NEWS

အာဏာသိမ်း ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေမတရားဖမ်းဆီးခံရတာဟာ ယခုရက်ပိုင်းအတွင်းပိုမိုမြင့်တက်လာ

CoverLogo
905 Views

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာသိမ်းယူ့ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူလူလုထုအပေါ် မတရားဖမ်းဆီးခြင်းကိုစဉ်ဆက်မပြတ်လုပ်ဆောင်နေရာမှ  ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှုတွေ ပိုမိုမြင့်တက်လာတယ်လို့  နိုင်ငံအရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

"ကျဆုံးသူရောဖမ်းဆီးခံရသူရော အိမ်ခြေပျက်ဆီးဆုံးမှုတွေရောဆိုတာက နေ့စဉ်တိုးနေတာပေါ့။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ဖမ်းဆီးခံရတဲ့သူကပိုများလာတယ်လို့ပြောလို့ရတယ်။ အရင်ကတော့စရင်းတွေအရ တစ်နေ့ကိုငါးယောက်ခြောက်ယောက်တိုးလာတာ။ ခုရက်ပိုင်းမှာတစ်နေ့ကို ဆယ်ယောက် ဆယ်ယောက်ကျော် အဲလိုတိုးလာနေတာ"လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်နေကြတဲ့ ပြည်သူလူထုဖမ်းဆီးခံရမှု သတ်ဖြတ်ခံရမှုတွေကို  နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPအနေဖြင့်နေ့စဉ်မှတ်တမ်းများဖော်ပြနေတဲ့စာရင်းတွေအရ ဇူလိုင်၂၈ ရက်နေ့မှစ၍ သြဂုတ်၁ရက်နေ့အထိနေ့စဉ်ဖမ်းဆီးခံရမှုဆယ်ယောက်ကျော်မြင့်တက်တာကို တွေ့ရခြင်းပဲဖြစ်ပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူများသာမက  သတ်ဖြတ်ခံရသူနဲ့  အိုးအိမ်ပျက်ဆီးဆုံးရှုံးမှုတွေကလည်း ပိုတိုးလာနေတယ်လို့သိရပါတယ်။ ဒီစာရင်းတွေက ၎င်းတို့လက်လှမ်းမီသလောက်စုစောင်းရရှိထားတဲ့စာရင်းများသာဖြစ်ပြီး မမြင်ရမကြားရတဲ့ မသိလိုက်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်းရှိနိုင်တာကြောင့် လက်ရှိစာရင်းတွေထက် ပိုနိုင်တယ်လို့လည်းသိရပါတယ်။

၎င်းတို့ရဲ့ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် သြဂုတ်၂ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၁၈၅၉) ဦးရှိပြီး (၁၃၆၄) ဦး မွာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကာ ကျဆုံးသူစုစုပေါင်း ၂၁၄၁ ဦးရှိလာပြီလို့သိရပါတယ်။

ဒါ့အပြင်  စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့သူ နွေဦးတော်လှန်ရေးပါ၀င်သူတွေ CDM သမားတွေနဲ့ Supporting လုပ်ဆောင်သူတွေရဲ့ စစ်ကောင်စီရဲ့မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦး အရေအတွက် စုစုပေါင်း၇၀၉ လုံးရှိလာပြီ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်။

MyanmarLabourNews
 


Related posts

Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026
Cover
မြို့နယ် လ၀က ရုံးများ တွင် ရုံးပိတ်ရက်မရှိ မှတ်ပုံတင် ပြုလုပ်ပေးနေတယ်လို့ စစ်ကော်မရှင် ကြေညာ
Jan 08, 2026