ကန်ဒေါ်လာ ရောင်း၊ ဝယ်၊ လဲလှယ်ခြင်းကို ၀.၃% နဲ့ကန့်သတ်လိုက်ပေမဲ့ မှောင်ခိုစျေးကွက်ပိုအားကောင်းလာနိုင်

cover
profile
Aug 11, 2022

နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ရောင်းခြင်း ဝယ်ခြင်း ၊ လဲလှယ်ခြင်းတွေကို  ရည်ညွန်းငွေလဲလှယ်နှုန်း ဝ.၃ % ဘောင်အတွင်းကနေသာ အတိုးအလျှော့လုပ် ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ကန့်သတ်လိုက်ပေမဲ့ မှောင်ခိုစျေးကွက်ကသာ ပိုအားကောင်းလာနိုင်တယ်လို့ သိရပါတယ်။

''နဂိုထဲက မှောင်ခိုဈေးကွက် ရှိပြီးသားပဲ။ သူတို့သတ်မှတ်တဲ့အတိုင်း ဘယ်သူက ရောင်းမှာလဲMC တွေက ခဏပဲ ငြိမ်နေမှာ ပြီးရင် အပြင်ပေါက်ဈေးတိုင်း ရောင်းကြ ဝယ်ကြမှာပဲ သူတို့က ပြန်မှမရောင်းပေးတာ ဒေါ်လာစျေးဘယ်ကျမလဲ။ မှောင်ခိုစျေးကွက်ပဲ လုပ်မနေကြမှာပဲ''လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ လုပ်ငန်း(AD) တွေ ၊လိုင်စင်ရဘဏ်၊ နိုင်ငံခြားငွေ ဝယ်ယူရောင်းချခွင့် (MC)လိုင်စင်ရဘဏ်၊ လိုင်စင်ရဘဏ် မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအနေနဲ့ဖြစ်စေ ၊ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊လဲလှယ်ခြင်း ဆောက်ရွက်ခြင်း၊ ငွေလွဲလုပ်ငန်းလိုင်စင်ရ ကုမ္ပဏီတွေ ပြည်ပကိုနိုင်ငံခြား ငွေလွှဲပြောင်းခြင်းနဲ့ လွှဲပို့ခြင်း​တွေ ဆောင်ရွက်တဲ့အခါမှာ ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ရည်ညွန်းငွေလဲလှယ်နူန်း ဝ.၃ % ဘောင်အတွင်းကနေသာ အတိုးအလျှော့လုပ် ဆောင်ရွက်ရမယ်လို့ ဗဟိုဘဏ်က ကန့်သတ်ထုတ်ပြန်န်လိုက်တာပဲဖြစ်ပါတယ်။

အခုလိုသတ်မှတ်လိုက်ပေမဲ့လည်း လက်ရှိမှာ dollar လိုအပ်ချက်က. အရမ်းများနေတာဖြစ်တဲ့အပြင်  ဘဏ်မှာငွေသားသွင်းရင် dollar ထည့်ပေးပေမဲ့  ငွေသားကလဲ bank ကတစ်ဆင့် MMK လဲ ယူရတာဖြစ်တာကြောင့် USD ငွေသားရှားပါးမှုကြောင့် ကြိုက်ရောင်းကြိုက်ဝယ်စနစ် မှောင်ခိုစျေးကွက်သာ ပိုအားကောင်းလာနိုင်တယ်လို့ သိရပါတယ်။

'' bank က တော်တော် ဝိုက်သွားတာ ကျွန်နော့်အကို့တို့ဆို US dollar တွေ ဘဏ်မှာအပ်ထားတာသိန်းထောင်ချီ အရှုံးပေါ်တယ် US dollar  အခက်အခဲကြောင့် visa card တွေ ငွေထည့်မရ ဖြစ်သွားနိုင်တယ်။ ကျွန်တော့ဦးလေးဆို သိန်းထောင်ချီရှုံးသွားတယ်။  ၁၈၅၀ နဲ့ MMKပြောင်းပြစ်တာ ကုန်ဖိုးက အဲ့လောက်မက ရင်းရတာလေ လက်ထဲလဲ မကိုင်ရဲဘူး။ တိုင်ခံရရင် ဖမ်းခံထိမှာhotel ဆိုတော့ လဲ အစစ်အဆေး အမြဲရှိနေတာ ၂၁၀၀  နဲ့ ရှိတဲ့ ငွေသားမဟုတ်တဲ့​ e-money နဲ့ ရောင်းလိမ့်မယ်bank တွေမှာလဲ e- money ပေါတယ်လေ နိုင်ငံခြား ငွေလွဲတွေ လက်ခံရတာမို့ e-money ပါ ပြတ်လပ်ရင်တော့ အဆင်မပြေတော့ဘူး''လို့ ဒေါ်လာအသုံးပြု၍ လုပ်ငန်းလည်ပတ်နေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကလည်း နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း နဲ့ ပတ်သက်ပြီး ရည်ညွန်းငွေလဲနူန်း ၀.၈ ၊ ၀.၅ ဘောင်အတွင်းကနေလုပ်ဆောင်ဖို့သတ်မှတ်ခဲ့တာမျိုး ရှိခဲ့ပေမဲ့
ပြင်ပပေါက်စျေး မြင့်တက်ပြီး မှောင်ခိုစျေးကွက်သာ အားကောင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ယခုတစ်ဖန်ကန့်သတ်ချက်ထုတ်ပြန်ရာမှာဗဟိုဘဏ် သတ်မှတ်ချက်ကို ကျော်လွန် ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမူ ဥပဒေ၊ စည်းမျဉ်းတွေအရ အရေးယူဆောင်ရွက်မယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဗဟိုဘဏ်က တဒေါ်လာကို ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပဒေါ်လာစျေးကွက်မှာတော့ တဒေါ်လာကို ၂၆၀၀ အထက်အထိရှိကာ ပြင်ပစျေးကွက်ကကြိုက်ရောင်းကြိုက်ဝယ်ဖြင့် အားကောင်းနေတယ်လို့ သိရပါတယ်။

5.4K Views

Related News

cover
တရားမ၀င်ဒေါ်လာအရောင်းအ၀ယ် ဂရုများကိုတရားစွဲဆိုမည်ဟု စစ်ကောင်စီဆို
Oct 18, 2022
cover
စစ်ကောင်စီက ဈေးပြိုင်တင်ဒါနဲ့ရောင်းချပေးတဲ့ ရွှေစင်တုံးနဲ့ရွှေစင်ခဲများ လေလံဆွဲ၊ ဝယ်ယူသူမရှိလို့လေလံပွဲပိတ်သိမ်းခဲ့ရ
Sep 29, 2022
cover
မြန်မာ့အခေါက်ရွှေစျေး တစ်ရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပြီး ရွှေကိုလေလံဖြင့်ရောင်းချ
Sep 28, 2022
cover
ရန်ကုန်တိုင်းတွင် ဓာတ်ဆီတစ်လီတာကျပ် ၂၁၅ဝနှင့် ငြိမ်သက်ခဲ့ပြီး ဆက်လက်ကျဆင်း
Sep 27, 2022
cover
Money Changer ကောင်တာငါးခုငွေလဲခွင့်ပိတ်သိမ်းခံရပြီး ပြင်ပဒေါ်လာဈေးထပ်မံကျဆင်းလာ
Sep 19, 2022
cover
စက်သုံးဆီဈေးမြင့်တက်မှုနဲ့ လျှပ်စစ်မီးမမှန်တာကြောင့် SME လုပ်ငန်းတွေ စတင် ရပ်နားလာ
Sep 6, 2022
cover
ရွှေဒင်္ဂါးပြားတကျပ်သား၂၉ သိန်းခွဲနဲ့စတင်ရောင်းချ YGEA သတ်မှတ်ဈေးနဲ့ ၉ သိန်းကျော်ကွာဟနေ
Sep 6, 2022
cover
တစ်ရှိန်ထိုးမြင့်တက်လာတဲ့ရွှေဈေးကိုထိန်းချုပ်ဖို့ ရွှေဒင်္ဂါးထုတ်ရောင်းမဲ့စစ်ကောင်စီအစီစဉ် ဈေးကွက်ထိန်းချုပ်မှု မအောင်မြင်နိုင်
Sep 2, 2022
cover
ဒေါ်လာနှင့်ရွှေဈေးအတက်အကျကြမ်းပြီးနောက် တစ်နေ့လုံးအရောင်းအဝယ်ရပ်ဆိုင်းနေခဲ့
Sep 1, 2022
cover
အလုပ်သမားတစ်ဦးရဲ့ တစ်ရက်လုပ်ခလစာနှုန်းထားဟာ တစ်ဒေါ်လာဝန်းကျင် သာရှိနေတာကြောင့် သင့်တင့်တဲ့လစာအဖြစ်တိုးမြှင့်ပေးဖို့လိုအပ်နေ
Sep 1, 2022



About Us

To uphold the rule of law needed to improve the social-economic life of the working class in Myanmar. To help the transition to democracy as media role in the workforce gender equity.

Contact Us

Download App

applegoogle