaces.

“In a country flooded with an overall general crisis, people from the working class such as day labourers are under constant threat of losing their jobs. Due to hardship and struggle to keep their life afloat, people have no choice but to work in jobs without any assurance under the unjust restraints by their employers,” described the workers about the situation they are in.

(Thanks to Notes of Workers for translation)

Myanmar Labour News



 


Related posts

Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024
Cover
ဒေါ်ခိုင်ဇာအောင်အား Arthur Svensson Prize ချီးမြှင့်
Apr 15, 2024
Cover
Myanmar Dongxin စက်ရုံတွင် လိင်ပိုင်းဆိုင် ထိခိုက်စော်ကားမှုတွေ ဖြစ်ပွားနေ
Apr 13, 2024
Cover
လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်နေ
Apr 13, 2024
Cover
ကိုယ်ဝန်ဆောင်အလုပ်သမားတွေ မီးဖွားခွင့် ခံစားခွင့်ဆုံးရှုံးနေရ
Apr 13, 2024
Cover
သင်္ကြန်ပိတ်ရက်အတွက် အလုပ်သမားများ အချိန်ပို ဆင်းပေးရ
Apr 13, 2024
Cover
အလုပ်ပြန်ခန့်သည့် စာချုပ် ချုပ်ခဲ့ပြီး ၃ ရက်အကြာမှာ အလုပ်သမားအား Myanmar L&K စက်ရုံက အလုပ်ထုတ််
Apr 13, 2024
Cover
Vicsong ဖိနပ် စက်ရုံ ပိတ်ထားသည့် ကာလအတွက် လစာ ၄၀ ရာခိုင်နှုန်း လျှော့ချ ပေးချေ
Apr 13, 2024