NEWS

အလုပ်သမားလေးရာကျော်ကို ဥပဒေမဲ့ အလုပ်ထုတ်ထားသည့် Honeys အထည်ချုပ်စက်ရုံ အသစ်ထပ်မံဖွင့်လှစ်ပါကကန့်ကွက်သွားမည်

CoverLogo
1.2K Views

English Below

မင်္ဂလာဒုံ ဇေကမ္ဘာ၀န်းအတွင်း၌  ဖွင့်လှစ်ထားတဲ့  Honeys အထည်ချုပ်စက်ရုံအနေနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ထားမှုကို ဖြေရှင်းမှုမရှိသေးတဲ့အတွက် တတိယမြောက်စက်ရုံအသစ်ထပ်မံဖွင့်လှစ်မည်ကို အထည်ချုပ်စက်ရုံ အသစ်ထပ်မံဖွင့်လှစ်ပါက ကန့်ကွက်သွားမယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဆိုပါတယ်။

“၂၀၂၁ခုနစ်က နော်ဝေဂျီယန်ပန်ရှယ်ဖန်းကဆိုရင်  သူတို့ဆီရှယ်ယာပါတယ်။ ပါတော့အန်တီတို့ကတိုင်ကြားတော့ WRC ကနေ စစ်ဆေးမှုတွေလုပ်တယ်။ ၂၀၂၁ဒီဇင်ဘာမှာ WRC ကနေရလာဒ်ကိုကြေညာချက်ထုတ်တယ်။ ဒီအလုပ်သမားလေးရာကျော်ရဲ့ နစ်နာမှုကိုဖြေရှင်းပေးဖို့။ သူတို့ကဒါကိုခုထိမဖြေရှင်းဘူး  နော်ဝေဂျီယန်ပန်ရှယ်ဖန်းကလည်း  မဖြေရှင်းလို့ဆိုပြီးရှယ်ယာပြန်ထုတ်သွားတယ်။ အဲ့လောက်ထိ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးကိုချိုးဖောက်ထားတဲ့စက်ရုံဖြစ်တယ်။ WRC ရဲ့ ရီပို့မှာလည်းအန်တီတို့က အလုပ်သမားတွေအပေါ် လုပ်အားခနဲ့ပတ်သက်ပြီး ဘယ်လိုခေါင်းပုံဖြတ်တာ။ အိုတီတွေဘယ်လိုဖြတ်တယ်ဆိုတာ အသေးစိတ်အကုန်ရေးထားတယ်။  အဲ့တာတွေကိုသိသိကြီးနဲ့  မြန်မာအစိုးရက အမေရီကန်ဒေါ်လာ ၁၁သန်း လက်ခံလိုက်တယ်ဆိုတာ ဒါကိုအန်တီတို့က တားမြစ်တာ။ မဖွင့်ရဘူး”လို့  အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက ဆိုပါတယ်။

Honeys အထည်ချုပ်စက်ရုံဟာ  ဇေကမ္ဘာ၀န်းအတွင်း၌ Honey1  Honey2 စက်ရုံနှစ်ရုံရှိရာမှာ  ၂၀၁၆ခုနှစ်မှာ  အလုပ်သမားသမဂ္ဂဖွဲ့စည်းခဲ့ခြင်းကြေင့် အကြောင်းရှာပြီး  Honey၁ က အလုပ်သမား၄၀၀ကျော်ကိုထုတ်ပြီး Honey ၂က အလုပ်သမား ၂၈ဦးကိုထုတ်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုထုတ်ပယ်လိုက်သော်လည်း   ခုံသမာဓိကောင်စီမှာ လျော်ကြေးပေးတာမရှိသလို လုပ်ငန်းခွင်ထဲပြန်၀င်လုပ်ကိုင်ရတာမျိုးလည်း မရှိခဲ့ဘူးလို့သိရပါတယ်။  

အလုပ်သမားလေးရာကျော်ရဲ့ အလုပ်ထုတ်နစ်နာခြင်းကို ယနေ့တိုင်ဖြေရှင်းမှုမရှိတဲ့အတွက် မြန်မာနိုင်ငံမှာ တတိယ မြောက်စက်ရုံကိုလာဖွင့်ခြင်းကို ကန့်ကွက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားလေးရာကျော် မိသားစုလေးရာကျော်ရဲ့ နစ်နာမှုကို နိုင်ငံတကာရဲ့ အဖွဲ့အစည်းပေါင်းစုံနဲ့ ခုထိတိုက်နေတုန်း တောင်းဆိုနေဆဲသာဖြစ်တယ်လို့လည်းသိရပါတယ်။  

ဂျပန် Human Right ကိုတောင်းဆိုတာလုပ်ထားခြင်းနဲ့  WRC၊ CCC၊ နဲ့ STUMတို့  သုံးဖွဲ့ပေါင်းတောင်းဆိုနေဆဲဖြစ်ပြီး တောင်းဆိုမှုအပေါ်မှာလည်း  သူတို့မသိပါဘူး။  မလုပ်ပါဘူးလို့ပဲ ပြောနေဆဲသာဖြစ်တယ်လို့ သိရပါတယ်။  

“အလုပ်ထုတ်လိုက်တဲ့နောက်မှာ အလုပ်သမားဆန္ဒပြပွဲကို အန်တီမျိုးကို  ဦးဆောင်လို့ ၆၆ဃ နဲ့ဆွဲတယ်။ တရားမနဲ့ဆွဲတယ်။ တရားမက မြန်မာငွေကျပ်သိန်း ပေါင်းနှစ်သောင်းနီးပါးကို သူတို့ကတောင်းတယ်။ အဲ့တော့ အန်တီထောင်ကျနေချိန်မှာ  ၆၆ဃ ကတော့ ရပ်သွားတယ်။ နောက်တော့ မအလကကြေညာတယ် အမှုတွေဘာညာမလုပ်ဘူး။  အဲ့တော့ တရားမတော့ကျန်ခဲ့တယ်။ တရားမက ခုထိရင်ဆိုင်နေရဆဲပဲ။ ဖွင့်လာရင်လည်း အန်တီတို့လုပ်နိုင်သလောက်တော့ တားရမှာပဲ”လို့ အဆိုပါ စက်ရုံအလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

အဆိုပါစက်ရုံအနေဖြင့် ၎င်းတို့ရဲ့Brandကို တစ်ခြားနိုင်ငံကိုမတင်ပို့ဘဲ  ဂျပန်နိုင်ငံက Honey စတိုးဆိုင်ကိုပဲရောင်းတာကြောင့်  ဂျပန်က စားသုံးသူတွေဆီရောက်ဖို့နဲ့  စားသုံးသူတွေဆီ တိုက်ရိုက်ပြောပေးနိုင်မဲ့သမဂ္ဂတွေရှိပါက ချိတ်ဆက်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါစက်ရုံဟာ Honeys 1, 2 ဖွင့်လှစ်ထားပြီး တတိယမြောက်စက်ရုံ Honeys 3 ကို အလုပ်သမား ၁၅၀၀ ၀န်းကျင်ဖြင့် ဖွင့်လှစ်ရန် အမေရိကန်ဒေါ်လာ ၁၁သန်းရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

MyanamrLabourNews
 

Honeys garment factory, which has fired more than 400 workers illegally, will be opposed if it opens a new factory.

Aug 6, 2022

As Honeys garment factory, which is located inside Zay Gabar compound in Mingalardon, has not yet resolved its violation of the labour rights, labour activists said they will oppose it if the factory opens a new one.

"Norwegian Pension Fund had their shares in the factory in 2021. So we complained about that and the Worker Rights Consortium (WRC) investigated. WRC released the announcement of the result in December, 2021. It demanded them to resolve the damages of more than 400 workers. But the factory still has not resolved it yet. Because of that, Norwegian Pension Fund took out their shares from the factory. To that extent, this factory has violated human rights and labour rights. In the WRC report, it is also written in detail about how they exploit the wages of the workers and how they cut Overtime(OT). Knowing all about that, Myanmar government accepted 11 million US dollars from them. So, we forbid this. The new factory must not be opened," said a labour activist.

Honeys garment factory has two factories, named Honey 1 and Honey 2, inside Zay Gabar compound. In 2016, they fired more than 400 workers from Honey 1 and 28 from Honey 2 just because workers organized the labour union in these factories. Even though they were dismissed like that, workers did not receive proper compensation in the settlement at the arbitration council, nor did they have to return to work.

It is reported that the opening of the third factory in Myanmar is opposed since the grievances of more than 400 workers have not yet been resolved. 

It is also known that the families of more than four hundred workers who were laid off are still fighting together with various international organizations to claim for their damages.

WRC, Clean Clothes Campaign(CCC) and Solidarity Trade Union Myanmar (STUM) requested Japanese Human Rights to resolve this case. It is reported that the factory is still denying it. They said they did not do that.

"After being fired, I was prosecuted with 66(d) for leading the labor protest. I was also prosecuted with a civil lawsuit. They demanded almost 2,000 millions MMK from me in that case. So when I was imprisoned, they dropped the case of 66(d). Then Min Aung Hlaing announced that they won't file any criminal lawsuit against us. But the civil lawsuit remains there and I'm still facing the case. However, if the new factory opens, we will have to do what we can to stop that from happening," said the factory labour activist.

The factory does not export its brand to other countries, but only sells it to Honey stores in Japan. It is also said that if there are unions that can speak directly to the consumers in Japan, they are going to join hands with them.

It is reported that this factory has already opened Honeys 1 and 2, and is now investing 11 millions US dollars to open Honeys 3 with 1,500 workers.

MyanamrLabourNews

(Thanks to Notes of Workers for translation)

Translate By Pai Cheimt
 


Related posts

Cover
အလုပ်ထွက်တဲ့ဝန်ထမ်းတွေ လစာအပြည့်မရဘဲ ဖြတ်တောက်ခံနေရ
Apr 25, 2024
Cover
အလုပ်ထွက်တဲ့အလုပ်သမားတွေ ဒေးကြေး ရက်မှန်ကြေး အချိန်ပိုကြေးနှင့် ကျွမ်းကျင်ကြေးတွေ ဖြတ်တောက်ခံနေရ
Apr 23, 2024
Cover
လုပ်ငန်းခွင်အတွင်းက အခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးရန် တိုင်ကြားထားဟုဆို
Apr 22, 2024
Cover
လုပ်ခ မလုံလောက်မှုကြောင့် အလုပ်သမားများ စားဝတ်နေရေး ပိုမိုခက်ခဲလာ
Apr 22, 2024
Cover
စစ်ကောင်စီတပ်သားအဖြစ် စစ်မှုထမ်းရန် လူငယ်များကို ဒုတိယအကြိမ်ထပ်မံမဲနှိုက်ခေါ်ယူနေ
Apr 22, 2024
Cover
အမျိုးသမီးများပါသွားရောက်လုပ်ကိုင်နိုင်မည့် ကိုရီးယား EPS-TOPIK စာမေးပွဲဧပြီ ၃၀ ရက် နေ့ဖြေဆိုရမည်
Apr 20, 2024
Cover
HOPE ONE CO,LTD စက်ရုံလုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက်အပါအဝင် အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို
Apr 19, 2024
Cover
လုပ်သားအင်အားရှားပါးမှုကြောင့် ကလေးလုပ်သား အသုံးပြုမှုပိုများလာ
Apr 15, 2024