NEWS

မလေးရှားတွင်ယခုနှစ်အော်ပရာစီ စီမံချက်ဖြင့် ဖမ်းဆီးမှုစတင်နေ၊ ယခုနှစ်တွင် မလေးရှားသို့ မြန်မာလုပ်သား တရားမဝင် ဝင်ရောက်မှုပိုများလာ

CoverLogo
1.8K Views

မလေးရှားနိူင်ငံရှိ JIMWPKL ထိန်းသိမ်းရေးဌာနခွဲက  တရားမဝင်နိုင်ငံခြားသား လိုက်လံရှာဖွေဖမ်းဆီးခြင်း အော်ပရာစီ စီမံချက်ကို စတင်ဆောင်ရွက်နေပြီလို့  မလေးရှားနိုင်ငံရောက်  မြန်မာအလုပ်သမားအရေးကူညီ ဆောင်ရွက်သူများထံမှ  သိရပါတယ်။  

"အော်ပရာစီဖမ်းနေတာကကြာပါပြီ။ ဇူလိုင်၃၀ရက်ကစပြီး  စီမံချက်နဲ့ဖမ်းနေတယ်ဆိုတာဟုတ်တယ်။ ခုရက်ပိုင်း မှာ  မြန်မာတွေတရားမ၀င်၀င်တာလည်း ပိုများလာတယ်။ ဟုတ်တယ်။ ထိုင်းဘက်ကနေ၀င်လာတာတွေလည်းဖမ်းနေတယ်။ ဒီမှာနေနေတဲ့လူလည်းဖမ်းတယ်။ စီမံချက်ကတော့ခုနှစ်ကုန်အထိ။ ဖမ်းတာကလည်း နေရာစုံကို ဖမ်းတယ်"လို့ မလေးရှားရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်နေသူတစ်ဦးက Myanmar Labour News သို့ပြောပါတယ်။

မလေးရှားနိုင်ငံအအတွင်းသို့ မြန်မာလုပ်သားများနေရာစုံမှာနေထိုင်နေကြသော်လည်း  ဂျိုဟိုးနဲ့ပီနန်းကတော့ မြန်မာလုပ်သားအများဆုံးနေရာဖြစ်တယ်လို့ဆိုပါတယ်။   အဆိုပါအော်ပရာစီစီမံချက်က်ို ဇူလိုင် ၃၀ ရက်က  စတင်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေး ရလဒ်အရ မလေးရှားနိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေကို  စစ်ဆေးမှုတွေပြုလုပ်ကာ ပြစ်မှုကျူးလွန်သူများကို  လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဲဒီလိုဖမ်းဆီးမှုစစ်ဆင်ရေးကို ပတ်ဝန်းကျင်ကအသိပေးတိုင်ကြားမှုတွေကြောင့် ဇူလိုင်၃၀ရက်ကစတင် လုပ်ဆောင်တာဖြစ်ပြီး ယခုနှစ်ကုန်အထိဆောင်ရွက်မှာ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

မလေးရှားနိုင်ငံအတွင်းကို တရားမဝင်ဝင်ရောက်လာတဲ့မြန်မာအလုပ်သမားများဟာယခုနှစ်မှာပိုမိုများပြားလာပြီး ဖမ်းဆီးခံသူသုံးထောင်ကျော်လေးထောင်ခန့်ရှိတယ်လို့လည်း သိရပါတယ်။

မလေးရှားအစိုးရအနေဖြင့်လည်း ဖမ်းဆီးခံရသူများကို ထောင်ဒဏ်သုံးလမှခြောက်လအထိ ပြစ်မှုကျူးလွန်ခြင်းအလိုက် ချမှတ်ကာ ပစ်ဒဏ်ချ ပြီး လွတ်မြောက်ပါက မလေးရှားကမ့်များ၌ နေစေပြီး ​မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ပေးနေ​တယ်လို့ သိရပါတယ်။MyanmarLabourNews
 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026