NEWS

လိုင်းစူပါနဲ့စကားများရာမှ အကိုက်ခံရတဲ့အလုပ် သမ အလုပ်ထုတ်ခံရ၊ လိုင်းစူပါ ရာထူးတက်သွား ဟုဆို

CoverLogo
3.9K Views

လုပ်ငန်းခွင်အတွင်း လိုင်းစူပါတဦးနဲ့အချင်းများပြီးကိုယ်ထိလက်ရောက်အကိုက်ခံလိုက်ရတဲ့အလုပ်သမတဦးကို HR မှအလုပ်ကထုတ်ပစ်ပြီး အဆိုပါကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့လိုင်းစူပါကို အောစူပါအဖြစ်ရာထူးတိုးပေးလိုက်တဲ့ဖြစ်စဥ်တခု GTIG EASTAR Garment Myanmar Co. Ltd အထည်ချုပ်စက်ရုံမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါစက်ရုံဟာရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ဝါးတရာစက်မှု့ဇုန်မှာလုပ်သားဦးရေထောင်ဂဏန်းနဲ့အထည်ချုပ်လုပ်ငန်းလုပ်ကိုင်နေတဲ့စက်ရုံဖြစ်ပြီးတရုတ်လူမျိုးပိုင်ဆိုင်တာပါ။

"ကျွန်တော်တို့စက်ရုံမှာ အပေါ်ထက် အောက်ထက်ရှိပါတယ်၊ အပေါ်ထက်က Line  33 ၊ Super ဆိုရင်သူလိုင်းက ကောင်မလေးနဲ့စကားများရာကနေ ကိုက်ဆွဲလိုက်တာကို HR ကသိတော့ နှစ်ယောက်လုံးကိုခေါ်ပီး အကိုက်ခံရတဲ့ ကောင်မလေးကို အလုပ်ထုပ်ပစ်လိုက်ပါတယ်။ အဲ့ Super ကစက်ရုံကဝန်ထမ်းကောင်မလေး အလုပ်ထွက်သွားတာကို ကောင်မလေးကိုယ်စားသူက လစာကို ယူပါတယ်။

စက်ရုံကသိတော့ အလုပ်ထုတ်ပစ်လိုက်တာကို တစ်ရုတ်မက သူ့လက်မှတ်ထိုးပေးပီး super နေရာကနေ All Super နေရာကိုတင်လိုက်ပါတယ်။ အောက်ထက် AllSuper က သူ့လိုင်းသားနဲ့ စကားများလို့ HR ကနေ ကောင်မလေးကိုပဲ အလုပ်ခေါ်ထုပ်လိုက်ပါတယ်ခင်ဗျာ ကျွန်တော့ တို့ ဝန်ထမ်းတွေ တဖြေးဖြေး အလုပ်ထုပ်ခံနေရတာ HR ဒုမန်နေဂျာ ကြောင့်ဖြစ်ရတာပါ ကျွန်တော်တို့ ဝန်ထမ်းတွေမှာ အကူညီ မဲ့ဖြစ်နေကြရပါတယ်"လို့နစ်နာခဲ့သူအလုပ်သမားနဲ့နီးစပ်သူတဦးက Myanmar Labour News ကိုပြောပါတယ်။

ယခုလက်ရှိစက်ရုံမှ HR ဒုမန်နေဂျာဆိုသူမြန်မာအမျိုးသမီးမှ ဝန်ထမ်းတွေကို စည်းကမ်းတွေအရမ်းတင်းကျပ်နေတဲ့အပြင် စကားပြောဆိုရာမှာလည်းအော်ဟောက် ခြိမ်းခြောက်ပြောဆိုပြီးတော့ ဝန်ထမ်းတွေကို အပြစ်ဖြစ်တာနဲ့ ဝမ်တိမ်ခေါ်ထိုးခိုင်းတဲ့အထိပါပြုလုပ်နေတယ်လို့ အလုပ်သမားတွေပြောပါတယ်။

"စက်ရုံမှာ သမဂ္ဂရှိတယ် ဒီနေ့သမဂ္ဂက Live လွှင့်တယ် အလုပ်သမားဥပဒေတွေမေးခွန်းမေးရင် ဖုန်း ဘေမဲဖောက်တာ အခြားသူတွေမြင်ရင်တော့ အဲ့စက်ရုံတွေမှာ အလုပ်သမားအခွင့်ရေးတွေကောင်းနေသလိုပေါ့ တစ်ဖက်မှာတော့အဲ့လို့ဖြစ်မနေဘူး"လို့အလုပ်သမားတဦးကဆက်ပြောပါတယ်။

အဆိုပါစက်ရုံမှာတရုတ်လူမျိုးပိုင်စက်ရုံတခုဖြစ်ပြီးTESCO Brand သား​ရေ အနွေးထည်တွေအပါအဝင် OVS, KIABI, C&A, TESCO, ZARA, House ၊ F&F Brand စတဲ့ အမှတ်တံဆိပ်တွေကိုလဲချုပ်လုပ်ပြီး နိုင်ငံခြားကိုတင်ပို့နေတဲ့ကုမ္ပဏီတခုဖြစ်တယ်လို့သိရပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026