NEWS

အော်ဒါနည်းသည့်အကြောင်းပြချက်ဖြင့် ကြိုတင်အသိပေးခြင်းမရှိဘဲ လိုင်းဖျက်သည့်ကိစ္စ ကျေနပ်မှုမရှိဟု အလုပ်သမားများပြော

CoverLogo
1.2K Views

စက်ရုံတွင်း အော်ဒါနည်းသည်ဟုဆိုတာ ၆ နှစ်ခန့် လုပ်ကိုင်ခဲ့သည့် စက်လိုင်း ၅ လိုင်း ကို အလုပ်သမားများအားကြိုတင်အသိပေးခြင်းမရှိဘဲ လိုင်းဖျက်ကာ အခြားလိုင်းများတွင် သွားရောက်လုပ်ကိုင်ရန် အတင်းအကြပ်စီမံနေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ Trinity Apparel စက်ရုံအလုပ်သမားတွေကပြောဆိုပါတယ်။

လှိုင်သာယာ စက်မှုဇုန် ၄ ဦးတရုတ်ကြီးလမ်းမှာဖွင့်လှစ်ထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားပိုင် အဆိုပါစက်ရုံမှာ 7J1 ကိုယ်ပိုင်အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်ပြီး လုပ်သားအင်အား ၅၀၀ ဝန်းကျင်ခန့်နဲ့ အလုပ်လုပ်ကိုင်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ WCC နှင့် အလုပ်သမားသမဂ္ဂအဖွဲ့ရှိပြီး ဇူလိုင် ၃၁ ရက်က စက်ရုံဘက်ကနေ အော်ဒါအပြည့်အဝမရရှိဟု ဆိုကာလုပ်သက် ၆ နှစ်နီးပါးရှိ  စက်လိုင်း ၁၊ ၂၊ ၃၊ ၄၊ ၅ တို့ကို ကြိုတင်အသိပေးခြင်းမရှိဘဲ လိုင်းဖျက်ကာ အခြားလိုင်းများသို့ သွားရောက် လုပ်ကိုင်စေ ခဲ့တဲ့အတွက် အခက်အခဲတွေဖြစ်ပေါ်ခဲ့တယ်လို့ ယင်းစက်ရုံအလုပ်သမားတွေက ပြောပါတယ်။

စက်ရုံဘက်မှ(WCC)ကိုကြိုတင်ဆွေးနွေးခြင်းမရှိ၊အလုပ်သမားများလည်းကြိုတင်ပြောကြားခြင်းမရှိဘဲ စက်လိုင်းထဲသို့နိုင်ငံခြားသား production မန်နေဂျာနှင့်စက်ရုံမန်နေဂျာဒေါ်ဆွမ်ဆန်ညောင်တို့မှစက်လိုင်းထဲ၀င်လာပြီး operator နှင့် Helper တို့ကိုသူကဘယ်လိုင်းသွားသူကဘယ်လိုင်းသွားဟုရုတ်တရက်လူခွဲပြီး လိုင်းများကိုဖျက် ကာ ၎င်းဖျက်ခံရသောလိုင်းကအလုပ်သမားများသည်သမဂ္ဂအဖွဲ့ဝင်များလိုင်းများ ဖြစ်သည့်အတွက်အလုပ်ရှင်မှရည်ရွယ်ချက်ရှိရှိဖြစ်လုပ်သည်ဟုယုံကြည်ရတယ် လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

“လိုအပ်ချက်အရ လိုင်းချိန်းတယ်ဆိုရင် ကြိုတင်ဆွေးနွေးညှိနှိုင်းပြီး အလုပ်သမားတွေရဲ့ သဘောဆန္ဒ ကို ခံယူပြီးမှ လိုင်းချိန်းလို့သိထားတာ။  ခုက သမဂ္ဂရော WCC ရော ရှိရဲ့သားရဲ့ လိုင်းတွေကို အော်ဒါနည်းတဲ့အကြောင်းပြချက်နဲ့ ဖျက်ပစ်လိုက်တာ အပေါ်ထပ်မှာရှိတဲ့လိုင်းတွေနဲ့ လည်းပေါင်းပြီးလုပ်ခိုင်းတာက WCC ရော သမဂ္ဂရောကို အသိအမှတ် မပြုတာ ဒါက ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်လို့ ယူဆရတယ်” လို့ စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။

"လုပ်ငန်းလိုအပ်ရင်နှစ်လိုင်းတစ်လိုင်းပေါင်းချုပ်ပါ၊ အပေါ်ထပ် လိုင်းက၀န်ထမ်းတွေကိုသူလိုင်းနဲ့သူမဖျက်ပဲအောက်လိုင်းလိုအပ်တာနဲ့ပေါင်းပါ စူပါတွေကိုလည်သူလိုင်း နဲ့သူအတူပေါင်းပြီးအုပ်ချုပ်ခိုင်းလည်းအဆင်ပြေပါတယ်၊ လိုင်း2လိုင်း1လိုင်းပေါင်ချုပ်ခိုင်းရင်အဆင်ပြေ အောင်ဆွေးနွေးလည်း လုပ်ငန်းရှင်က လက်မခံဘဲ သက်မှတ်သွားခိုင်းထားတဲ့ လိုင်းကိုသွားပါ စက်ရုံမှပို့သည့်လိုင်းကိုသွား(1)နာရီမသွားရင်(1)နာရီစာဖြတ်မယ်လို့ ပြောတယ်" လို့ ယင်းစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယင်းကဲ့သို့ စက်လိုင်းဖျက်သည့် ကိစ္စရပ်နှင့်ပတ်သက်ပြီး WCC မှ ညှိနှိုင်းသော်လည်း အလုပ်ရှင်ဘက်မှ  ချထားပေးသည့် လုပ်ငန်းကို မလုပ်ဆောင်လို့ မရဘူး အလုပ်သမားရုံးသို့လဲ အကြောင်းကြားထားတယ်လို့ဆိုပါတယ်။

Myanmar Labour News


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026