NEWS

အာဏာသိမ်း ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေမတရားဖမ်းဆီးခံရတာဟာ ယခုရက်ပိုင်းအတွင်းပိုမိုမြင့်တက်လာ

CoverLogo
960 Views

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းယူ့ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူလူလုထုအပေါ် မတရားဖမ်းဆီးခြင်းကိုစဉ်ဆက်မပြတ်လုပ်ဆောင်နေရာမှ  ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုတွေ ပိုမိုမြင့်တက်လာတယ်လို့  နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

"ကျဆုံးသူရောဖမ်းဆီးခံရသူရော အိမ်ခြေပျက်ဆီးဆုံးမှုတွေရောဆိုတာက နေ့စဉ်တိုးနေတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ဖမ်းဆီးခံရတဲ့သူကပိုများလာတယ်လို့ပြောလို့ရတယ်။ အရင်ကတော့စရင်းတွေအရ တစ်နေ့ကိုငါးယောက်ခြောက်ယောက်တိုးလာတာ။ ခုရက်ပိုင်းမှာတစ်နေ့ကို ဆယ်ယောက် ဆယ်ယောက်ကျော် အဲလိုတိုးလာနေတာ"လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်နေကြတဲ့ ပြည်သူလူထုဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုတွေကို  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPအနေဖြင့်နေ့စဉ်မှတ်တမ်းများဖော်ပြနေတဲ့စာရင်းတွေအရ ဇူလိုင်၂၈ ရက်နေ့မှစ၍ သြဂုတ်၁ရက်နေ့အထိနေ့စဉ်ဖမ်းဆီးခံရမှုဆယ်ယောက်ကျော်မြင့်တက်တာကို တွေ့ရခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူများသာမက  သတ်ဖြတ်ခံရသူနဲ့  အိုးအိမ်ပျက်ဆီးဆုံးရှုံးမှုတွေကလည်း ပိုတိုးလာနေတယ်လို့သိရပါတယ်။ ဒီစာရင်းတွေက ၎င်းတို့လက်လှမ်းမီသလောက်စုစောင်းရရှိထားတဲ့စာရင်းများသာဖြစ်ပြီး မမြင်ရမကြားရတဲ့ မသိလိုက်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိနိုင်တာကြောင့် လက်ရှိစာရင်းတွေထက် ပိုနိုင်တယ်လို့လည်းသိရပါတယ်။

၎င်းတို့ရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်၂ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၅၉) ဦးရှိပြီး (၁၃၆၄) ဦး မွာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ကျဆုံးသူစုစုပေါင်း ၂၁၄၁ ဦးရှိလာပြီလို့သိရပါတယ်။

ဒါ့အပြင်  စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူ နွေဦးတော်လှန်ရေးပါ၀င်သူတွေ CDM သမားတွေနဲ့ Supporting လုပ်ဆောင်သူတွေရဲ့ စစ်ကောင်စီရဲ့မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း၇၀၉ လုံးရှိလာပြီ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026