NEWS

မလေးရှားနိုင်ငံသို့တရား၀င်သွားရောက်လုပ်ကိုင်လိုတဲ့ အလုပ်သမားဦးရေ မြင့်တက်လာ

CoverLogo
2K Views

မလေးရှားနိုင်ငံသို့ တရား၀င်သွားရောက်လုပ်ကိုင်လိုသည့်  မြန်မာအလုပ်သမား ယခုလအတွင်းသိသိသာသာ တစ်ရှိန်ထိုးမြင့်တက်လာတယ်လို့ မလေးရှားသို့တရား၀င်အလုပ်သမားပို့ဆောင်ပေးနေတဲ့ အေဂျင်စီ တွေက သိရပါတယ်။

"ဒီနေ့ ရုံးမှာ မလေးရှားသွားဖို့အင်တာဗျူးလာတဲ့သူတွေအတော်များပါတယ်။ မလေးရှားအလုပ်ရှင်သူဌေးနဲ့ တိုက်ရ်ိုက်အင်တာဗျူးပေးတာပါ။ ခုလ၁၉ရက်နေ့၁၀ယောက်ထွက်မယ်။ အလုပ်ခေါ်စာ အသစ်တွေထွက်လာပြီ သွားချင်လို့ပက်စပိုစ့်လာထပ်တာလည်းတစ်ရာကျော်လောက်ရှိတယ်။ တစ်လအတွင်းတစ်ရာကျော်လောက်ရှိပြီးနှစ်ပတ်အတွင်းကို ၅၀ကျော်ရှိတယ်။ အရင်ကဆိုတစ်လုံးမှစာအုပ်၃၀ လောက်ပဲလုပ်ပေးရတာ။ ခုလောက်မများ
ဖူးဘူး"လို့  ပြည်ပသို့အလုပ်သမားပို့ဆောင်ပေးနေတဲ့ အေဂျင်စီမှ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။  

မလေးရှားနိုင်ငံသို့သွားရောက်လုပ်ကိုင်ရာတွင်  လုပ်ငန်းစဉ်များအရ ထိုင်းနိုင်ငံသို့သွားရောက်လုပ်ကိုင်နိုင်ရန် ပိုမြန်သော်လည်း  မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည်ဆိုပါက ဗီဇာတင်ဖို့ကတစ်လနဲ့ ဗီဇာ ကျပြီး တစ်လခွဲကြာတာကြောင့်  သွားရောက်လုပ်ကိုင်ရန် စောင့်ဆိုင်းရတဲ့အချိန်ကြာမြင့်တာကြောင့် ထိုင်းနိုင်ငံ့သို့သာ အလွယ်တကူသွားရောက်လုပ်ကိုင်နေကြာခြင်းဖြစ်ပါတယ်။

သို့ပေမဲ့ ယခုလတ်တလောနှစ်ပတ်တာကာလအတွင်းမှာတော့ အယောက်၅၀အထိ တစ်ရှိန်ထိုးမြင့်တက်လာတယ်လို့ သိရပါတယ်။

"ခုဆိုထိုင်းကသိန်းနှစ်ဆယ်လောက်ပေါက်တယ်။ မလေးရှားကသိန်းသုံးဆယ်လောက်ပေါက်တယ်။ ပြင်ပပွဲစားပေါက်ဈေးပေါ့။ ဒေါ်လာဈေးမြင့်လာတာကြောင့်လည်းပါတာပေါ့။  သူတို့ရဲ့လုပ်ခတွေကလည်း တက်လာပါတယ်။ ခုလ၁၉ရက်နေ့ဆိုရင်လည်း မလေးရှားကိုဆယ်ယောက်ပို့ဖို့ရှိတယ်။ ထိုင်းကိုပို့ဖို့လည်း အယောက်၅၀ စာချုပ်ထားတယ်"လို့ ဆိုပါတယ်။

ယခင်ကာလက မလေးရှားသို့ မြန်မာအလုပ်သမားများစေလွှတ်ရန် ပွဲစားများမှ၀န်ဆောင်ခ သတ်မှတ်ဈေးဒေါ်လာ ၈၅၀ ထက်ပို၍ တိုးမြှင့်တောင်းယူနေတာတွေကြောင့်  အေဂျင်စီများအခက်တွေ့ကာ အလုပ်ခေါ်စာလက်မခံရဲတဲ့အထိလည်းဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့   ကိုဗစ်မတိုင်ခင်က ရရှိရထားတဲ့ခေါ်ယူခွင့်တွေကိုသာသက်တမ်းတိုးကာပြန်လည်ခေါ်လာခြင်းကိုပို့ဆောင်ပေးနေခြင်းဖြစ်ရာ  ယခုအချိန်မှာတော့  လုပ်သားသစ်ခေါ်ယူမှုတွေလည်းရရှိလာပြီဖြစ်တယ်လို့သိရပါတယ်။

လတ်တလော ကာလမှာ  ဒေါ်လာဈေးအဆမတန်မြင့်တက်လာတာကြောင့် ၀န်ဆောင်ခနှုန်းထားဟာလည်း အလုပ်သမားတွေက  ယခင်ကတစ်ဒေါ်လာကို ၁၃၀၀နှုန်းနဲ့ပေးပြီးသွားရာမှာ ယခုအချိန်မှာတစ်ဒေါ်လာကို ၂၅၀၀ကျော်နှုန်းနဲ့သွားနေရတာကြောင့် ၀န်ဆောင်ခနှစ်ဆလောက်ပိုပေးနေရတာပါ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအေခြအနေတွေ ကြောင့်ပြည်တွင်းစီးပွားရေး ကျဆင်းလာမှုနဲ့  ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် ပိုမိုစ်ိတ်၀င်စားနေကြခြင်းဖြစ်ပြီး  ၀န်ဆောင်ခ ပေးချေနိုင်ရန်လည်း မတတ်နိုင်တဲ့ လုပ်သားများအနေဖြင့် အမြန်ရောက်ရှိ စေမဲ့ တရားမ၀င်နည်းလမ်းဖြင့် သွားရောက်နေကြတာဖြစ်တာကြောင့်  တရားမ၀င်လုပ်သားဖမ်းဆီးခံရမှုတွေလည်း ပိုမိုများပြားလာတယ်လို့  မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026